iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္လည္း အဝတ္အစားေကာင္းေကာင္းဝယ္တာပဲ။ ေသေသခ်ာခ်ာ ေရြးၿပီးဝတ္တာပဲ။ ဒါေပမဲ့ ဟိုတစ္ေယာက္လုိ မလွဘူး။ ဟိုတစ္ေယာက္က်ျပန္ေတာ့လည္း ေစ်းမႀကီးတာေတြ ဝတ္တာေတာင္မွ လွေနျပန္ေရာ။ ကိုယ္မ်ား ဘာေတြမွားေနလို႔ ဖက္ရွင္မက်ရတာလဲဆုိတာ မၾကာခဏေတြးမိေနလား။ အေျဖကေတာ့ ရွင္းပါတယ္။ ဖက္ရွင္က်က် ဝတ္စားတတ္သူေတြရဲ႕ အက်င့္ေတြ ကိုယ့္ဆီမွာ မရွိလို႔ပါပဲ။ ဒါေလးေတြကို အတုယူပါေနာ္။

၁။ အဝတ္အစားေတြ ေသခ်ာသိမ္းတယ္

လိုအပ္တဲ့အခ်ိန္မွာ အဆင္သင့္ဝတ္ႏိုင္ေအာင္လို႔ အဝတ္အစားနဲ႔ အသံုးအေဆာင္ေတြကို ေသေသခ်ာခ်ာ သိမ္းထားတယ္။ စကတ္ေတြ႔ၿပီး တြဲဝတ္ရမယ့္အက်ႌကို ႐ွာမရလို႔ ေတြ႔ရာေကာက္ဝတ္လိုက္ရတာမ်ိဳး အျဖစ္မခံဘူး။ အလုပ္ကိုဝတ္တဲ့ဝတ္စံုနဲ႔ အျပင္ထြက္ရင္ဝတ္တဲ့ ဝတ္စံုကိုလည္း သပ္သပ္စီခြဲထားတယ္။

၂။ ရာသီဥတုကို႐ႈိး

အျပင္မွာ ေနက ျခစ္ျခစ္ေတာက္ပူေနတယ္။ ဒါကိုမသိဘဲနဲ႔ လက္႐ွည္နဲ႔ ေဘာင္းဘီ႐ွည္ေတြ ထူထူထဲထဲေတြ ဝတ္မိရင္ ဂြမ္းၿပီေလ။ အဝတ္အစား မေ႐ြးခင္ ရာသီဥတုကို အရင္ဆံုးၾကည့္ၿပီးမွ လိုက္ဖက္တာကိုေရြးတယ္။

၃။ အဝတ္အစားႀကိဳစဥ္းစားတယ္

ပြဲတက္စရာ႐ွိတယ္ဆုိလည္း ဘာဝတ္ရမလည္းဆုိတာ ေခါင္းထဲမွာ ႀကိဳစဥ္းစားထားတယ္။ ဘီ႐ိုကိုဖြင့္ၿပီး ဘာဝတ္ရမွန္းမသိျဖစ္ေနရင္း အခ်ိန္မကုန္ေတာ့ဘူးေပါ့။ အနားနီးမွ အဝတ္အစားေရြးတာက အလုပ္မျဖစ္ပါဘူး။

၄။ ျပင္ဆင္ခ်ိန္သတ္မွတ္တယ္

ေရခ်ိဳးခ်ိန္ကေန အားလံုးၿပီးစီးသြားေအာင္ထိ ျပင္ဆင္ခ်ိန္က ဘယ္ေလာက္ၾကာလဲ? နာရီဝက္လား၊ တစ္နာရီလား? ကိုယ္လိုအပ္တဲ့အခ်ိန္ကို ေသေသခ်ာခ်ာေပးၿပီး သပ္သပ္ရပ္ရပ္ျပင္ဆင္တယ္။ ဥပမာ အိမ္ကေန ၇ နာရီထြက္ရမယ္၊ ကိုယ့္ျပင္ဆင္ခ်ိန္က ၁ နာရီၾကာတယ္ဆို ၆ နာရီထိုးတည္းက စၿပီး ျပင္ဆင္ေနၿပီ။

၅။ ေပါင္းစပ္ဖက္႐ွင္

ဖက္႐ွင္က်က် ျပင္ဆင္သူေတြကို ၾကည့္လိုက္ရင္ ေခါင္းအစေျခအဆံုး ေစ်းႀကီးတဲ့ Brand ေတြကိုခ်ည္း ဝတ္ဆင္ထားတာ မရွိပါဘူး။ ေစ်းႀကီးတာနဲ႔ ေစ်းမႀကီးတာကို ေပါင္းစပ္ဆင္ျမန္းတတ္ၾကပါတယ္။

၆။ ခႏၶာကိုယ္နဲ႔ေတာ္တဲ့အဝတ္ကိုပဲဝတ္တယ္

က်ပ္လြန္း၊ ေခ်ာင္လြန္းတာေတြ မဝတ္ၾကဘူး။ ဒီဇိုင္းကိုက ခပ္ပြပြဝတ္ရတာမုိ႔လို႔ အပြဝတ္တာမ်ိဳးပဲရွိတယ္။ ကိုယ္နဲ႔မေတာ္တာကိုဝတ္ၿပီး ႐ႈိးပဲ့ခံမယ့္လူေတြမဟုတ္ဘူး။

