iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Myanmarload
#Unicode Version
သရဲဇာတ်ကားကို ကြောက်စရာမလိုဘဲ ဘယ်လောက်သဘာဝကျကျ သရုပ်ဆောင်ရတယ်ဆိုတဲ့ ပညာကို သိခဲ့ရတဲ့ ကျော်ထက်အောင်
ကျော်ထက်အောင်ဟာ Myanmar Idol မှာအစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့ရာကနေ ပရိသတ်ချစ်ခင်အားပေးမှုများကို ရရှိခဲ့ပြီး အခုဆိုရင်သရုပ်ဆောင်လမ်းကိုပါ ဆက်လက်လျှောက်လှမ်းလာသူဖြစ်ပါတယ်။
ယခုလက်ရှိအနေနဲ့တော့ ကျော်ထက်အောင်ဟာ သူငယ်ရုပ်ရှင်ဇာတ်ကား၊ ကြယ်ရုပ်ရှင်ဇာတ်ကားနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။
သရဲ ဇာတ်ကားဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဇာတ်ကားမှာ
ပါဝင်ရိုက်ကူးဖြစ်ခဲ့ပုံကိုတော့ ကျော်ထက်အောင်က အခုလိုပဲပြောပြထားပါတယ်။
''သရဲ ကား မရိုက်ဘူးလို့ ဆုံးဖြတ်ထားတာပါ။ သရဲကြောက်တယ်ပေါ့။ ဒါပေမယ့် တကယ်တန်းရိုက်ကြည့်လိုက်တော့ ပျော်စရာကောင်းပါတယ်။ဒီဇာတ်ကားထဲက ကျွန်တော့် ကာရိုက်တာအတွက် ဇာတ်ကောင်ရွေးတဲ့ အခါမှာ ဖွေးဖွေးက ကျွန်တော့်ကို ထောက်ခံပေးတယ်ဆိုတာ ဖွေးဖွေးမေမေက ပြောလို့
သိရတယ်။ ညီမလေးဖွေးဖွေးနဲ့ သရုပ်ဆောင်ရတာ အရမ်းကို ပျော်စရာကောင်းတယ်။ ညီမလေးဖွေးဖွေးက အရမ်းချစ်ဖို့ ကောင်းတယ်။ ဇာတ်ကားရိုက်နေတဲ့
အချိန်အတွင်းမှာလည်း သရုပ်ဆောင်တစ်ယောက်က ဘယ်လိုတည်ငြိမ်အေးချမ်းတယ်ဆိုတာကို ကျွန်တော်တို့ နောက်ကျောကနေ ဆရာဝိုင်းက သေချာ
သင်ကြားပေးပါတယ်။ကြောက်စရာမလိုပဲ နဲ့ ဘယ်လောက်သဘာဝ ကျကျ သရုပ်ဆောင်ရတယ်ဆိုတဲ့ ပညာကို သိခဲ့ရပါတယ်'' လို့ ကျော်ထက်အောင်က
ဆိုပါတယ်။ ဆက်လက်ပြီး ကျော်ထက်အောင်က သူ့ကို ပရိသတ်ကသိမြင်လာစေခဲ့တဲ့ MC အလုပ်ကိုလည်း လက်မလွှတ်ပဲ ဆက်လက်လုပ်ဆောင်သွား
မှာဖြစ်ကြောင်းလည်း ပြောပြသွားခဲ့ပါတယ်။
Credit:Myanmarload
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top