iMyanmarHouse.com - Best Property Website for Myanmar
×










Credit : Duwun

#Unicode Version
မိဘကျေးဇူးကို ဆပ်တဲ့အနေနဲ့ မေလ(၁၄)ရက်နေ့မှာ လှိုင်သာယာ သစ်တံခါးကျောင်းတိုက်မှာ သီလရှင်ဝတ်မယ်လို့ ဆိုပါတယ်။

ချစ်ခင်ရတဲ့ ဆွေမျိုးမိတ်ဆွေအားလုံးလည်း သာဓုခေါ် ဝမ်းမြောက်နိုင်အောင် သူမရဲ့ ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။

"မေလ၁၄ ရက်နေ့မှာ ပထမဦးဆုံးအကြိမ်အဖြစ် မိဘကျေးဇူးကိုဆပ်သည့်အနေနဲ့ရော မိမိစိတ်အေးချမ်းဖို့အတွက်ရော သံသရာက လွတ်မြောက် ပါရခြင်း အကျိုးကို ရည်မှန်းပြီးတော့ရော အားပေးနေဆဲ ပရိတ်သတ်တွေရဲ့ ကျေးဇူးကို ဆပ်သည့် အနေနဲ့ရောသီလရှင် ဝတ်ပါမယ် ၁၀ရက်ပါ ။သစ်တံခါးကျောင်းတိုက်မှာဝတ်ပါမယ်ရှင့် ချစ်ခင်ရတဲ့ဆွေမျိုး သူငယ်ချင်း မိတ်ဆွေ ပရိတ်သတ်များကိုလဲ သာဓုခေါ် ဝမ်းမြောင်နိုင်ပါရန် အသိပေးပါတယ် ။အားလုံးကိုလဲဖိတ်ပါတယ် " လို့ ရေးသားထားပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : Duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top