iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားေတြစိတ္ဆိုး ၊ စိတ္ေကာက္ၾကတယ္ဆိုတာ သဘာ၀ပါပဲ..စိတ္ေကာက္ဖို ့က မိန္းကေလးတာ၀န္ ၊ ေခ်ာ့ရမွာက ေကာင္ေလးေတြတာ၀န္ပဲ ဟုတ္တယ္ဟုတ္? ဒါေပမယ့္ ေကာင္မေလး စိတ္ဆိုးေနခ်ိန္မွာေတာ့ မေခ်ာ့တဲ့အျပင္ `စိတ္ပဲေကာက္ေနတယ္ ၊ အလကားေနရစ္တယ္ ၊ ျပႆနာရွာတယ္´ လို့ သြားေျပာရင္ေတာ့ ေလာင္ေနတဲ့မီးကို ေလာင္စာပိုထည့္ေပးလိုက္သလိုပဲ ပိုအေျခအေနဆိုးသြားမယ္ေနာ္ ။ တကယ္ေတာ့ မိန္းကေလးေတြ စိတ္ေကာက္တယ္ဆိုတာ အေၾကာင္းျပခ်က္ရွိပါတယ္။အထူးသျဖင့္ ဘယ္လို အေၾကာင္းရင္းေတြေၾကာင့္ စိတ္ဆိုးစိတ္ေကာက္ရလဲဆိုေတာ့

၁။ Exအေၾကာင္းရွာေတြ႔လို႔

မိန္းကေလးေတြက ဘာေလာက္ပဲ ကိုယ့္ရည္းစားေနာက္ေၾကာင္းကို ဂရုမစိုက္ဘူး ေျပာေျပာ အနည္းဆံုးေတာ့ ေကာင္ေလးရဲ႕Facebook အေကာင့္ကို၀င္ ၊ ဟိုးေအာက္ဆံုး အရင္က ပို႔စ္ေတြထိလိုက္ၾကည့္တာတို႔ လုပ္တတ္ပါတယ္။ အဲ့မွာ ကိုယ္ေကာင္ေလးက အရင္ရည္းစားနဲ႔တင္ထားတဲ့ ပို႔စ္ေတြေတြ႔ရင္ အနည္းငယ္ေတာ့ စိတ္ထဲ ကသိကေအာက္ျဖစ္တတ္ပါတယ္။

၂။ေကာင္ေလးဆီက ကိုယ္လိုခ်င္တဲ့ အေျဖမရတဲ့အခါ

ကိုယ့္ေကာင္မေလးက ကိုကိုေရ .. ခ်စ္၀လာသလိုပဲေနာ္´ လို႔ေျပာတဲ့အခါ တကယ္ေျဖရမွာက `မ၀ပါဘူးခ်စ္ရယ္ လွပါတယ္´ လို႔ေျဖေပးရမွာပါ။ ဒါကို ခ်စ္ဘယ္လိုပံုေျပာင္းေျပာင္း ခ်စ္ျပီးသား ၊ ဖက္တီးမၾကီးျဖစ္ေနလည္း ခ်စ္တယ္´ လို႔သာသြားေျပာရင္ သူ၀လာတယ္လို႔ေျပာတဲ့ဟာကို `ဟုတ္တယ္၊ ၀လာတယ္´လို႔ ေျပာလိုက္သလိုပါပဲ။ အဲလိုခါမွာလည္း စိတ္ဆိုးတတ္ပါတယ္။

၃။ Reply တိုတဲ့အခါ

ေကာင္မေလးကေတာ့ စာေတြအရွည္ၾကီး ပို ့ထားတာကို ကိုယ္ကျပန္ပို႔တာကေတာ့` အင္း ´ ဟုတ္တယ္´` ကိုယ္လည္းတူတူပါပဲ´ အဲလို စာတိုတိုျပန္ရင္ အရမ္းစိတ္တိုၾကပါတယ္ ။ တခ်ိဳ႔ဆို စတစ္ကာနဲ႔ replyတာတို႔ ၊ emoji ပဲပို႔တဲ့ သူေတာင္ရွိေသး။ ဂါး….အာမ်ိဳးဆို တအားေပါက္တာ ။ စာရွည္ရွည္ပို႔ထားရင္ စာရွည္ရွည္ပဲပို႔ပါ။ စာတိုတိုပို႔ရင္ေတာင္ စာရွည္ရွည္ပဲျပန္ပို႔ပါ။

