iMyanmarHouse.com - Best Property Website for Myanmar
×

လူမႈဆက္ဆံေရးနယ္ပယ္မွာ မိတ္ေဆြတု မိတ္ေဆြစစ္ ခြဲျခားတတ္ဖုိ႔ လုိပါတယ္။ ဒီလုိမွ မခြဲျခားတတ္ဘူးဆုိရင္ သင့္ဘ၀ရဲ႕ တက္လမ္းေတြ၊ ႀကီးပြားရာ ႀကီးပြားေၾကာင္း အခြင့္အလမ္းေတြ ထိခုိက္ေစႏုိင္လုိ႔ပါ။ ဒါေၾကာင့္ မိတ္ေဆြတုလား၊ မိတ္ေဆြစစ္လား ခြဲျခားသိႏုိင္ေစဖုိ႔ ယွဥ္တြဲေဖာ္ျပေပးလုိက္ပါတယ္။

မိတ္ေဆြစစ္ လကၡဏာမ်ား

(၁) လုိအပ္ခ်ိန္မွာ ကူညီဖုိ႔ အဆင္သင့္ရွိၿပီးသား၊
(၂) သင့္အေၾကာင္းကို ကြယ္ရာပဲျဖစ္ျဖစ္၊ မ်က္ျမင္မွာပဲျဖစ္ျဖစ္ မေကာင္းလုံး၀ မေျပာသူ၊
(၃) သင့္အက်ိဳးကို လုိလားၿပီး၊ သင့္အက်ိဳးမဲ့ ျဖစ္မွာကုိ မလုိလားသူ၊
(၄) သင့္ဘက္က မွန္မွန္မွားမွား မားမားမက္မက္ ကာကြယ္ေပးသူ၊
(၅) မရွိအတူ ရွိအတူ စိတ္ဓာတ္ရွိသူ
(၆) တစ္ကုိယ္ေကာင္းဆန္ျခင္း အတၱႀကီးျခင္း မရွိသူ၊
(၇) စိတ္ရင္းနဲ႔ ခင္မင္ျခင္း၊
(၈) ညီအစ္ကို/ညီအစ္မ စိတ္ဓာတ္ရွိျခင္း၊
(၉) ဦးစားေပးျခင္း၊
(၁၀) အနစ္နာခံျခင္း-တုိ႔ဟာ မိတ္ေဆြအစစ္တုိင္းမွာ ေတြ႕ရတတ္တဲ့ လကၡဏာေတြ ျဖစ္ပါတယ္။

မိတ္ေဆြတု လကၡဏာမ်ား

(၁) ကူညီခ်ိန္မွာ၊ အခက္အခဲေတြ႕ခ်ိန္မွာ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ေရွာင္ဖယ္သူ၊
(၂) သင့္အေၾကာင္းကို သြားပုတ္ေလလြင့္ေျပာၿပီး၊ အေပၚယံ ခင္ခ်င္ေယာင္ေဆာင္သူ၊
(၃) သင့္ေကာင္းစားမွာကို မလုိလားပဲ သူလုပ္လုိ႔ရတဲ့ အေႏွာက္အယွက္ေတြ ျပဳလုပ္ၿပီး ဖ်က္လုိဖ်က္စီးလုပ္သူ၊
(၄) အေရးနဲ႔အေၾကာင္းဆုိ ေခါင္းေရွာင္ၿပီး၊ အေပၚယံ ေရႊမႈံက်ဲတတ္သူ၊
(၅) အတၱကုိသာ ေရွ႕တန္းတင္ၿပီး၊ သင့္ကို သူ႕ဘ၀ေလွကားထစ္အျဖစ္ အသုံးခ်လုိသူ၊

