iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္ရွင္ၾကည္႔မယ္ဆိုရင္ ေနၾကာေစ႔ေလးတစ္ထုပ္ေလာက္ေတာ႔ ဝယ္သြားျပီး ဝါးလိုက္ရမွ။ ေနၾကာေစ႔ရဲ႕က်န္းမာေရးေကာင္းက်ိဳးေတြ ဘာေတြရွိမွန္းမသိဘဲနဲ႕ကို ဝါးေနမိၾကတာပါ။ ေနၾကာေစ႔မွာပါဝင္တဲ႔ ကယ္လိုရီ၊ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ေတြက လူ႕ခႏၶာကိုယ္ကိုအက်ိဳးေက်းဇူးျပဳပါတယ္။ ဘယ္လိုအက်ိဳးျပဳတယ္ဆိုတာကို ေအာက္ပါေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ အစာေျခစနစ္ကိုပိုမိုေကာင္းမြန္ေစတယ္

အစာေၾကလြယ္တယ္ဆိိုတာ က်န္းမာေရးခႏၶာကိုယ္တစ္ခုကိုပိုင္ဆိုင္ဖို႔အတြက္ အေထာက္အကူျပဳပါတယ္။ ေနၾကာေစ႔မွာပါဝင္တဲ႔ Dietary Fiber (အမွ်င္ဓာတ္) ကလည္းဝမ္းခ်ဳပ္ျခင္းကိုကုသေပးႏို္င္ပါေသးတယ္။ ဒီေတာ႔ ေနၾကာေစ႔စားေပးျခင္းက အစာေျခစနစ္ကို ပိုမိုေကာင္းမြန္ေစလို႔ ဝမ္းတစ္လံုးေကာင္းေတာ႔ ေခါင္းမခဲေတာ႔ဘူးေပါ႔။

၂။ကိုလက္စထေရာက်ေစတယ္

ဖိုုင္ေတာစထေရာ (Phytosterols) ေတြဟာ ခႏၶာကိုယ္ထဲကကိုလက္စထေရာ ပမာဏကိုေလ်ာ႔က်ေစတဲ႔ ကြန္ေပါင္းေတြျဖစ္ျပီး ေနၾကာေစ႔မွာ အဲဒီကြန္ေပါင္းေတြပါဝင္လို႔ ခႏၶာကိုယ္ထဲကမေကာင္းတဲ႔ကိုလက္စထေရာဓာတ္ေတြကို ေလ်ာ႔နည္းေစပါတယ္။ ဒါတင္မကေသးပါဘူး။ ေနၾကာေစ႔ထဲမွာပါတဲ႔ Dietary fiber (အမွ်င္ဓာတ္) ကလည္း ကိုလက္စထေရာက်ေစဖို႔ အကူအညီေပးႏိုင္ပါတယ္။

၃။ ႏွလံုးေသြးေၾကာပိတ္ျခင္းကိုကာကြယ္ေပးႏိုင္တယ္

ွဗိုက္တာမင္ စီကႏွလံုးက်န္းမာေရးကိုေကာင္းမြန္ေစတဲ႔ ဓာတ္တစ္မ်ိဳးပါပဲ။ ေနၾကာေစ႔ထဲမွာ ဗိုက္တာမင္ စီၾကြယ္ဝစြာပါဝင္ေတာ႔ ႏွလံုးေသြးေၾကာပိတ္ေရာဂါကိုကာကြယ္ဖို႔အတြက္အေကာင္းဆံုးပါပဲ။ ဒါ႔အျပင္ ေနၾကာေစ႔မွာ ကိုလက္စထေရာေတြ ေအာက္ဆီဂ်င္နဲ႔ဓာတ္ျပဳျခင္းမွ ကာကြယ္ေပးႏိုင္တဲ႔ ဗိုက္တာမင္ အီးလည္းပါရွိပါေသးတယ္။

