iMyanmarHouse.com - Best Property Website for Myanmar
×

ဝဲဆိုတာ Sarcoptes scabiei ဆိုတဲ့ ေသးငယ္တဲ့ ပိုးမႊားေၾကာင့္ျဖစ္တဲ့ အေရျပားယားယံျခင္း တစ္မ်ိဳးျဖစ္ပါတယ္။ ဒီပိုးေလးက အေရျပားကိုေဖာက္ဝင္ၿပီး ျပင္းထန္စြာယားယံေစႏိုင္ပါတယ္။ ညဘက္မွာဆိုရင္ ပိုၿပီးကုတ္ခ်င္စိတ္ျဖစ္လာေစပါတယ္။ ဝဲေရာဂါက ကူးစက္တတ္ၿပီးေတာ့ မိသားစု၊ မူႀကိဳေက်ာင္း၊ ေထာင္၊ ဘိုးဘြားရိပ္သာ စတဲ့ေနရာေတြမွာ ထိေတြ႕ဆက္ဆံမႈကေနတဆင့္ အလြယ္တကူပ်ံ႕ႏွံ႔ႏိုင္ပါတယ္။ ဒါေၾကာင့္တစ္ေယာက္မွာ ဝဲျဖစ္ၿပီဆိုရင္ သူနဲ႔ထိေတြ႕မႈရွိတဲ့ မိသားစုဝင္ေတြနဲ႔ အျခားသူေတြကိုပါ ကုသဖို႔ၫႊန္ၾကားေလ့ရွိပါတယ္။ ဝဲကိုလိမ္းေဆးလိမ္းၿပီးကုသျခင္းျဖင့္ ပိုးေသေစႏိုင္ပါတယ္။ ရက္သတၱပတ္ေတာ္ေတာ္ၾကာေလာက္အထိေတာ့ အေရျပားယားက်န္ခဲ့ႏိုင္ပါတယ္။

ေရာဂါလကၡဏာမ်ား

- ယားယံျခင္း (ညဘက္တြင္ ပိုဆိုးတတ္)

- အေရျပားတြင္ အေရၾကည္ဖုေလးမ်ားေပါက္ျခင္း၊

ခႏၶာကိုယ္အႏွံ႕မွာေပါက္ႏိုင္ေပမယ့္ အရြယ္ေရာက္ၿပီးသူေတြနဲ႔ ကေလးႀကီးေတြမွာေတာ့ ေအာက္ပါေနရာေတြမွာ ပိုၿပီးေပါက္တာမ်ားပါတယ္။

- လက္ေခ်ာင္းမ်ားအၾကား

- ခ်ိဳင္း

- လက္ေကာက္ဝတ္ပတ္လည္

- တံေတာင္ဆစ္အတြင္းဘက္ပိုင္း

- ေျခဖဝါး

- ရင္သားတစ္ဝိုက္

- အမ်ိဳးသားအဂၤါအနီးတစ္ဝိုက္

- တင္ပါး

- ဒူးေခါင္း

- လက္ပ်ဥ္႐ိုးေပၚ

ကေလးငယ္ေတြမွာ အျဖစ္မ်ားတဲ့ေနရာေတြကေတာ့ -

- ဦးေရျပားေပၚ

- မ်က္ႏွာ

- လည္ပင္း

- လက္ဖဝါး

- ေျခဖဝါး

          အရင္က ဝဲေပါက္ဖူးသူေတြမွာ ထိေတြ႔ၿပီး ရက္အနည္းငယ္အတြင္းမွာ ေရာဂါလကၡဏာျပတတ္ၿပီး ဝဲတစ္ခါမွမေပါက္ဖူးသူေတြမွာဆိုရင္ေတာ့ ေရာဂါလကၡဏာက 6 ပတ္ေလာက္ၾကာမွ စၿပီးျပတတ္ပါတယ္။ ေရာဂါလကၡဏာမျပေသးေသာ္လည္း ေရာဂါကူးစက္ႏိုင္တယ္ဆိုတာကို သိထားရပါမယ္။

