iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာၿပည္တြင္ မက ကမၻာတစ္ဝန္းလုံးတြင္ ဟင္းခ်က္ၿပဳတ္၌ အသုံးၿပဳေသာ ႀကက္သြန္ၿဖဴသည္ ေဆးဖက္ဝင္ အာနိသင္မ်ားၿဖင့္ ၿပည့္စုံလွေႀကာင္း ၊ ႀကက္သြန္ၿဖဴကုိ တစ္ေန ့တစ္လုံးစားသုံးေပးပါက ဗီတာမင္ေအ ၊ ဘီ ႏွင့္ စီ ၿပည့္ဝစြာရရွိမည္သာမက သတၱဳဓာတ္အမ်ဳိးမ်ဳိးကုိ ခႏၶာကုိယ္အတြက္ ေထာက္ပံ့ေပးႏုိင္မည္ ၿဖစ္သည္ ။

ၿမန္မာလူမ်ဳိးမ်ားတြင္ ႀကက္သြန္ၿဖဴကုိ ဟင္းခ်က္ရာတြင္ ထည့္သုံးၿခင္းအၿပင္ လက္ဖက္သုပ္တြင္လည္း မၿဖစ္မေနပါဝင္သည္ကုိေတြ ့ရွိရပါသည္ ။ လက္ဖက္၏ အက်ဴိးႏွင့္ အတူ ႀကက္သြန္ၿဖဴပါ တြဲဖက္ စားသုံးေနႀကပါသည္ ။

ႀကက္သြန္ၿဖဴတြင္ ဥပဒ္ၿဖစ္ေစႏုိင္ေသာ ဓာတ္ပစၥည္းမ်ားကုိ ဖယ္ရွားေပးနုိင္ၿပီး ေရာဂါ ဘယမ်ားၿဖစ္ပြားၿခင္းမွ ကာကြယ္ေပးႏုိင္ေႀကာင့္ အေမရိကန္ႏုိင္ငံ ခ်ာပယ္ဟီးလ္ၿမဳိ ့ရွိ ေၿမာက္ကာရုိလုိင္းနား တကၠသုိလ္မွ သုေတသီမ်ား၏ ေလ့လာခ်က္တြင္ ေဖာ္ၿပခဲ့ပါသည္ ။

ႀကက္သြန္ၿဖဴတြင္ ဆယ္လင္နီယမ္ သတၱဳဓာတ္တုိ ့ပါဝင္ေႀကာင္း ၊ ႀကက္သြန္ၿဖဴကုိ ေန ့စဥ္စားသုံးေပးၿခင္းၿဖင့္ အူမႀကီး ကင္ဆာ ၿဖစ္ပြားႏုိင္မွဳ ၁၀ ရာခုိင္ႏွဳန္း မွ ၅၀ ရာခုိင္ႏွဳန္းအထိ ေလွ်ာ့ခ်ေပးႏုိင္ေႀကာင္း ႀကက္သြန္ၿဖဴကုိ ပုံမွန္စားသုံးသူမ်ားသည္ အစာအိမ္ကင္ဆာေဘးအႏၱရာယ္မွ ကာကြယ္နုိင္သည့္ အၿပင္ ႏွလုံးေသြးေႀကာဆုိင္ရာ စနစ္ ေကာင္းမြန္ေႀကာင္း ေလ ့လာေတြ ့ရွိခ်က္တြင္ ေဖာ္ၿပသည္ ။

ႀကက္သြန္ၿဖဴသည္ ေသြးတြင္းရွိ အဆီဓာတ္ ( ကုိလက္စထေရာ ) ကုိ ေလွ်ာ့ခ်ေပးနို္င္ၿပီး ေသြးဖိအားကုိ ပုံမွန္ၿဖစ္ေစေႀကာင္း သိရသည္ ။