(၆) တစ္ကုိယ္ေကာင္းဆန္ျခင္း အတၱႀကီးျခင္းနဲ႔ လူတုိင္းကို ဆက္ဆံသူ
(၇) ပါးစပ္က ရႊန္းရႊန္းေ၀ေအာင္ ခင္မင္ေၾကာင္း ေျပာတတ္ၿပီး လက္ေတြ႕နဲ႔ ကင္းကြာသူ၊
(၈) ရန္သူတစ္ေယာက္လုိ သေဘာထားၿပီး အလစ္အငိုက္ကို ေခ်ာင္းေနသူ၊
(၉) သူလုိအပ္ခ်ိန္မွာ ပက္ခၽြဲႏွပ္ခၽြဲနဲ႔ သနားေအာင္ေျပာၿပီး မရမက အကူအညီေတာင္းသူ၊
(၁၀) အယူတစ္လုိင္းတည္းအတြက္သာ သင့္ကို ေပါင္းသင္းသူ–တုိ႔ဟာ မိတ္ေဆြအတုတုိင္းမွာ ေတြ႕ရတတ္တဲ့ လကၡဏာေတြ ျဖစ္ပါတယ္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူမှုဆက်ဆံရေးနယ်ပယ်မှာ မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြားတတ်ဖို့ လိုပါတယ်။ ဒီလိုမှ မခွဲခြားတတ်ဘူးဆိုရင် သင့်ဘဝရဲ့ တက်လမ်းတွေ၊ ကြီးပွားရာ ကြီးပွားကြောင်း အခွင့်အလမ်းတွေ ထိခိုက်စေနိုင်လို့ပါ။ ဒါကြောင့် မိတ်ဆွေတုလား၊ မိတ်ဆွေစစ်လား ခွဲခြားသိနိုင်စေဖို့ ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။

မိတ်ဆွေစစ် လက္ခဏာများ

(၁) လိုအပ်ချိန်မှာ ကူညီဖို့ အဆင်သင့်ရှိပြီးသား၊
(၂) သင့်အကြောင်းကို ကွယ်ရာပဲဖြစ်ဖြစ်၊ မျက်မြင်မှာပဲဖြစ်ဖြစ် မကောင်းလုံး၀ မပြောသူ၊
(၃) သင့်အကျိုးကို လိုလားပြီး၊ သင့်အကျိုးမဲ့ ဖြစ်မှာကို မလိုလားသူ၊
(၄) သင့်ဘက်က မှန်မှန်မှားမှား မားမားမက်မက် ကာကွယ်ပေးသူ၊
(၅) မရှိအတူ ရှိအတူ စိတ်ဓာတ်ရှိသူ
(၆) တစ်ကိုယ်ကောင်းဆန်ခြင်း အတ္တကြီးခြင်း မရှိသူ၊
(၇) စိတ်ရင်းနဲ့ ခင်မင်ခြင်း၊
(၈) ညီအစ်ကို/ညီအစ်မ စိတ်ဓာတ်ရှိခြင်း၊
(၉) ဦးစားပေးခြင်း၊
(၁၀) အနစ်နာခံခြင်း-တို့ဟာ မိတ်ဆွေအစစ်တိုင်းမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

မိတ်ဆွေတု လက္ခဏာများ

(၁) ကူညီချိန်မှာ၊ အခက်အခဲတွေ့ချိန်မှာ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ဖယ်သူ၊
(၂) သင့်အကြောင်းကို သွားပုတ်လေလွင့်ပြောပြီး၊ အပေါ်ယံ ခင်ချင်ယောင်ဆောင်သူ၊
(၃) သင့်ကောင်းစားမှာကို မလိုလားပဲ သူလုပ်လို့ရတဲ့ အနှောက်အယှက်တွေ ပြုလုပ်ပြီး ဖျက်လိုဖျက်စီးလုပ်သူ၊
(၄) အရေးနဲ့အကြောင်းဆို ခေါင်းရှောင်ပြီး၊ အပေါ်ယံ ရွှေမှုံကျဲတတ်သူ၊
(၅) အတ္တကိုသာ ရှေ့တန်းတင်ပြီး၊ သင့်ကို သူ့ဘဝလှေကားထစ်အဖြစ် အသုံးချလိုသူ၊

(၆) တစ်ကိုယ်ကောင်းဆန်ခြင်း အတ္တကြီးခြင်းနဲ့ လူတိုင်းကို ဆက်ဆံသူ
(၇) ပါးစပ်က ရွှန်းရွှန်းဝေအောင် ခင်မင်ကြောင်း ပြောတတ်ပြီး လက်တွေ့နဲ့ ကင်းကွာသူ၊
(၈) ရန်သူတစ်ယောက်လို သဘောထားပြီး အလစ်အငိုက်ကို ချောင်းနေသူ၊
(၉) သူလိုအပ်ချိန်မှာ ပက်ချွဲနှပ်ချွဲနဲ့ သနားအောင်ပြောပြီး မရမက အကူအညီတောင်းသူ၊
(၁၀) အယူတစ်လိုင်းတည်းအတွက်သာ သင့်ကို ပေါင်းသင်းသူ–တို့ဟာ မိတ်ဆွေအတုတိုင်းမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top