ဝဲျဖစ္ေစေသာ အေၾကာင္းအရင္းမ်ား

           ဝဲပိုးက အလြန္ေသးငယ္ၿပီး အဏုၾကည့္မွန္ေျပာင္းနဲ႔ၾကည့္မွပဲျမင္ႏိုင္ပါတယ္။ ဝဲပိုးအမက အေရျပားေအာက္မွာ အေပါက္ေဖာက္ၿပီး ဥဥပါတယ္။ ဥေတြေပါက္တဲ့အခါမွာ သားေလာင္းေလးေတြက အေရျပားေပၚထြက္လာၿပီးေတာ့ အျခားအေရျပားနဲ႔ အျခားလူေတြစီကို ကူးစက္ေစပါတယ္။ ဝဲပိုးေတြ၊ ဥေတြနဲ႔ စြန္႔ပစ္ပစၥည္းေတြက ခႏၶာကုိယ္နဲ႔ဓာတ္မတဲ့ေသာအခါမွာ ယားယံေစပါတယ္။ ဝဲေပါက္ေနသူနွင့္ နီးကပ္စြာထိေတြ႕မႈ၊ အဝတ္အစား၊ အိပ္ရာခင္း စသည္တို႔မွ်ေဝသံုးစြဲျခင္းမ်ားျပဳပါက ကူးစက္ႏုိင္ပါတယ္။

တိရိစၧာန္နဲ႔လူေတြမွာ ကူးစက္တဲ့ပိုးခ်င္းမတူၾကပါသလို ပိုးေတြကလည္း အမ်ိဳးမတူရင္ အၾကာႀကီးမေနႏိုင္တဲ့အတြက္ တိရိစၧာန္ကဝဲပိုးကိုက္ခံရမယ္ဆိုရင္ေတာင္ လူေတြမွာ ခဏပဲကူးစက္ခံရႏိုင္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

          ယားလြန္းတဲ့အတြက္ အရမ္းကုတ္မိရင္ အေရျပားေတြစုတ္ၿပဲၿပီး ဘက္တီးရီးယားပိုးေတြထပ္ၿပီးဝင္ေရာက္ႏိုင္ျခင္းေၾကာင့္ အနာစက္ေတြျဖစ္ႏိုင္ပါတယ္။

ေအာက္ပါလူေတြမွာ ပိုၿပီးျပင္းထန္တဲ့ ဝဲေရာဂါတစ္မ်ိဳးကူးစက္တတ္ပါတယ္။

- HIV, ေသြးကင္ဆာစတဲ့ ခုခံအားက်ဆင္းေစသည့္ နာတာရွည္ေရာဂါမ်ား

- ေဆးရံုတက္ေနေသာလူနာမ်ား၊အလြန္အမင္းနာမက်န္းျဖစ္ေနသူမ်ား

- ဘိုးဘြားရိပ္သာမွ သက္ႀကီးရြယ္အိုမ်ား

စမ္းသပ္ခ်က္မ်ားႏွင့္ေရာဂါသတ္မွတ္ျခင္း

           ဆရာဝန္က အေရျပားကိုၾကည့္ၿပီး ဝဲေပါက္တဲ့လကၡဏာရွိ/မရွိၾကည့္ပါလိမ့္မယ္။ အေရျပားအနည္းငယ္ျခစ္ယူၿပီး အႏုၾကည့္မွန္ေျပာင္းနဲ႔လည္း စစ္ေဆးႏိုင္ပါတယ္။

ကုထံုးမ်ား

1. Permethrin cream, 5% (Elimite) - ဝဲပိုးနဲ႔ ဥေတြကို ေသေစတဲ့ လိမ္းေဆးျဖစ္ပါတယ္။ ကေလးထိန္းေက်ာင္းေနတဲ့မိခင္ေတြကလြဲၿပီး အျခားသူေတြမွာ စိတ္ခ်စြာလိမ္းႏိုင္ပါတယ္။

2. Lindane lotion - အျခားလိမ္းေဆးေတြနဲ႔ အဆင္မေျပရင္ (သို႔) မတဲ့ရင္ ဒီေဆးကိုလိမ္းႏိုင္ပါတယ္။ အသက္ 2 ႏွစ္ေအာက္ကေလးေတြ၊ ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြ၊ သက္ႀကီးရြယ္အိုေတြနဲ႔ ေပါင္ 110 ေအာက္နည္းသူေတြမွာ သံုးလို႔မရပါဘူး။

3. Crotamiton (Eurax) – တစ္ရက္တစ္ႀကိမ္ 2 ရက္လိမ္းေပးရပါမယ္။ ကေလး၊ ႏို႔တိုက္မိခင္ေတြနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာသံုးလို႔မရပါဘူး။

