iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Myanmarload
#Unicode Version
ချိုမြိန်သောလက်စားချေခြင်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကို ရုံတင်ပြသဖို့ တစ်ပတ်ကျော်ကျော်လေး လိုပါသေးတယ်။
ဒါပေမယ့် လူမှုကွန်ရက်မှာတော့ ဒီဇာတ်ကားလေးအကြောင်း စိတ်ဝင်စားနေကြပါတယ်။
မြန်မာပြည်ရဲ့ ပရိသတ်အများဆုံး အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး ခင်ဝင့်ဝါ ၊ ရွှေမှုန်ရတီ တို့နဲ့အတူ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်တယ်လို့သိရပါတယ်။
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် စိုင်းစိုင်း ပါဝင်ထားလို့ သူ့ပရိသတ်တွေကတော့ ဒီဇာတ်ကားလေးကို အမြန်ဆုံးကြည့်ချင်နေကြပြီလို့ဆိုပါတယ်။
“ကိုယ့်အချစ်ရေးမှာ ပြိုင်ဘက်တစ်ယောက် ထပ်ရောက်လာခဲ့ရင် အလွယ်တကူစွန့်လွှတ် အညံ့ခံလိုက်မှာလား ပူလောင်စွာတိုက်ခိုက်သိမ်းပိုက် အနိုင်ယူမှာလားဒါမှမဟုတ် ခွင့်လွှတ်နားလည်ပြီး ကွယ်ရာမှာ တိတ်တခိုးမျက်ရည်ကျနေမှာလား ။”
လူငယ်တွေအကြိက် ဇာတ်အိမ်မျိုးလေးဖြစ်လို့ ပရိသတ်တွေစိတ်ဝင်စားနေတာလည်းမပြောနဲ့လေ။
အမြည်းလေး ဖတ်ပြီးပြီဆိုတော့ ကြည့်ဖြစ်ဖို့ကြည့်ဖို့ပဲလိုတော့တယ်နော်။
Credit:Myanmarload
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top