iMyanmarHouse.com - Best Property Website for Myanmar
×

တစ္စံုတစ္ေယာက္ဆီက အကူအညီယူဖို႔ ခ်ီတံု႔ခ်ီခ်ျဖစ္ေနရတဲ့အေၾကာင္းအရင္းေတြ အေျမာက္အမ်ားရွိႏုိင္ပါတယ္။ အဓိကအခ်က္ကေတာ့ အျခားလူေတြ ဘယ္လိုထင္မလဲဆုိတဲ့စိတ္ပါ။  ခြဲျခားၾကည့္ရင္ ဒီလိုေတြ႕ရမွာပါ။

၁ - အကူအညီမလိုဘူး

အကူအညီမလိုဘူးလို႔ သင္ ခံစားေနရပါတယ္။ ဒါမွမဟုတ္ အကူအညီေပးတာဟာ သင့္ရဲ႕ လြပ္လပ္ခြင့္ကို ျခိမ္းေျခာက္တာလို႔ ယူဆတာပါ။ အထူးသျဖင့္ ခပ္ငယ္ငယ္ကတည္းက ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ခဲ့တဲ့လူေတြမွာ ျဖစ္တတ္ပါတယ္။ တစ္စံုတစ္ေယာက္ဆီက အကူအညီယူရတာဟာ ကိုယ့္ကိုယ္ကိုယ္ မစြမ္းႏုိင္တဲ့လူလို ခံစားရတာ ျဖစ္ပါတယ္။

၂ - တာဝန္

ကိုယ့္တာဝန္ကုိယ္ယူရမယ္ဆိုတဲ့ စိတ္ေၾကာင့္ပါ။ ဒီအသက္အရြယ္မွာ ကိုယ့္ဘာကိုယ္ပဲ ေျဖရွင္းရမယ္ဆိုတဲ့ စိတ္ၾကီးကို ပံုေသသတ္မွတ္ထားတာပါ။  ရလဒ္အေနနဲ႔ကေတာ့ သူငယ္ခ်င္းေတြ၊ မိသားစုေတြကိုေတာင္ အကူအညီမေတာင္းသင့္ဘူးလို႔ ယံုၾကည္မိေနတာပါ။

၃ - ျငင္းခံရမွာေၾကာက္တယ္

အကူအညီေတာင္းေပမယ့္ ျငင္းခံရမွာ ေၾကာက္တာပါ။ လူေတာ္ေတာ္မ်ားမ်ားျဖစ္တတ္ပါတယ္။ ျဖစ္ပြားေနတဲ့ ျပသာနာက သိပ္မၾကီးမားတဲ့အခါမွာ အကူအညီမေတာင္းခ်င္တာလည္း ျဖစ္ႏုိင္ပါတယ္။  အကူအညီေတာင္းလို႔ ျငင္းလိုက္ရင္ ျဖစ္ေပၚလာမယ့္ ခံစားခ်က္ကို ပိုေၾကာက္လို႕ပါ။

၄ - အရႈံးသမားၾကီး

အရႈံးသမားၾကီးလို႔ ကိုယ့္ကို လူေတြထင္မွာ စိုးလို႔ပါ။  တစ္စံုတစ္ေယာက္ဆီက အကူအညီယူရတဲ့အခါ အကူအညီေပးတဲ့လူက ကိုယ့္ကို အရႈံးသမားၾကီးလို႔ ျမင္ေနမွာ၊ အကူအညီေတြေတာင္ ယူရေလာက္ေအာင္ အရႈံးသမားၾကီးျဖစ္ေနျပီလို႔ အျခားလူေတြက ထင္ေနမွာကို စိုးရိမ္တာပါ။ အကူအညီယူရတာဟာ ကိုယ့္ရဲ႕ မကၽြမ္းက်င္မႈ၊ ကိုယ့္ရဲ႕ ညံ့ဖ်င္းမႈကို ျပလိုက္သလို ျဖစ္တယ္လို႔လည္း ထင္ေနတာပါ။

၅ - အျပန္အလွန္ကူညီမႈ

တကယ္ေတာ့ လူဟာ အဖြဲ႕အစည္းနဲ႔ ရပ္တည္သူပါ။ အရည္အခ်င္းတူ၊ ညဏ္တူတဲ့အခါ အေပါင္းအသင္းအဆက္အသြယ္ေကာင္းသူက သာတယ္ဆိုတာဟာ အားလံုးလက္ခံထားျပီးသားပါ။ အျပန္အလွန္ကူညီမႈနဲ႔ ေလွ်ာက္လွမ္းရတာ ျဖစ္ပါတယ္။ အရင္ဆံုး သင့္အားနည္းခ်က္ေတြကို လက္ခံရမွာျဖစ္ပါတယ္။ အားနည္းခ်က္ေတြတင္သာမက အားသာခ်က္ကိုလည္း ျမင္တတ္ရမွာပါ။ အရွိကို အရွိတုိင္းျမင္ျပီဆိုရင္ တျခားလူေတြက ဘယ္လိုထင္မယ္ဆိုတာကို ဂရုမစိုက္ေတာ့ပါဘူး။ ကိုယ့္အေၾကာင္း ဘယ္သူမွ ကိုယ့္ေလာက္မသိေတာ့လို႔ပါ။ ဘယ္သူမွ ကိုယ့္ကို ထင္ျမင္ခ်က္လာေပးလို႔မရေတာ့ပါဘူး။ အျပန္အလွန္ကူညီရင္း ဘဝကို ေလွ်ာက္လွမ္းရမွာျဖစ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်စုံတစ်ယောက်ဆီက အကူအညီယူဖို့ ချီတုံ့ချီချဖြစ်နေရတဲ့အကြောင်းအရင်းတွေ အမြောက်အများရှိနိုင်ပါတယ်။ အဓိကအချက်ကတော့ အခြားလူတွေ ဘယ်လိုထင်မလဲဆိုတဲ့စိတ်ပါ။  ခွဲခြားကြည့်ရင် ဒီလိုတွေ့ရမှာပါ။

