iMyanmarHouse.com - Best Property Website for Myanmar
×
အမည်ရင်း --- နေလင်းအောင်။
ဖုန်း --- 09 5199099
Credit:Myanmarload
#Unicode Version
နေတိုးဆိုရင် မြန်မာပြည်မှာမသိတဲ့သူမရှိလောက်အောင် အောင်မြင်ကျော်ကြားသူပါ ...
သူ့အကြောင်းတွေကိုတော့ အားလုံးသိတဲ့သူရှားပါတယ် ။ ဒါကြောင့်မို့ လူတွေသိပ်မသိတဲ့
သူ့ရဲ့ အကြောင်းလေးတွေ တင်ဆက်ပေးလိုက်ပါတယ် ။
အမည်ရင်း --- နေလင်းအောင်။
ဒီလိုလည်းခေါ်ကြတယ် --- အိမ်မှာက ညီလေး ၊သူငယ်ချင်းတွေက နေလင်းအောင် ၊ အနုပညာလောကကခင်တဲ့သူတွေက ကိုတိုးကြီးလို့ခေါ်ကြတယ်။
မွေးသက္ကရာဇ် --- စက်တင်ဘာလ၉ရက်၊ ၁၉၈၁ ခုနှစ် ၊အင်္ဂါသား။
ဇာတိ --- ရခိုင်ပြည်နယ် မာန်အောင်ကျွန်း။
မိဘအမည် --- ဦးအောင်နန်း ဒေါ်သန်းမြိုင်
မိဘအလုပ်အကိုင် ---ကျွန်တော်တို့ငယ်ငယ်ကတော့ပန်းထိမ် လုပ်ငန်းလုပ်တယ်။အခုတော့အနားယူနေပါပြီ။ကျွန်တော်တို့အလှည့်ပေါ့။
မွေးချင်းမောင်နှမတွေကတော့လေးယောက်ရှိပါတယ်။အစ်ကိုကြီးဇော်လင်းအောင်အဖေ့ရဲ့ရွှေလုပ်ငန်းမှာလုပ်တယ်။ပြီးတော့နေတိုုး။ညီငယ်ကသရုုပ်ဆောင်မင်သွေးပါ။ သူ့နာမည်အရင်းကတော့နေမင်းအောင်ပါ။အငယ်ဆုံးညီမလေးကတော့ ဆုမွန်အောင်ပါ။သူကလည်း နေတိုုးအဖေ့စီးပွားရေးမှာကူညီပြီးလုပ်ပေးနေပါတယ်။
တက်ခဲ့ဖူးတဲ့ကျောင်းတွေက --- ရခိုင်ပြည်နယ်မာန်အောင်ကျွန်းရဲ့အနောက်စုက အ.မ.က အထက်တန်းကျောင်းမှာတက်ပါတယ်။ ဈေးတန်း အ.ထ.က ကျောင်းမှာပါ။
အဆုးံသတ်ပညာရေး --- ရခိုင်မှာပဲ B.Sc [Maths) နဲ့ဘွဲ့ရထားပါတယ် ။
အနုပညာအစ --- အနုပညာလောကထဲရောက် ၁၄နှစ်ကျော်လောက်ရှိပါပြီ။ ကျောင်းသားဘဝတုန်းကလည်း ကဗျာ၊ ပန်းချီ ၊ပန်းပု ၊စတာတွေကို ဝါသနာထုံတယ်။ ရန်ကုန်ရောက်လာပြီး ဦးစောနုု ဆီမှာ Vocalသင်တယ် ။ မော်ဒယ်သင်တန်းတက်တယ်။
ပရိသတ်သိခဲ့တာက --- ပထမဆုးံရိုက်ခဲ့တဲ့ မီကို ကော်ဖီမစ်ကြောငြာနဲ့ပါ။
ရိုက်ခဲ့ဖူးတဲ့ဇာတ်ကားပေါင်း --- ဗီဒီယို ဆို ၃ဝဝကျော်ပါပြီ ။ ရုပ်ရှင်ကားကြီးက လေးဆယ်ကျော်ပြီ ။
သရုပ်ဆောင်မလုပ်ခင် ညီတိုး ဆိုတဲ့နာမည် သီချင်းခွေတစ်ခွေထုတ်ဖူးတယ်။ ဦးစောနု ရဲ့ရှားလော့ဟုမ်း သီချင်းခွေမှာ သီချင်းနှစ်ပုဒ်ဆိုဖူးတယ်။ပြီးတော့ ရိန်မိုးနဲ့ ဖန်ဆင်းရှင် သီချင်းခွေ ထွတ်ထားတယ်။
စံထားခဲ့တဲ့သူ --- စီနီယာ အားလုးံပါ။
အနုပညာ မျိုးရိုး --- မရှိပါဘူး။
မမေ့နိုင်တဲ့အရာက --- ငယ်ငယ်က ကိုယ်လုပ်ချင်တဲ့အနုပညာကိုမပြည့်မစုံနဲ့လုပ်ခဲ့ရတာကို မမေ့နိုင်ဘူး။
စိတ်ထားက -- - အနုပညာ ကို ဦးစားပေးတယ်။ သနားကြင်နားတတ်သလို သည်းခံတက်တယ်။ ဆုးံဖြတ်ချက်ကို လွယ်လွယ်ကူကူမချတက်သလို၊တိတိ ကျကျ လုပ်တက်တယ်။
ချစ်သူရှိရင် --- အထက်တန်းကျောင်းသားဘဝ ထဲက ရင်ခုန်တက်ခဲ့တာပါ ။ချစ်သူဆိုတာထက် တိတ်တခိုး ချစ်ရတဲ့သူကတော့ငယ်ငယ်ကတော့ရှိဖူးတယ်။ ရင်ခုန်မှုက ငယ်ငယ်ကပိုများပါတယ် ။ဒီအသက်အရွယ်ရောက်မှချစ်သူမရှိဖူးလို့မညာချင်ပါဘူး။
အိမ်လိပ်စာ --- အမှတ် ၄၃ မြခွာညို | ဝါဝါဝင်းအိမ်ရာသကေတမြို့နယ်။
ဖုန်း --- 09 5199099
Credit:Myanmarload
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top