၇။ အတြင္းခံ

လူေတြက အေပၚယံအဝတ္အစားကိုပဲ ဂ႐ုစိုက္ၾကေပမဲ့ အတြင္းခံကိုေတာ့ ျဖစ္သလိုေရြးတတ္ၾကတယ္။ အတြင္းခံေကာင္းေကာင္းဝတ္မွ ကိုယ္ခႏၶာအလွအပ ပိုၿပီးေပၚလြင္မွာေနာ္။ ဘရာေတြဆုိလည္း ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတာမ်ိဳး၊ ႀကိဳးေခ်ာင္ေနတာမ်ိဳးေတြ မဝတ္ၾကပါဘူး။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်လည်း အဝတ်အစားကောင်းကောင်းဝယ်တာပဲ။ သေသေချာချာ ရွေးပြီးဝတ်တာပဲ။ ဒါပေမဲ့ ဟိုတစ်ယောက်လို မလှဘူး။ ဟိုတစ်ယောက်ကျပြန်တော့လည်း ဈေးမကြီးတာတွေ ဝတ်တာတောင်မှ လှနေပြန်ရော။ ကိုယ်များ ဘာတွေမှားနေလို့ ဖက်ရှင်မကျရတာလဲဆိုတာ မကြာခဏတွေးမိနေလား။ အဖြေကတော့ ရှင်းပါတယ်။ ဖက်ရှင်ကျကျ ဝတ်စားတတ်သူတွေရဲ့ အကျင့်တွေ ကိုယ့်ဆီမှာ မရှိလို့ပါပဲ။ ဒါလေးတွေကို အတုယူပါနော်။

၁။ အဝတ်အစားတွေ သေချာသိမ်းတယ်

လိုအပ်တဲ့အချိန်မှာ အဆင်သင့်ဝတ်နိုင်အောင်လို့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို သေသေချာချာ သိမ်းထားတယ်။ စကတ်တွေ့ပြီး တွဲဝတ်ရမယ့်အကျႌကို ရှာမရလို့ တွေ့ရာကောက်ဝတ်လိုက်ရတာမျိုး အဖြစ်မခံဘူး။ အလုပ်ကိုဝတ်တဲ့ဝတ်စုံနဲ့ အပြင်ထွက်ရင်ဝတ်တဲ့ ဝတ်စုံကိုလည်း သပ်သပ်စီခွဲထားတယ်။

၂။ ရာသီဥတုကိုရှိုး

အပြင်မှာ နေက ခြစ်ခြစ်တောက်ပူနေတယ်။ ဒါကိုမသိဘဲနဲ့ လက်ရှည်နဲ့ ဘောင်းဘီရှည်တွေ ထူထူထဲထဲတွေ ဝတ်မိရင် ဂွမ်းပြီလေ။ အဝတ်အစား မရွေးခင် ရာသီဥတုကို အရင်ဆုံးကြည့်ပြီးမှ လိုက်ဖက်တာကိုရွေးတယ်။

၃။ အဝတ်အစားကြိုစဉ်းစားတယ်

ပွဲတက်စရာရှိတယ်ဆိုလည်း ဘာဝတ်ရမလည်းဆိုတာ ခေါင်းထဲမှာ ကြိုစဉ်းစားထားတယ်။ ဘီရိုကိုဖွင့်ပြီး ဘာဝတ်ရမှန်းမသိဖြစ်နေရင်း အချိန်မကုန်တော့ဘူးပေါ့။ အနားနီးမှ အဝတ်အစားရွေးတာက အလုပ်မဖြစ်ပါဘူး။

၄။ ပြင်ဆင်ချိန်သတ်မှတ်တယ်

ရေချိုးချိန်ကနေ အားလုံးပြီးစီးသွားအောင်ထိ ပြင်ဆင်ချိန်က ဘယ်လောက်ကြာလဲ? နာရီဝက်လား၊ တစ်နာရီလား? ကိုယ်လိုအပ်တဲ့အချိန်ကို သေသေချာချာပေးပြီး သပ်သပ်ရပ်ရပ်ပြင်ဆင်တယ်။ ဥပမာ အိမ်ကနေ ၇ နာရီထွက်ရမယ်၊ ကိုယ့်ပြင်ဆင်ချိန်က ၁ နာရီကြာတယ်ဆို ၆ နာရီထိုးတည်းက စပြီး ပြင်ဆင်နေပြီ။

၅။ ပေါင်းစပ်ဖက်ရှင်

ဖက်ရှင်ကျကျ ပြင်ဆင်သူတွေကို ကြည့်လိုက်ရင် ခေါင်းအစခြေအဆုံး ဈေးကြီးတဲ့ Brand တွေကိုချည်း ဝတ်ဆင်ထားတာ မရှိပါဘူး။ ဈေးကြီးတာနဲ့ ဈေးမကြီးတာကို ပေါင်းစပ်ဆင်မြန်းတတ်ကြပါတယ်။

၆။ ခန္ဓာကိုယ်နဲ့တော်တဲ့အဝတ်ကိုပဲဝတ်တယ်

ကျပ်လွန်း၊ ချောင်လွန်းတာတွေ မဝတ်ကြဘူး။ ဒီဇိုင်းကိုက ခပ်ပွပွဝတ်ရတာမို့လို့ အပွဝတ်တာမျိုးပဲရှိတယ်။ ကိုယ်နဲ့မတော်တာကိုဝတ်ပြီး ရှိုးပဲ့ခံမယ့်လူတွေမဟုတ်ဘူး။

၇။ အတွင်းခံ

လူတွေက အပေါ်ယံအဝတ်အစားကိုပဲ ဂရုစိုက်ကြပေမဲ့ အတွင်းခံကိုတော့ ဖြစ်သလိုရွေးတတ်ကြတယ်။ အတွင်းခံကောင်းကောင်းဝတ်မှ ကိုယ်ခန္ဓာအလှအပ ပိုပြီးပေါ်လွင်မှာနော်။ ဘရာတွေဆိုလည်း လျော့တိလျော့ရဲဖြစ်နေတာမျိုး၊ ကြိုးချောင်နေတာမျိုးတွေ မဝတ်ကြပါဘူး။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top