၄။သူမရဲ႕အိပ္မက္ထဲမွာသင္ေဖာက္ျပန္ေနလို႔

ေၾသာ္ .. ဒင္းက အိမ္မက္ထဲမွာပါ ေဖာက္ျပန္ေနတာ .. ငါတစ္ေယာက္လံုးရွိေနတာေတာင္ ေနာက္မီးလင္းနိုင္ေသးတယ္ေပါ့ေလ ဆိုျပီး အိပ္ရာကနိုးနိုးခ်င္း ဖုန္းလွမ္းေခၚျပီး ရစ္တတ္ပါတယ္။

၅။သူမရဲ႕အေျပာင္းအလဲကို သတိမထားမိလို႔

ကိုယ့္ေကာင္ေလးက ဆံပင္ညွပ္ထားတာ ၊ ဆံပင္အေရာင္ေျပာင္းထားတာကို သတိမထားမိရင္ တအားစိတ္ဆိုးပါတယ္။ ကိုကို ခ်စ္ ဒီေန႔ဘာေျပာင္းလဲေနလဲ လို႔ေမးလိုက္ရင္ ေခါင္းအစေျခအဆံုးသာၾကည့္ေပေတာ့ ။မဟုတ္ရင္ေတာ့ ေကာက္ျပီမွတ္ ။ ဟင္းဟင္း..

၆။သူမဘက္မပါလို႔

သူငယ္ခ်င္းနဲ႔ရန္ျဖစ္ထားတဲ့အေၾကာင္း လာရင္ဖြင့္တဲ့အခါ သူမမွန္တယ္ပဲေထာက္ခံပါ။ မိန္းကေလးေလး အခ်င္းခ်င္းက ျပီးသြားရင္ျပန္တည့္ေနၾကပါ။ ဒါကို ကိုယ္ကအလိုက္မသိဘဲ သူငယ္ခ်င္းဘက္သာပါေပးလိုက္လို႔ကေတာ့ ထြက္ေနတဲ့ေဒါသအပံုလိုက္က သင့္အေပၚေရာက္ကုန္မွာပါ။
Read  က်ြန္မတို႔မိန္းကေလးေတြက

၇။ သူမစကားနားေထာင္လို႔

စကားနားေထာင္လုိ႔ဆိုလို႔ အထူူးအဆန္း မထင္ပါနဲ႔။ တစ္ခါတစ္ေလ ရွိတတ္တာက ေကာင္မေလးက ကိုကို ဒီည သူငယ္ခ်င္းေတြနဲ႔ အျပင္သြားခ်င္ရင္ သြားေလ လို႔ေျပာတာကို အင္း ဒါဆို ကိုကိုလိုက္သြားမယ္ေနာ္ ဆိုျပီး နည္းနည္းေလးေတာင္ မျငင္းပဲ ေကာက္ေကာက္ပါေအာင္ လိုက္သြားလို႔ကေတာ့ ဒင္းက ဘယ္ခ်ိန္ထဲက ရြခ်င္ေနလဲ မသိဘူး ဆိုျပီး စိတ္ေကာက္တတ္ပါတယ္။

၈။ရာသီလာေနခ်ိန္မို႔

ေကာင္မေလးေတြ ရာသီလာတဲ့အခ်ိန္ဆို အလိုလိုေနရင္း စိတ္မၾကည္ စိတ္ေကာက္တတ္ပါတယ္။ ကိုယ့္ေကာင္မေလးက အေၾကာင္းျပခ်က္မရွိဘဲ ရစ္ေနတယ္ဆိုရင္ ရာသီလာေနလို႔ပါ။ ဒီလိုအခ်ိန္မွာ ကိုယ္ကသေဘာထားၾကီးျပီး အရစ္ခံလိုက္ပါ။