4. Ivermectin (Stromectol) - ေသာက္ေဆးပါ။ ခုခံအားပံုမွန္မဟုတ္သူေတြ၊ ျပင္းထန္ဝဲေပါက္သူေတြနဲ႔ လိမ္းေဆးနဲ႔မေပ်ာက္သူေတြကို ညႊန္ၾကားေလ့ရွိပါတယ္။ ကိုယ္ဝန္ေဆာင္နွင့္ ႏို႔တိုက္မိခင္၊ 33 ေပါင္ေအာက္ကေလးေတြမွာ မေပးပါဘူး။ ဝဲေတြေသသြားရင္ေတာင္မွ ယားယံျခင္းကက်န္ေနႏိုင္တဲ့အတြက္ အယားေပ်ာက္ေဆးနဲ႔တြဲေပးပါလိမ့္မယ္။

 အိမ္တြင္းကုထံုးမ်ားယားယံျခင္းမွသက္သာေစဖို႔အတြက္

- အေရျပားကို ေအးျမစြတ္စိုေနေအာင္ထားပါ။ ေရေအးထဲတြင္စိမ္ျခင္း၊ ယားတဲ့ေနရာကို စိုစြတ္တဲ့ေရေအးဝတ္နဲ႔ပြတ္တိုက္ေပးျခင္းျဖင့္ အယားသက္သာေစႏိုင္ပါတယ္။

 - Calamine လိမ္းေဆးလိမ္းေပးျခင္းျဖင့္ ယားယံျခင္းနဲ႔ နာက်င္ျခင္းကို သက္သာေစႏိုင္ပါတယ္။

- Antihistamine - ဓာတ္မတဲ့တာကို သက္သာေစပါတယ္။

ကာကြယ္ျခင္း

  ဝဲျပန္မေပါက္ေစဖို႔နဲ႔ တျခားသူေတြကို မကူးေစဖို႔အတြက္ ေအာက္ပါအခ်က္ေတြကို ျပဳလုပ္ႏိုင္ပါတယ္။

- ကုသမႈမခံယူမီ 3 ရက္အတြင္းအသံုးျပဳထားေသာ တဘက္မ်ား၊ အဝတ္အစားမ်ား၊ အိပ္ရာခင္းမ်ားအားလံုးကို ေရေႏြး၊ ဆပ္ျပာတုိ႔ျဖင့္ ေသခ်ာေလွ်ာ္ဖြတ္ပါ။ ေနပူပူတြင္ေသခ်ာလွန္းပါ။

- ဝဲပိုးကို ေသခ်ာသတ္ပါ။ ေလွ်ာ္ဖြတ္လို႔မရတဲ့အရာအားလံုးကို ပလတ္စတစ္အိတ္ထဲမွာ လံုေအာင္ေသခ်ာထုတ္ၿပီး ေဝးေဝးမွာ ရက္သတၱပတ္အေတာ္ၾကာေအာင္ထားပါ။ (ဥပမာ-ကားဂိုေဒါင္) အစာစားဖို႔မရွိရင္ ရက္အနည္းငယ္ၾကာတဲ့အခါမွာ ဝဲပိုးေတြေသသြားပါလိမ့္မယ္။

Credit: Dr. Mya Myo Myo Swe

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဝဲဆိုတာ Sarcoptes scabiei ဆိုတဲ့ သေးငယ်တဲ့ ပိုးမွှားကြောင့်ဖြစ်တဲ့ အရေပြားယားယံခြင်း တစ်မျိုးဖြစ်ပါတယ်။ ဒီပိုးလေးက အရေပြားကိုဖောက်ဝင်ပြီး ပြင်းထန်စွာယားယံစေနိုင်ပါတယ်။ ညဘက်မှာဆိုရင် ပိုပြီးကုတ်ချင်စိတ်ဖြစ်လာစေပါတယ်။ ဝဲရောဂါက ကူးစက်တတ်ပြီးတော့ မိသားစု၊ မူကြိုကျောင်း၊ ထောင်၊ ဘိုးဘွားရိပ်သာ စတဲ့နေရာတွေမှာ ထိတွေ့ဆက်ဆံမှုကနေတဆင့် အလွယ်တကူပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့်တစ်ယောက်မှာ ဝဲဖြစ်ပြီဆိုရင် သူနဲ့ထိတွေ့မှုရှိတဲ့ မိသားစုဝင်တွေနဲ့ အခြားသူတွေကိုပါ ကုသဖို့ညွှန်ကြားလေ့ရှိပါတယ်။ ဝဲကိုလိမ်းဆေးလိမ်းပြီးကုသခြင်းဖြင့် ပိုးသေစေနိုင်ပါတယ်။ ရက်သတ္တပတ်တော်တော်ကြာလောက်အထိတော့ အရေပြားယားကျန်ခဲ့နိုင်ပါတယ်။

