iMyanmarHouse.com - Best Property Website for Myanmar
×

အသည္းဟာ ခႏၶာကိုယ္တြင္းအစိတ္အပိုင္းေတြထဲမွာ အႀကီးဆံုးအစိတ္အပိုင္းျဖစ္ပါတယ္။ ဒါ့ျပင္ လုပ္ေဆာင္ခ်က္တာဝန္ေတြကလည္း မ်ားျပားလွပါတယ္။ ခႏၶာကိုယ္ထဲကေသြးေတြကိုစစ္ထုတ္ေပးရတယ္၊ ေရာဂါကူးစက္မႈေတြကို တိုက္ထုတ္ေပးရတယ္ စသျဖင့္ အလုပ္အမ်ားႀကီး လုပ္ရတာမို႔ အသည္းရဲ႕က်န္းမာေရးကိုလည္း ဂ႐ုစိုက္ဖုိ႔ လိုပါတယ္။  အသည္းပ်က္စီးေစတာက အရက္တစ္မ်ိဳးတည္းေတာ့ မဟုတ္ပါဘူး။ အျခားအရာေတြလည္း ရွိပါေသးတယ္။

၁။ အဝလြန္ျခင္္းဟာ အသည္းကိုပ်က္စီးေစတဲ့ အဓိကအေၾကာင္းရင္းထဲမွာ ပါဝင္ပါတယ္။ အသည္းဆဲလ္ထဲမွာ အဆီေတြ အမ်ားႀကီးစုမိတဲ့အခါ အဝလြန္ေရာဂါျဖစ္လာပါတယ္။

၂။ ဆိုဒါမေသာက္ပါနဲ႔။ အရမ္းႀကိဳက္တယ္ဆုိရင္လည္း ေလွ်ာ့ေသာက္ၿပီး ျဖတ္ႏိုင္သမွ်ျဖတ္လုိက္ပါ။ ဆိုဒါပါတဲ့ အရည္ေတြက အဝလြန္ေစၿပီး အသည္းကို ဒုကၡေပးႏိုင္ပါတယ္။

၃။ အသည္းေရာင္အသားဝါေရာဂါ B နဲ႔ C တုိ႔ဟာ အသည္းနဲ႔ပတ္သက္ၿပီး အျဖစ္မ်ားဆံုးေရာဂါေတြ ျဖစ္ပါတယ္။ အဆုိပါေရာဂါေတြက ၾကာလာရင္ အသည္းကင္ဆာပါ ျဖစ္လာေစပါတယ္။

၄။ မ်ိဳး႐ိုးလိုက္တဲ့ ေရာဂါေတြထဲဲမွာ အသည္းနဲ႔ပတ္သက္တဲ့ေရာဂါေတြလည္း ပါဝင္ေနပါတယ္။

၅။ ေနာက္ထပ္ ေၾကာက္စရာေကာင္းတဲ့ ေရာဂါတစ္ခုကေတာ့ Autoimmune diseases လို႔ေခၚတဲ့ ေရာဂါပါ။ မိမိရဲ႕ကိုယ္ခံအားစနစ္က ကိုုယ့္ကိုျပန္တိုက္ခိုက္တာ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတယ္လို႔ သိရပါတယ္။

၆။ ေဆးလိပ္ေသာက္ျခင္းဟာ က်န္းမာေရးကို မ်ားစြာထိခိုက္ေစႏိုင္တာေၾကာင့္ ႏိုင္ငံတကာမွာ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ အသည္းကင္ဆာျဖစ္ေစ႐ံုသာမက အသည္း႐ြတ္ေရာဂါလည္း ျဖစ္ေစႏုိင္ပါတယ္။ အသည္းေရာင္ေရာဂါ B ကိုေရာ C ကိုပါ ျဖစ္လာႏိုင္ေျခလည္း ႐ွိပါတယ္။

၇။ မပါမျဖစ္ ေျပာရမွာကေတာ့ အရက္ပါပဲ။ အယ္လ္ကိုေဟာက အသည္းကို ထိခိုက္ပ်က္စီးေစပါတယ္။ ခန္႔မွန္းတြက္ခ်က္မႈမ်ားအရ အရက္မ်ားမ်ားေသာက္သူ ၁၀% မွ ၁၅% ဟာ အသည္းဇကာေပါက္ျဖစ္ႏိုင္ေျခမ်ားတယ္လို႔ အေမရိကန္အသည္းေဖာင္ေဒးရွင္းက ထုတ္ျပန္ထားပါတယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

အသည်းဟာ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေထဲမှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့ပြင် လုပ်ဆောင်ချက်တာဝန်တွေကလည်း များပြားလှပါတယ်။ ခန္ဓာကိုယ်ထဲကသွေးတွေကိုစစ်ထုတ်ပေးရတယ်၊ ရောဂါကူးစက်မှုတွေကို တိုက်ထုတ်ပေးရတယ် စသဖြင့် အလုပ်အများကြီး လုပ်ရတာမို့ အသည်းရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။  အသည်းပျက်စီးစေတာက အရက်တစ်မျိုးတည်းတော့ မဟုတ်ပါဘူး။ အခြားအရာတွေလည်း ရှိပါသေးတယ်။

၁။ အဝလွန်ခြင်းဟာ အသည်းကိုပျက်စီးစေတဲ့ အဓိကအကြောင်းရင်းထဲမှာ ပါဝင်ပါတယ်။ အသည်းဆဲလ်ထဲမှာ အဆီတွေ အများကြီးစုမိတဲ့အခါ အဝလွန်ရောဂါဖြစ်လာပါတယ်။

၂။ ဆိုဒါမသောက်ပါနဲ့။ အရမ်းကြိုက်တယ်ဆိုရင်လည်း လျှော့သောက်ပြီး ဖြတ်နိုင်သမျှဖြတ်လိုက်ပါ။ ဆိုဒါပါတဲ့ အရည်တွေက အဝလွန်စေပြီး အသည်းကို ဒုက္ခပေးနိုင်ပါတယ်။

၃။ အသည်းရောင်အသားဝါရောဂါ B နဲ့ C တို့ဟာ အသည်းနဲ့ပတ်သက်ပြီး အဖြစ်များဆုံးရောဂါတွေ ဖြစ်ပါတယ်။ အဆိုပါရောဂါတွေက ကြာလာရင် အသည်းကင်ဆာပါ ဖြစ်လာစေပါတယ်။

၄။ မျိုးရိုးလိုက်တဲ့ ရောဂါတွေထဲမှာ အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေလည်း ပါဝင်နေပါတယ်။

၅။ နောက်ထပ် ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုကတော့ Autoimmune diseases လို့ခေါ်တဲ့ ရောဂါပါ။ မိမိရဲ့ကိုယ်ခံအားစနစ်က ကိုုယ့်ကိုပြန်တိုက်ခိုက်တာ ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။

၆။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို များစွာထိခိုက်စေနိုင်တာကြောင့် နိုင်ငံတကာမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အသည်းကင်ဆာဖြစ်စေရုံသာမက အသည်းရွတ်ရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ အသည်းရောင်ရောဂါ B ကိုရော C ကိုပါ ဖြစ်လာနိုင်ခြေလည်း ရှိပါတယ်။

၇။ မပါမဖြစ် ပြောရမှာကတော့ အရက်ပါပဲ။ အယ်လ်ကိုဟောက အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။ ခန့်မှန်းတွက်ချက်မှုများအရ အရက်များများသောက်သူ ၁၀% မှ ၁၅% ဟာ အသည်းဇကာပေါက်ဖြစ်နိုင်ခြေများတယ်လို့ အမေရိကန်အသည်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top