ကိုလက္စထေရာေတြ ဗိုက္တာမင္နဲ႔ဓာတ္ျပဳတဲ႔အခါ ေသြးေၾကာနံရံေတြမွာ သြားကပ္တြယ္ပါတယ္။ အဲဒီကမွတဆင္႔ ႏွလံုးေသြးေၾကာပိတ္တာေတြ၊ ရုတ္တရက္ႏွလံုးရပ္သြားတာေတြနဲ႕ ေသြးေၾကာေတြက်ဥ္းသြားတာေတြ ျဖစ္လာေစႏိုင္ပါတယ္။ ေလျဖတ္တယ္ဆိုတာလည္း ေအာက္ဆီဂ်င္ နဲ႔ဓာတ္ျပဳတဲ႔ကိုလက္စထေရာေတြေၾကာင္႔ပဲ ျဖစ္ရတာပါပဲ။ ဒါေတြက ေနၾကာေစ႔စားျခင္းက အကာအကြယ္ေပးႏိုင္ပါတယ္။

၄။ အာရံုေၾကာကိုအေထာက္အကူျပဳတယ္

ေနၾကာေစ႔ေတြမွာ မဂၢနီစီယမ္ပါဝင္ပါတယ္။ မဂၢနီစီယမ္က အာရံုေၾကာအတြင္းကယ္လ္ဆီယမ္ေတြဝင္ေရာက္ျခင္းကို တားဆီးေပးတဲ႔အတြက္ အာရံုေၾကာေတြရဲ႕လုပ္ေဆာင္မႈကိုျမွင္႔တင္ေပးပါတယ္။

တကယ္လို႔ ေသြးထဲမွာ မဂၢနီစီယမ္ဓာတ္သာ ေလ်ာ႔နည္းေနခဲ႔မယ္ဆိုရင္ ခႏၶာကိုယ္ထဲကို ကယ္လ္ဆီယမ္ပမာဏေတြမ်ားျပားစြာဝင္ေရာက္လာေစႏိုင္ျပီး အာရံုေၾကာလုပ္ေဆာင္မႈေတြကိုအေႏွာင္႔အယွက္ေပးႏိုင္ပါတယ္။

၅။ အရုိးေတြြကိုသန္မာေစပါတယ္

ေနၾကာေစ႔မွာပါဝင္တဲ႔ မဂၢနီစီယမ္ဓာတ္ဟာ အရိုးေတြကိုသန္မာေစပါတယ္။ ဒါတင္မကေသးပါဘူး။ ေနၾကာေစ႔ထဲမွာပါဝင္တဲ႔ ေကာ႔ပါးက အင္ဇိုင္းေတြအလုပ္လုပ္ရာမွာကူညီေပးျပီး အရိုးေတြနဲ႔ အရိုးဆက္ေနရာ ေတြကို ပိုမိုအားေကာင္းေစပါတယ္။

၆။ ကင္ဆာေရာဂါျဖစ္ပြားႏိုင္ေျခကိုလည္း ေလွ်ာ႔ခ်ေပးပါတယ္

Antioxidant ေတြက ကင္ဆာဆဲလ္ေတြကိုတိုက္ဖ်က္ႏိုင္စြမ္းရွိတယ္လို႔ ဆိုၾကပါတယ္။ ေနၾကာေစ႔ေတြမွာပါဝင္တဲ႔ ဗိုက္တာမင္ အီး၊ ေကာ႔ပါးနဲ႔ ဆီလီနီယမ္ဓာတ္ေတြဟာ ကင္ဆာေရာဂါျဖစ္ပြားရျခင္းရဲ႕အဓိက တာဝန္ရွိသူျဖစ္တဲ႔ ဆဲလ္ပ်က္ဆီးျခင္း မျဖစ္ေအာင္တားဆီးေပးႏိုင္ပါတယ္။