ရောဂါလက္ခဏာများ

- ယားယံခြင်း (ညဘက်တွင် ပိုဆိုးတတ်)

- အရေပြားတွင် အရေကြည်ဖုလေးများပေါက်ခြင်း၊

ခန္ဓာကိုယ်အနှံ့မှာပေါက်နိုင်ပေမယ့် အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးကြီးတွေမှာတော့ အောက်ပါနေရာတွေမှာ ပိုပြီးပေါက်တာများပါတယ်။

- လက်ချောင်းများအကြား

- ချိုင်း

- လက်ကောက်ဝတ်ပတ်လည်

- တံတောင်ဆစ်အတွင်းဘက်ပိုင်း

- ခြေဖဝါး

- ရင်သားတစ်ဝိုက်

- အမျိုးသားအင်္ဂါအနီးတစ်ဝိုက်

- တင်ပါး

- ဒူးခေါင်း

- လက်ပျဉ်ရိုးပေါ်

ကလေးငယ်တွေမှာ အဖြစ်များတဲ့နေရာတွေကတော့ -

- ဦးရေပြားပေါ်

- မျက်နှာ

- လည်ပင်း

- လက်ဖဝါး

- ခြေဖဝါး

          အရင်က ဝဲပေါက်ဖူးသူတွေမှာ ထိတွေ့ပြီး ရက်အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာပြတတ်ပြီး ဝဲတစ်ခါမှမပေါက်ဖူးသူတွေမှာဆိုရင်တော့ ရောဂါလက္ခဏာက 6 ပတ်လောက်ကြာမှ စပြီးပြတတ်ပါတယ်။ ရောဂါလက္ခဏာမပြသေးသော်လည်း ရောဂါကူးစက်နိုင်တယ်ဆိုတာကို သိထားရပါမယ်။

ဝဲဖြစ်စေသော အကြောင်းအရင်းများ

           ဝဲပိုးက အလွန်သေးငယ်ပြီး အဏုကြည့်မှန်ပြောင်းနဲ့ကြည့်မှပဲမြင်နိုင်ပါတယ်။ ဝဲပိုးအမက အရေပြားအောက်မှာ အပေါက်ဖောက်ပြီး ဥဥပါတယ်။ ဥတွေပေါက်တဲ့အခါမှာ သားလောင်းလေးတွေက အရေပြားပေါ်ထွက်လာပြီးတော့ အခြားအရေပြားနဲ့ အခြားလူတွေစီကို ကူးစက်စေပါတယ်။ ဝဲပိုးတွေ၊ ဥတွေနဲ့ စွန့်ပစ်ပစ္စည်းတွေက ခန္ဓာကိုယ်နဲ့ဓာတ်မတဲ့သောအခါမှာ ယားယံစေပါတယ်။ ဝဲပေါက်နေသူနှင့် နီးကပ်စွာထိတွေ့မှု၊ အဝတ်အစား၊ အိပ်ရာခင်း စသည်တို့မျှဝေသုံးစွဲခြင်းများပြုပါက ကူးစက်နိုင်ပါတယ်။

တိရိစ္ဆာန်နဲ့လူတွေမှာ ကူးစက်တဲ့ပိုးချင်းမတူကြပါသလို ပိုးတွေကလည်း အမျိုးမတူရင် အကြာကြီးမနေနိုင်တဲ့အတွက် တိရိစ္ဆာန်ကဝဲပိုးကိုက်ခံရမယ်ဆိုရင်တောင် လူတွေမှာ ခဏပဲကူးစက်ခံရနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

          ယားလွန်းတဲ့အတွက် အရမ်းကုတ်မိရင် အရေပြားတွေစုတ်ပြဲပြီး ဘက်တီးရီးယားပိုးတွေထပ်ပြီးဝင်ရောက်နိုင်ခြင်းကြောင့် အနာစက်တွေဖြစ်နိုင်ပါတယ်။