ဟုတ္ကဲ့..ကြ်န္မတို႔မိန္းမသားေတြ စိတ္ဆိုးတာဒါေၾကာင့္ပါ။
Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရည်းစားတွေစိတ်ဆိုး ၊ စိတ်ကောက်ကြတယ်ဆိုတာ သဘာဝပါပဲ..စိတ်ကောက်ဖို့က မိန်းကလေးတာဝန် ၊ ချော့ရမှာက ကောင်လေးတွေတာဝန်ပဲ ဟုတ်တယ်ဟုတ်? ဒါပေမယ့် ကောင်မလေး စိတ်ဆိုးနေချိန်မှာတော့ မချော့တဲ့အပြင် `စိတ်ပဲကောက်နေတယ် ၊ အလကားနေရစ်တယ် ၊ ပြဿနာရှာတယ်´ လို့ သွားပြောရင်တော့ လောင်နေတဲ့မီးကို လောင်စာပိုထည့်ပေးလိုက်သလိုပဲ ပိုအခြေအနေဆိုးသွားမယ်နော် ။ တကယ်တော့ မိန်းကလေးတွေ စိတ်ကောက်တယ်ဆိုတာ အကြောင်းပြချက်ရှိပါတယ်။အထူးသဖြင့် ဘယ်လို အကြောင်းရင်းတွေကြောင့် စိတ်ဆိုးစိတ်ကောက်ရလဲဆိုတော့

၁။ Exအကြောင်းရှာတွေ့လို့

မိန်းကလေးတွေက ဘာလောက်ပဲ ကိုယ့်ရည်းစားနောက်ကြောင်းကို ဂရုမစိုက်ဘူး ပြောပြော အနည်းဆုံးတော့ ကောင်လေးရဲ့Facebook အကောင့်ကိုဝင် ၊ ဟိုးအောက်ဆုံး အရင်က ပို့စ်တွေထိလိုက်ကြည့်တာတို့ လုပ်တတ်ပါတယ်။ အဲ့မှာ ကိုယ်ကောင်လေးက အရင်ရည်းစားနဲ့တင်ထားတဲ့ ပို့စ်တွေတွေ့ရင် အနည်းငယ်တော့ စိတ်ထဲ ကသိကအောက်ဖြစ်တတ်ပါတယ်။

၂။ကောင်လေးဆီက ကိုယ်လိုချင်တဲ့ အဖြေမရတဲ့အခါ

ကိုယ့်ကောင်မလေးက ကိုကိုရေ .. ချစ်ဝလာသလိုပဲနော်´ လို့ပြောတဲ့အခါ တကယ်ဖြေရမှာက `မဝပါဘူးချစ်ရယ် လှပါတယ်´ လို့ဖြေပေးရမှာပါ။ ဒါကို ချစ်ဘယ်လိုပုံပြောင်းပြောင်း ချစ်ပြီးသား ၊ ဖက်တီးမကြီးဖြစ်နေလည်း ချစ်တယ်´ လို့သာသွားပြောရင် သူဝလာတယ်လို့ပြောတဲ့ဟာကို `ဟုတ်တယ်၊ ဝလာတယ်´လို့ ပြောလိုက်သလိုပါပဲ။ အဲလိုခါမှာလည်း စိတ်ဆိုးတတ်ပါတယ်။

၃။ Reply တိုတဲ့အခါ

ကောင်မလေးကတော့ စာတွေအရှည်ကြီး ပို့ထားတာကို ကိုယ်ကပြန်ပို့တာကတော့` အင်း ´ ဟုတ်တယ်´` ကိုယ်လည်းတူတူပါပဲ´ အဲလို စာတိုတိုပြန်ရင် အရမ်းစိတ်တိုကြပါတယ် ။ တချို့ဆို စတစ်ကာနဲ့ replyတာတို့ ၊ emoji ပဲပို့တဲ့ သူတောင်ရှိသေး။ ဂါး….အာမျိုးဆို တအားပေါက်တာ ။ စာရှည်ရှည်ပို့ထားရင် စာရှည်ရှည်ပဲပို့ပါ။ စာတိုတိုပို့ရင်တောင် စာရှည်ရှည်ပဲပြန်ပို့ပါ။