၁ - အကူအညီမလိုဘူး

အကူအညီမလိုဘူးလို့ သင် ခံစားနေရပါတယ်။ ဒါမှမဟုတ် အကူအညီပေးတာဟာ သင့်ရဲ့ လွပ်လပ်ခွင့်ကို ခြိမ်းခြောက်တာလို့ ယူဆတာပါ။ အထူးသဖြင့် ခပ်ငယ်ငယ်ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့လူတွေမှာ ဖြစ်တတ်ပါတယ်။ တစ်စုံတစ်ယောက်ဆီက အကူအညီယူရတာဟာ ကိုယ့်ကိုယ်ကိုယ် မစွမ်းနိုင်တဲ့လူလို ခံစားရတာ ဖြစ်ပါတယ်။

၂ - တာဝန်

ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတဲ့ စိတ်ကြောင့်ပါ။ ဒီအသက်အရွယ်မှာ ကိုယ့်ဘာကိုယ်ပဲ ဖြေရှင်းရမယ်ဆိုတဲ့ စိတ်ကြီးကို ပုံသေသတ်မှတ်ထားတာပါ။  ရလဒ်အနေနဲ့ကတော့ သူငယ်ချင်းတွေ၊ မိသားစုတွေကိုတောင် အကူအညီမတောင်းသင့်ဘူးလို့ ယုံကြည်မိနေတာပါ။

၃ - ငြင်းခံရမှာကြောက်တယ်

အကူအညီတောင်းပေမယ့် ငြင်းခံရမှာ ကြောက်တာပါ။ လူတော်တော်များများဖြစ်တတ်ပါတယ်။ ဖြစ်ပွားနေတဲ့ ပြသာနာက သိပ်မကြီးမားတဲ့အခါမှာ အကူအညီမတောင်းချင်တာလည်း ဖြစ်နိုင်ပါတယ်။  အကူအညီတောင်းလို့ ငြင်းလိုက်ရင် ဖြစ်ပေါ်လာမယ့် ခံစားချက်ကို ပိုကြောက်လို့ပါ။

၄ - အရှုံးသမားကြီး

အရှုံးသမားကြီးလို့ ကိုယ့်ကို လူတွေထင်မှာ စိုးလို့ပါ။  တစ်စုံတစ်ယောက်ဆီက အကူအညီယူရတဲ့အခါ အကူအညီပေးတဲ့လူက ကိုယ့်ကို အရှုံးသမားကြီးလို့ မြင်နေမှာ၊ အကူအညီတွေတောင် ယူရလောက်အောင် အရှုံးသမားကြီးဖြစ်နေပြီလို့ အခြားလူတွေက ထင်နေမှာကို စိုးရိမ်တာပါ။ အကူအညီယူရတာဟာ ကိုယ့်ရဲ့ မကျွမ်းကျင်မှု၊ ကိုယ့်ရဲ့ ညံ့ဖျင်းမှုကို ပြလိုက်သလို ဖြစ်တယ်လို့လည်း ထင်နေတာပါ။

၅ - အပြန်အလှန်ကူညီမှု

တကယ်တော့ လူဟာ အဖွဲ့အစည်းနဲ့ ရပ်တည်သူပါ။ အရည်အချင်းတူ၊ ညဏ်တူတဲ့အခါ အပေါင်းအသင်းအဆက်အသွယ်ကောင်းသူက သာတယ်ဆိုတာဟာ အားလုံးလက်ခံထားပြီးသားပါ။ အပြန်အလှန်ကူညီမှုနဲ့ လျှောက်လှမ်းရတာ ဖြစ်ပါတယ်။ အရင်ဆုံး သင့်အားနည်းချက်တွေကို လက်ခံရမှာဖြစ်ပါတယ်။ အားနည်းချက်တွေတင်သာမက အားသာချက်ကိုလည်း မြင်တတ်ရမှာပါ။ အရှိကို အရှိတိုင်းမြင်ပြီဆိုရင် တခြားလူတွေက ဘယ်လိုထင်မယ်ဆိုတာကို ဂရုမစိုက်တော့ပါဘူး။ ကိုယ့်အကြောင်း ဘယ်သူမှ ကိုယ့်လောက်မသိတော့လို့ပါ။ ဘယ်သူမှ ကိုယ့်ကို ထင်မြင်ချက်လာပေးလို့မရတော့ပါဘူး။ အပြန်အလှန်ကူညီရင်း ဘဝကို လျှောက်လှမ်းရမှာဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top