အောက်ပါလူတွေမှာ ပိုပြီးပြင်းထန်တဲ့ ဝဲရောဂါတစ်မျိုးကူးစက်တတ်ပါတယ်။

- HIV, သွေးကင်ဆာစတဲ့ ခုခံအားကျဆင်းစေသည့် နာတာရှည်ရောဂါများ

- ဆေးရုံတက်နေသောလူနာများ၊အလွန်အမင်းနာမကျန်းဖြစ်နေသူများ

- ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ

စမ်းသပ်ချက်များနှင့်ရောဂါသတ်မှတ်ခြင်း

           ဆရာဝန်က အရေပြားကိုကြည့်ပြီး ဝဲပေါက်တဲ့လက္ခဏာရှိ/မရှိကြည့်ပါလိမ့်မယ်။ အရေပြားအနည်းငယ်ခြစ်ယူပြီး အနုကြည့်မှန်ပြောင်းနဲ့လည်း စစ်ဆေးနိုင်ပါတယ်။

ကုထုံးများ

1. Permethrin cream, 5% (Elimite) - ဝဲပိုးနဲ့ ဥတွေကို သေစေတဲ့ လိမ်းဆေးဖြစ်ပါတယ်။ ကလေးထိန်းကျောင်းနေတဲ့မိခင်တွေကလွဲပြီး အခြားသူတွေမှာ စိတ်ချစွာလိမ်းနိုင်ပါတယ်။

2. Lindane lotion - အခြားလိမ်းဆေးတွေနဲ့ အဆင်မပြေရင် (သို့) မတဲ့ရင် ဒီဆေးကိုလိမ်းနိုင်ပါတယ်။ အသက် 2 နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ပေါင် 110 အောက်နည်းသူတွေမှာ သုံးလို့မရပါဘူး။

3. Crotamiton (Eurax) – တစ်ရက်တစ်ကြိမ် 2 ရက်လိမ်းပေးရပါမယ်။ ကလေး၊ နို့တိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာသုံးလို့မရပါဘူး။

4. Ivermectin (Stromectol) - သောက်ဆေးပါ။ ခုခံအားပုံမှန်မဟုတ်သူတွေ၊ ပြင်းထန်ဝဲပေါက်သူတွေနဲ့ လိမ်းဆေးနဲ့မပျောက်သူတွေကို ညွှန်ကြားလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၊ 33 ပေါင်အောက်ကလေးတွေမှာ မပေးပါဘူး။ ဝဲတွေသေသွားရင်တောင်မှ ယားယံခြင်းကကျန်နေနိုင်တဲ့အတွက် အယားပျောက်ဆေးနဲ့တွဲပေးပါလိမ့်မယ်။

 အိမ်တွင်းကုထုံးများယားယံခြင်းမှသက်သာစေဖို့အတွက်

- အရေပြားကို အေးမြစွတ်စိုနေအောင်ထားပါ။ ရေအေးထဲတွင်စိမ်ခြင်း၊ ယားတဲ့နေရာကို စိုစွတ်တဲ့ရေအေးဝတ်နဲ့ပွတ်တိုက်ပေးခြင်းဖြင့် အယားသက်သာစေနိုင်ပါတယ်။

 - Calamine လိမ်းဆေးလိမ်းပေးခြင်းဖြင့် ယားယံခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။

- Antihistamine - ဓာတ်မတဲ့တာကို သက်သာစေပါတယ်။

ကာကွယ်ခြင်း

  ဝဲပြန်မပေါက်စေဖို့နဲ့ တခြားသူတွေကို မကူးစေဖို့အတွက် အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

- ကုသမှုမခံယူမီ 3 ရက်အတွင်းအသုံးပြုထားသော တဘက်များ၊ အဝတ်အစားများ၊ အိပ်ရာခင်းများအားလုံးကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် သေချာလျှော်ဖွတ်ပါ။ နေပူပူတွင်သေချာလှန်းပါ။

- ဝဲပိုးကို သေချာသတ်ပါ။ လျှော်ဖွတ်လို့မရတဲ့အရာအားလုံးကို ပလတ်စတစ်အိတ်ထဲမှာ လုံအောင်သေချာထုတ်ပြီး ဝေးဝေးမှာ ရက်သတ္တပတ်အတော်ကြာအောင်ထားပါ။ (ဥပမာ-ကားဂိုဒေါင်) အစာစားဖို့မရှိရင် ရက်အနည်းငယ်ကြာတဲ့အခါမှာ ဝဲပိုးတွေသေသွားပါလိမ့်မယ်။

Credit: Dr. Mya Myo Myo Swe


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top