၄။သူမရဲ့အိပ်မက်ထဲမှာသင်ဖောက်ပြန်နေလို့

သြော် .. ဒင်းက အိမ်မက်ထဲမှာပါ ဖောက်ပြန်နေတာ .. ငါတစ်ယောက်လုံးရှိနေတာတောင် နောက်မီးလင်းနိုင်သေးတယ်ပေါ့လေ ဆိုပြီး အိပ်ရာကနိုးနိုးချင်း ဖုန်းလှမ်းခေါ်ပြီး ရစ်တတ်ပါတယ်။

၅။သူမရဲ့အပြောင်းအလဲကို သတိမထားမိလို့

ကိုယ့်ကောင်လေးက ဆံပင်ညှပ်ထားတာ ၊ ဆံပင်အရောင်ပြောင်းထားတာကို သတိမထားမိရင် တအားစိတ်ဆိုးပါတယ်။ ကိုကို ချစ် ဒီနေ့ဘာပြောင်းလဲနေလဲ လို့မေးလိုက်ရင် ခေါင်းအစခြေအဆုံးသာကြည့်ပေတော့ ။မဟုတ်ရင်တော့ ကောက်ပြီမှတ် ။ ဟင်းဟင်း..

၆။သူမဘက်မပါလို့

သူငယ်ချင်းနဲ့ရန်ဖြစ်ထားတဲ့အကြောင်း လာရင်ဖွင့်တဲ့အခါ သူမမှန်တယ်ပဲထောက်ခံပါ။ မိန်းကလေးလေး အချင်းချင်းက ပြီးသွားရင်ပြန်တည့်နေကြပါ။ ဒါကို ကိုယ်ကအလိုက်မသိဘဲ သူငယ်ချင်းဘက်သာပါပေးလိုက်လို့ကတော့ ထွက်နေတဲ့ဒေါသအပုံလိုက်က သင့်အပေါ်ရောက်ကုန်မှာပါ။
Read  ကျွန်မတို့မိန်းကလေးတွေက

၇။ သူမစကားနားထောင်လို့

စကားနားထောင်လို့ဆိုလို့ အထူူးအဆန်း မထင်ပါနဲ့။ တစ်ခါတစ်လေ ရှိတတ်တာက ကောင်မလေးက ကိုကို ဒီည သူငယ်ချင်းတွေနဲ့ အပြင်သွားချင်ရင် သွားလေ လို့ပြောတာကို အင်း ဒါဆို ကိုကိုလိုက်သွားမယ်နော် ဆိုပြီး နည်းနည်းလေးတောင် မငြင်းပဲ ကောက်ကောက်ပါအောင် လိုက်သွားလို့ကတော့ ဒင်းက ဘယ်ချိန်ထဲက ရွချင်နေလဲ မသိဘူး ဆိုပြီး စိတ်ကောက်တတ်ပါတယ်။

၈။ရာသီလာနေချိန်မို့

ကောင်မလေးတွေ ရာသီလာတဲ့အချိန်ဆို အလိုလိုနေရင်း စိတ်မကြည် စိတ်ကောက်တတ်ပါတယ်။ ကိုယ့်ကောင်မလေးက အကြောင်းပြချက်မရှိဘဲ ရစ်နေတယ်ဆိုရင် ရာသီလာနေလို့ပါ။ ဒီလိုအချိန်မှာ ကိုယ်ကသဘောထားကြီးပြီး အရစ်ခံလိုက်ပါ။

ဟုတ်ကဲ့..ကျွန်မတို့မိန်းမသားတွေ စိတ်ဆိုးတာဒါကြောင့်ပါ။
Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top