iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔တစ္ႀကိမ္ပဲ ေရခ်ိဳးရမယ္ဆုိရင္ မနက္ပိုင္းမွာခ်ိဳးမလား၊ ညပိုင္းမွာခ်ိဳးမလား? ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ကေတာ့ ေကာင္းေနမွာပဲေပါ့။ ဒါေပမဲ့ အိပ္စက္ျခင္းဆိုင္ရာကၽြမ္းက်င္သူတစ္ဦးကေတာ့ ညဘက္ေရခ်ိဳးျခင္းကသာ အေကာင္းဆံုးလို႔ ဆိုလိုက္ပါတယ္။

နန္စီေရာ့သ္စတိုင္းဟာ သူမကိုယ္သူမ  The Sleep Ambassador (အိပ္စက္ျခင္းသံအမတ္)လို႔ အမည္ေပးထားၿပီး လူေတြကို ေကာင္းေကာင္းမြန္မြန္အိပ္စက္ႏိုင္ဖုိ႔နဲ႔ အိပ္စက္မႈပံုမမွန္တာေတြကို သတိျပဳမိေစဖုိ႔ လႈံ႕ေဆာ္ေနပါတယ္။ ညအိပ္ခါနီး ေရခ်ိဳးျခင္းဟာ ခႏၶာကိုယ္နဲ႔စိတ္ကို သက္ေတာင့္သက္သာျဖစ္ေစတယ္လို႔ နန္စီက ေျပာပါတယ္။ သူမကေတာ့ ေရေႏြးနဲ႔ ေရခ်ိဳးဖုိ႔ တုိက္တြန္းပါတယ္။

ဒါဆိုရင္ မနက္ပိုင္းေရခ်ိဳးတဲ့အခါ ေကာင္းက်ိဳးမရဘူးလားလို႔ ေမးစရာရွိလာပါတယ္။ Yale ေဆးေက်ာင္းရဲ႕ အေရျပားေဗဒ တြဲဖက္ပါေမာကၡ ေဒါက္တာ Mona Gohara ရဲ႕ အဆိုအရေတာ့ မနက္ပိုင္း ေရခ်ိဳးျခင္းဟာ စိတ္ကိုတည္ၿငိမ္ေစတာမုိ႔ ရံုးမွာအလုပ္မ်ားမ်ားလုပ္ရသူေတြဟာ မနက္ပိုင္းေရခ်ိဳးသင့္တယ္လို႔ ဆုိပါတယ္။ မနက္ပိုင္းေရခ်ိဳးျခင္းဟာ စိတ္ဖိစီးမႈျဖစ္တဲ့အခါ ထြက္လာတဲ့ ေကာ္တီေဇာ (cortisol)ေဟာ္မုန္းကို ထိန္းေပးထားႏိုင္တယ္လို႔ ေျပာပါတယ္။ အေရျပားအတြက္လည္း ေကာင္းက်ိဳးျဖစ္ေစပါသတဲ့။

မနက္ပိုင္းေရခ်ိဳးျခင္းနဲ႔ ညဘက္ေရခ်ိဳးျခင္းမွာ ဘယ္အရာက ပိုေကာင္းသလဲဆုိတာကေတာ့ ခုခ်ိန္ထိေအာင္ ေျပာဖုိ႔ခက္ေနပါေသးတယ္။ မနက္ပိုင္းေရခ်ိဳးရင္ စိတ္ကိုတည္ၿငိမ္ေစၿပီး ညဘက္ေရခ်ိဳးရင္ေတာ့ လူကိုအနားပိုရေစပါတယ္။ တစ္ေန႔ကို တစ္ႀကိမ္ပဲ ေရခ်ိဳးရမယ္ဆုိရင္ ကိုယ့္စိတ္ခံစားခ်က္အလိုက္ မနက္ပိုင္းျဖစ္ေစ ညပိုင္းျဖစ္ေစ ေရြးလိုက္တာကသာ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
တစ်နေ့တစ်ကြိမ်ပဲ ရေချိုးရမယ်ဆိုရင် မနက်ပိုင်းမှာချိုးမလား၊ ညပိုင်းမှာချိုးမလား? ကိုယ့်ခံယူချက်နဲ့ကိုယ်ကတော့ ကောင်းနေမှာပဲပေါ့။ ဒါပေမဲ့ အိပ်စက်ခြင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးကတော့ ညဘက်ရေချိုးခြင်းကသာ အကောင်းဆုံးလို့ ဆိုလိုက်ပါတယ်။

နန်စီရော့သ်စတိုင်းဟာ သူမကိုယ်သူမ  The Sleep Ambassador (အိပ်စက်ခြင်းသံအမတ်)လို့ အမည်ပေးထားပြီး လူတွေကို ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ဖို့နဲ့ အိပ်စက်မှုပုံမမှန်တာတွေကို သတိပြုမိစေဖို့ လှုံ့ဆော်နေပါတယ်။ ညအိပ်ခါနီး ရေချိုးခြင်းဟာ ခန္ဓာကိုယ်နဲ့စိတ်ကို သက်တောင့်သက်သာဖြစ်စေတယ်လို့ နန်စီက ပြောပါတယ်။ သူမကတော့ ရေနွေးနဲ့ ရေချိုးဖို့ တိုက်တွန်းပါတယ်။

ဒါဆိုရင် မနက်ပိုင်းရေချိုးတဲ့အခါ ကောင်းကျိုးမရဘူးလားလို့ မေးစရာရှိလာပါတယ်။ Yale ဆေးကျောင်းရဲ့ အရေပြားဗေဒ တွဲဖက်ပါမောက္ခ ဒေါက်တာ Mona Gohara ရဲ့ အဆိုအရတော့ မနက်ပိုင်း ရေချိုးခြင်းဟာ စိတ်ကိုတည်ငြိမ်စေတာမို့ ရုံးမှာအလုပ်များများလုပ်ရသူတွေဟာ မနက်ပိုင်းရေချိုးသင့်တယ်လို့ ဆိုပါတယ်။ မနက်ပိုင်းရေချိုးခြင်းဟာ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ထွက်လာတဲ့ ကော်တီဇော (cortisol)ဟော်မုန်းကို ထိန်းပေးထားနိုင်တယ်လို့ ပြောပါတယ်။ အရေပြားအတွက်လည်း ကောင်းကျိုးဖြစ်စေပါသတဲ့။

မနက်ပိုင်းရေချိုးခြင်းနဲ့ ညဘက်ရေချိုးခြင်းမှာ ဘယ်အရာက ပိုကောင်းသလဲဆိုတာကတော့ ခုချိန်ထိအောင် ပြောဖို့ခက်နေပါသေးတယ်။ မနက်ပိုင်းရေချိုးရင် စိတ်ကိုတည်ငြိမ်စေပြီး ညဘက်ရေချိုးရင်တော့ လူကိုအနားပိုရစေပါတယ်။ တစ်နေ့ကို တစ်ကြိမ်ပဲ ရေချိုးရမယ်ဆိုရင် ကိုယ့်စိတ်ခံစားချက်အလိုက် မနက်ပိုင်းဖြစ်စေ ညပိုင်းဖြစ်စေ ရွေးလိုက်တာကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top