ဒါ႔အျပင္ေနၾကာေစ႔ထဲမွာပါတဲ႔ ဖိုုင္ေတာစထေရာ (Phytosterols) နဲ႔ လစ္ဂနမ္ (Lignans) ေတြက ဆီးက်ိတ္ကင္ဆာ၊ အူမၾကီးကင္ဆာ နဲ႔ရင္သားကင္ဆာဆဲလ္ေတြ ျပန္႔ပြားမႈႏႈန္းကိုကာကြယ္တိုက္ဖ်က္ေပးႏိုင္ပါတယ္။

၇။ ေသြးတိုးက်ေစတယ္

ေနၾကာေစ႔ေတြထဲမွာ ပိုတက္ဆီယမ္ပါဝင္မႈအလြန္ ျမင္႔မားပါတယ္။ ပိုတက္စီယမ္က ေသြးထဲကဆိုဒီယမ္ပမာဏကို ထိန္းခ်ဳပ္ေပးတဲ႔အတြက္ ေသြးတိုးက်ေစပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရုပ်ရှင်ကြည့်မယ်ဆိုရင် နေကြာစေ့လေးတစ်ထုပ်လောက်တော့ ဝယ်သွားပြီး ဝါးလိုက်ရမှ။ နေကြာစေ့ရဲ့ကျန်းမာရေးကောင်းကျိုးတွေ ဘာတွေရှိမှန်းမသိဘဲနဲ့ကို ဝါးနေမိကြတာပါ။ နေကြာစေ့မှာပါဝင်တဲ့ ကယ်လိုရီ၊ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေက လူ့ခန္ဓာကိုယ်ကိုအကျိုးကျေးဇူးပြုပါတယ်။ ဘယ်လိုအကျိုးပြုတယ်ဆိုတာကို အောက်ပါဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အစာခြေစနစ်ကိုပိုမိုကောင်းမွန်စေတယ်

အစာကြေလွယ်တယ်ဆိုတာ ကျန်းမာရေးခန္ဓာကိုယ်တစ်ခုကိုပိုင်ဆိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ နေကြာစေ့မှာပါဝင်တဲ့ Dietary Fiber (အမျှင်ဓာတ်) ကလည်းဝမ်းချုပ်ခြင်းကိုကုသပေးနိုင်ပါသေးတယ်။ ဒီတော့ နေကြာစေ့စားပေးခြင်းက အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေလို့ ဝမ်းတစ်လုံးကောင်းတော့ ခေါင်းမခဲတော့ဘူးပေါ့။

၂။ကိုလက်စထရောကျစေတယ်

ဖိုုင်တောစထရော (Phytosterols) တွေဟာ ခန္ဓာကိုယ်ထဲကကိုလက်စထရော ပမာဏကိုလျော့ကျစေတဲ့ ကွန်ပေါင်းတွေဖြစ်ပြီး နေကြာစေ့မှာ အဲဒီကွန်ပေါင်းတွေပါဝင်လို့ ခန္ဓာကိုယ်ထဲကမကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို လျော့နည်းစေပါတယ်။ ဒါတင်မကသေးပါဘူး။ နေကြာစေ့ထဲမှာပါတဲ့ Dietary fiber (အမျှင်ဓာတ်) ကလည်း ကိုလက်စထရောကျစေဖို့ အကူအညီပေးနိုင်ပါတယ်။

၃။ နှလုံးသွေးကြောပိတ်ခြင်းကိုကာကွယ်ပေးနိုင်တယ်

ှဗိုက်တာမင် စီကနှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့ ဓာတ်တစ်မျိုးပါပဲ။ နေကြာစေ့ထဲမှာ ဗိုက်တာမင် စီကြွယ်ဝစွာပါဝင်တော့ နှလုံးသွေးကြောပိတ်ရောဂါကိုကာကွယ်ဖို့အတွက်အကောင်းဆုံးပါပဲ။ ဒါ့အပြင် နေကြာစေ့မှာ ကိုလက်စထရောတွေ အောက်ဆီဂျင်နဲ့ဓာတ်ပြုခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ဗိုက်တာမင် အီးလည်းပါရှိပါသေးတယ်။

