iMyanmarHouse.com - Best Property Website for Myanmar
×

ဒီခႏၶာကိုယ္ေလးေတြေလာက္ လွတဲ့ခႏၶာကိုယ္ဆုိတာ ႐ွိပါဦးမလား။ ပိန္လည္းမပိန္၊ ဝလည္းမဝ က်စ္က်စ္လ်စ္လ်စ္ေလးနဲ႔ လွေနပံုက အရမ္းစတုိင္လ္က်ပါတယ္။ တစ္ခု သတိထားရမွာကေတာ့ ကိုယ့္ရဲ႕ခႏၶာကိုယ္ေလးက လွတယ္ဆုိၿပီး အဝတ္အစားနဲ႔ ဖက္႐ွင္ကို ဂ႐ုမစိုက္ၾကတာပါပဲ။ ဝတ္ခ်င္တာဝတ္ၿပီး အလွပ်က္သြားေအာင္ မလုပ္လိုက္ပါနဲ႔။ ကိုယ္နဲ႔လိုက္ဖက္တာေလးေတြကို ဆင္ျမန္းၿပီး လန္းလန္းေလးေနလိုက္ေလ။

 

၁။ ကိုယ္နဲ႔ကြက္တိ
ကိုယ့္ခႏၶာကိုယ္ေလးက လွေနၿပီးသားဆုိေတာ့ ကိုယ္နဲ႔ကြက္တိျဖစ္ေနတာေလးေတြဝတ္ရင္ အရမ္းၾကည့္ေကာင္းပါတယ္။ ပြလြန္းတာ၊ က်ပ္လြန္းတာေတြထက္ ကိုယ္နဲ႔အတိ ျဖစ္ေနတဲ့ဝတ္စံုေလးေတြကိုေရြးပါ။ အက်ႌေတြ ေခ်ာင္သြားၿပီဆုိလည္း ျပန္ၿပီးက်ဥ္းလိုက္ဖုိ႔ မပ်င္းပါနဲ႔။
 

၂။ အေရာင္
အေရာင္ေတြအမ်ားႀကီး စပ္ထားတဲဲ့ ဝတ္စံုေတြလည္း သိပ္မလိုက္လွပါဘူး။ အေရာင္အေဖ်ာ့ကေန အသင့္အတင့္ရင့္တဲ့ အေရာင္ေတြက သင့္ကို ပိုမိုၾကည့္ေကာင္းေစပါလိမ့္မယ္။
 

၃။ အစင္း
ကန္႔လန္႔စင္းေတြကို မဝတ္ေလ ေကာင္းေလပါပဲ။ ေဒါင္လိုက္စင္းေတြက က်စ္လ်စ္တဲ့ခႏၶာကိုယ္ပိုင္ရွင္ေလးေတြနဲ႔ လိုက္ဖက္ပါတယ္။ ကိုယ့္အရပ္ကို ပိုရွည္သြားေစတယ္ေလ။
 

၄။ စကတ္
အတိုျဖစ္ျဖစ္၊ အ႐ွည္ျဖစ္ျဖစ္ ႀကိဳက္တာသာဝတ္ ၾကည့္လို႔ေကာင္းတယ္။ ဒါေပမဲ့ ဟိုမေရာက္ဒီမေရာက္ ဒူးဖံုးသာသာ စကတ္ေတြဝတ္ရင္ေတာ့ ဂြမ္းေရာ။
 