ႀကက္သြန္ၿဖဴ၏ အာနိသင္ႏွင့္ ပတ္သက္၍ မႀကာေသးမိက စမ္းသပ္မွဳ တခုၿပဳလုပ္ခဲ့ရာတြင္ ႀကက္သြန္ၿဖဴကုိ ေန ့စဥ္ ပုံမွန္စားသုံးသူမ်ား အေနၿဖင့္ အေအးမိေရာဂါ ၊ တုပ္ေကြးေရာဂါ ႏွင့္ ကပ္ပါးပုိးဆုိင္ရာေရာဂါမ်ားၿဖစ္ပြားၿခင္းမွ ကာကြယ္ႏုိင္ေႀကာင္း တင္ၿပအပ္ပါသည္ ။

Credit:love shop
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မြန်မာပြည်တွင် မက ကမ္ဘာတစ်ဝန်းလုံးတွင် ဟင်းချက်ပြုတ်၌ အသုံးပြုသော ကြက်သွန်ဖြူသည် ဆေးဖက်ဝင် အာနိသင်များဖြင့် ပြည့်စုံလှကြောင်း ၊ ကြက်သွန်ဖြူကို တစ်နေ့တစ်လုံးစားသုံးပေးပါက ဗီတာမင်အေ ၊ ဘီ နှင့် စီ ပြည့်ဝစွာရရှိမည်သာမက သတ္တုဓာတ်အမျိုးမျိုးကို ခန္ဓာကိုယ်အတွက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည် ။

မြန်မာလူမျိုးများတွင် ကြက်သွန်ဖြူကို ဟင်းချက်ရာတွင် ထည့်သုံးခြင်းအပြင် လက်ဖက်သုပ်တွင်လည်း မဖြစ်မနေပါဝင်သည်ကိုတွေ့ရှိရပါသည် ။ လက်ဖက်၏ အကျိူးနှင့် အတူ ကြက်သွန်ဖြူပါ တွဲဖက် စားသုံးနေကြပါသည် ။

ကြက်သွန်ဖြူတွင် ဥပဒ်ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများကို ဖယ်ရှားပေးနိုင်ပြီး ရောဂါ ဘယများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ကြောင့် အမေရိကန်နိုင်ငံ ချာပယ်ဟီးလ်မြို့ရှိ မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်တွင် ဖော်ပြခဲ့ပါသည် ။

ကြက်သွန်ဖြူတွင် ဆယ်လင်နီယမ် သတ္တုဓာတ်တို့ပါဝင်ကြောင်း ၊ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အူမကြီး ကင်ဆာ ဖြစ်ပွားနိုင်မှု ၁၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း ကြက်သွန်ဖြူကို ပုံမှန်စားသုံးသူများသည် အစာအိမ်ကင်ဆာဘေးအန္တရာယ်မှ ကာကွယ်နိုင်သည့် အပြင် နှလုံးသွေးကြောဆိုင်ရာ စနစ် ကောင်းမွန်ကြောင်း လေ့လာတွေ့ရှိချက်တွင် ဖော်ပြသည် ။

ကြက်သွန်ဖြူသည် သွေးတွင်းရှိ အဆီဓာတ် ( ကိုလက်စထရော ) ကို လျှော့ချပေးနိုင်ပြီး သွေးဖိအားကို ပုံမှန်ဖြစ်စေကြောင်း သိရသည် ။

ကြက်သွန်ဖြူ၏ အာနိသင်နှင့် ပတ်သက်၍ မကြာသေးမိက စမ်းသပ်မှု တခုပြုလုပ်ခဲ့ရာတွင် ကြက်သွန်ဖြူကို နေ့စဉ် ပုံမှန်စားသုံးသူများ အနေဖြင့် အအေးမိရောဂါ ၊ တုပ်ကွေးရောဂါ နှင့် ကပ်ပါးပိုးဆိုင်ရာရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်း တင်ပြအပ်ပါသည် ။

Credit:love shop

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top