ကိုလက်စထရောတွေ ဗိုက်တာမင်နဲ့ဓာတ်ပြုတဲ့အခါ သွေးကြောနံရံတွေမှာ သွားကပ်တွယ်ပါတယ်။ အဲဒီကမှတဆင့် နှလုံးသွေးကြောပိတ်တာတွေ၊ ရုတ်တရက်နှလုံးရပ်သွားတာတွေနဲ့ သွေးကြောတွေကျဉ်းသွားတာတွေ ဖြစ်လာစေနိုင်ပါတယ်။ လေဖြတ်တယ်ဆိုတာလည်း အောက်ဆီဂျင် နဲ့ဓာတ်ပြုတဲ့ကိုလက်စထရောတွေကြောင့်ပဲ ဖြစ်ရတာပါပဲ။ ဒါတွေက နေကြာစေ့စားခြင်းက အကာအကွယ်ပေးနိုင်ပါတယ်။

၄။ အာရုံကြောကိုအထောက်အကူပြုတယ်

နေကြာစေ့တွေမှာ မဂ္ဂနီစီယမ်ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်က အာရုံကြောအတွင်းကယ်လ်ဆီယမ်တွေဝင်ရောက်ခြင်းကို တားဆီးပေးတဲ့အတွက် အာရုံကြောတွေရဲ့လုပ်ဆောင်မှုကိုမြှင့်တင်ပေးပါတယ်။

တကယ်လို့ သွေးထဲမှာ မဂ္ဂနီစီယမ်ဓာတ်သာ လျော့နည်းနေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ထဲကို ကယ်လ်ဆီယမ်ပမာဏတွေများပြားစွာဝင်ရောက်လာစေနိုင်ပြီး အာရုံကြောလုပ်ဆောင်မှုတွေကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။

၅။ အရိုးတွေကိုသန်မာစေပါတယ်

နေကြာစေ့မှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်ဟာ အရိုးတွေကိုသန်မာစေပါတယ်။ ဒါတင်မကသေးပါဘူး။ နေကြာစေ့ထဲမှာပါဝင်တဲ့ ကော့ပါးက အင်ဇိုင်းတွေအလုပ်လုပ်ရာမှာကူညီပေးပြီး အရိုးတွေနဲ့ အရိုးဆက်နေရာ တွေကို ပိုမိုအားကောင်းစေပါတယ်။

၆။ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်

Antioxidant တွေက ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ နေကြာစေ့တွေမှာပါဝင်တဲ့ ဗိုက်တာမင် အီး၊ ကော့ပါးနဲ့ ဆီလီနီယမ်ဓာတ်တွေဟာ ကင်ဆာရောဂါဖြစ်ပွားရခြင်းရဲ့အဓိက တာဝန်ရှိသူဖြစ်တဲ့ ဆဲလ်ပျက်ဆီးခြင်း မဖြစ်အောင်တားဆီးပေးနိုင်ပါတယ်။

ဒါ့အပြင်နေကြာစေ့ထဲမှာပါတဲ့ ဖိုုင်တောစထရော (Phytosterols) နဲ့ လစ်ဂနမ် (Lignans) တွေက ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ရင်သားကင်ဆာဆဲလ်တွေ ပြန့်ပွားမှုနှုန်းကိုကာကွယ်တိုက်ဖျက်ပေးနိုင်ပါတယ်။

၇။ သွေးတိုးကျစေတယ်

နေကြာစေ့တွေထဲမှာ ပိုတက်ဆီယမ်ပါဝင်မှုအလွန် မြင့်မားပါတယ်။ ပိုတက်စီယမ်က သွေးထဲကဆိုဒီယမ်ပမာဏကို ထိန်းချုပ်ပေးတဲ့အတွက် သွေးတိုးကျစေပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top