၅။ ေဘာင္းဘီဝတ္မယ္ဆိုရင္
ေဘာင္းဘီဝတ္မယ္ဆုိရင္ေတာ့ သတိထားၿပီးေရြးပါ။ ကိုယ္က က်စ္လ်စ္တဲ့ခႏၶာကိုယ္ပိုင္ရွင္ပါ။ ပိန္ပိန္သြယ္သြယ္ေလးမဟုတ္တာကို မေမ့ပါနဲ႔။ ေဘာင္းဘီရွည္ဝတ္ရင္ ဖိနပ္ကိုဖံုးေလာက္တဲ့အထိ ရွည္တာကိုေရြးသင့္ပါတယ္။ ဒါေပမဲ့ ၾကမ္းတုိက္သလိုျဖစ္ေနမယ့္ ေဘာင္းဘီမ်ိဳးေတာ့ မျဖစ္ရပါဘူး။ အတိုေလးေတြဝတ္လည္း ၾကည့္ေကာင္းပါတယ္။ အတုိဝတ္လို႔ အလွဆံုး ခႏၶာကိုယ္ေလးဆုိေတာ့ ဂ်င္းေဘာင္းဘီတုိေလးေတြဝတ္ရင္ သိပ္ကိုၾကည့္ေကာင္းေနမွာ။
 

၆။ ဖိနပ္
အရပ္႐ွည္ခ်င္ရင္ေတာ့ ေဒါက္ဖိနပ္သာစီးပါ။ စီးရတာ သက္ေသာင့္သက္သာျဖစ္မယ့္ ေဒါက္ျမင့္ဖိနပ္ကို ေရြးသင့္ပါတယ္။ ေဒါက္ပါတဲ့ ေလဒီရႈးေတြနဲ႔ လိုက္ဖက္ပါတယ္။ ေျခက်င္းဝတ္မွာ ႀကိဳးေတြယွက္သိုင္းထားတဲ့ ဖိနပ္ပါးေတြနဲ႔ သိပ္မလိုက္ပါဘူး။ ကိုယ့္ကို အရပ္ပုသလိုျဖစ္ေစတယ္။

၇။ Accessories
ကိုယ့္အရပ္ကို ပိုရွည္တဲ့အသြင္ ျမင္ေစခ်င္ရင္ ခါးပတ္ကို ဘယ္ေနရာမွာပတ္ရမလဲဆုိတာ သိထားဖို႔လိုမယ္ေနာ္။ ခါးမွာမပတ္နဲ႔ ခါးအေပၚ ရင္ေခါင္းနားေလးမွာပတ္ရင္ ကိုယ္လံုးပိုလွတယ္။ အိတ္အႀကီးႀကီးေတြနဲ႔ မလိုက္ဘူးဆိုတာလည္း မွတ္ထားပါ။ လက္ဝတ္ရတနာဆိုလည္း ျပဴးျပဴးျပဲျပဲႀကီးေတြနဲ႔ မလိုက္ဖက္ပါဘူး။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 ဒီခန္ဓာကိုယ်လေးတွေလောက် လှတဲ့ခန္ဓာကိုယ်ဆိုတာ ရှိပါဦးမလား။ ပိန်လည်းမပိန်၊ ဝလည်းမဝ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ လှနေပုံက အရမ်းစတိုင်လ်ကျပါတယ်။ တစ်ခု သတိထားရမှာကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်လေးက လှတယ်ဆိုပြီး အဝတ်အစားနဲ့ ဖက်ရှင်ကို ဂရုမစိုက်ကြတာပါပဲ။ ဝတ်ချင်တာဝတ်ပြီး အလှပျက်သွားအောင် မလုပ်လိုက်ပါနဲ့။ ကိုယ်နဲ့လိုက်ဖက်တာလေးတွေကို ဆင်မြန်းပြီး လန်းလန်းလေးနေလိုက်လေ။
၁။ ကိုယ်နဲ့ကွက်တိ

ကိုယ့်ခန္ဓာကိုယ်လေးက လှနေပြီးသားဆိုတော့ ကိုယ်နဲ့ကွက်တိဖြစ်နေတာလေးတွေဝတ်ရင် အရမ်းကြည့်ကောင်းပါတယ်။ ပွလွန်းတာ၊ ကျပ်လွန်းတာတွေထက် ကိုယ်နဲ့အတိ ဖြစ်နေတဲ့ဝတ်စုံလေးတွေကိုရွေးပါ။ အကျႌတွေ ချောင်သွားပြီဆိုလည်း ပြန်ပြီးကျဉ်းလိုက်ဖို့ မပျင်းပါနဲ့။

၂။ အရောင်

အရောင်တွေအများကြီး စပ်ထားတဲ့ ဝတ်စုံတွေလည်း သိပ်မလိုက်လှပါဘူး။ အရောင်အဖျော့ကနေ အသင့်အတင့်ရင့်တဲ့ အရောင်တွေက သင့်ကို ပိုမိုကြည့်ကောင်းစေပါလိမ့်မယ်။

၃။ အစင်း

ကန့်လန့်စင်းတွေကို မဝတ်လေ ကောင်းလေပါပဲ။ ဒေါင်လိုက်စင်းတွေက ကျစ်လျစ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်အရပ်ကို ပိုရှည်သွားစေတယ်လေ။

၄။ စကတ်

အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ကြိုက်တာသာဝတ် ကြည့်လို့ကောင်းတယ်။ ဒါပေမဲ့ ဟိုမရောက်ဒီမရောက် ဒူးဖုံးသာသာ စကတ်တွေဝတ်ရင်တော့ ဂွမ်းရော။

၅။ ဘောင်းဘီဝတ်မယ်ဆိုရင်

ဘောင်းဘီဝတ်မယ်ဆိုရင်တော့ သတိထားပြီးရွေးပါ။ ကိုယ်က ကျစ်လျစ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်ပါ။ ပိန်ပိန်သွယ်သွယ်လေးမဟုတ်တာကို မမေ့ပါနဲ့။ ဘောင်းဘီရှည်ဝတ်ရင် ဖိနပ်ကိုဖုံးလောက်တဲ့အထိ ရှည်တာကိုရွေးသင့်ပါတယ်။ ဒါပေမဲ့ ကြမ်းတိုက်သလိုဖြစ်နေမယ့် ဘောင်းဘီမျိုးတော့ မဖြစ်ရပါဘူး။ အတိုလေးတွေဝတ်လည်း ကြည့်ကောင်းပါတယ်။ အတိုဝတ်လို့ အလှဆုံး ခန္ဓာကိုယ်လေးဆိုတော့ ဂျင်းဘောင်းဘီတိုလေးတွေဝတ်ရင် သိပ်ကိုကြည့်ကောင်းနေမှာ။

၆။ ဖိနပ်

အရပ်ရှည်ချင်ရင်တော့ ဒေါက်ဖိနပ်သာစီးပါ။ စီးရတာ သက်သောင့်သက်သာဖြစ်မယ့် ဒေါက်မြင့်ဖိနပ်ကို ရွေးသင့်ပါတယ်။ ဒေါက်ပါတဲ့ လေဒီရှုးတွေနဲ့ လိုက်ဖက်ပါတယ်။ ခြေကျင်းဝတ်မှာ ကြိုးတွေယှက်သိုင်းထားတဲ့ ဖိနပ်ပါးတွေနဲ့ သိပ်မလိုက်ပါဘူး။ ကိုယ့်ကို အရပ်ပုသလိုဖြစ်စေတယ်။

 ၇။ Accessories

ကိုယ့်အရပ်ကို ပိုရှည်တဲ့အသွင် မြင်စေချင်ရင် ခါးပတ်ကို ဘယ်နေရာမှာပတ်ရမလဲဆိုတာ သိထားဖို့လိုမယ်နော်။ ခါးမှာမပတ်နဲ့ ခါးအပေါ် ရင်ခေါင်းနားလေးမှာပတ်ရင် ကိုယ်လုံးပိုလှတယ်။ အိတ်အကြီးကြီးတွေနဲ့ မလိုက်ဘူးဆိုတာလည်း မှတ်ထားပါ။ လက်ဝတ်ရတနာဆိုလည်း ပြူးပြူးပြဲပြဲကြီးတွေနဲ့ မလိုက်ဖက်ပါဘူး။

 Credit:duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top