iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ စိတ္ဖတ္ႏုိင္တဲ့ မ်ိဳးဗီဇျဖစ္စဥ္မ်ိဳး ပုိပါရွိႏုိင္ျပီး မ်က္လံုးကို ၾကည့္တာနဲ႔ လူတစ္ေယာက္ရဲ႕ အေတြးနဲ႔ စိတ္ခံစားခ်က္ကို ဖတ္ႏုိင္စြမ္းရည္ရွိႏုိင္တယ္လို႔ သိရပါတယ္။

Reading the Mind in the Eyes လို႔အမည္ေပးထားတဲ့ မ်က္လံုးမ်ားမွ စိတ္ကိုဖတ္ျခင္းဆိုတဲ့ သုေတသနတစ္ခုကို Cambridge တကၠသိုလ္က သုေတသနသမားေတြက ကမာၻတစ္ဝန္းရွိ လူေပါင္း ၈၉၀၀၀ မွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လူေတြဟာ တစ္ဖက္လူရဲ႕အေတြးနဲ႔ ခံစားခ်က္ကို မ်က္လံုးကိုၾကည့္ရံုနဲ႔ လ်င္ျမန္စြာ အနက္ျပန္ႏုိင္တယ္လို႔ သုေတသနက ကနဦးအဆင့္မွာ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ စိတ္ဖတ္စြမ္းရည္နဲ႔ သက္ဆုိင္တဲ့ မ်ိဳးဗီဇအေျခအေနေၾကာင့္ အမ်ိဳးသမီးေတြဟာ ပွ်မ္းမွ်အားျဖင့္ ဒီလိုဖတ္ရႈမႈမွာ အမွတ္ပိုျမင့္ၾကတယ္လို႔ ဆုိပါတယ္။ ေအာ္တစ္ဇင္ေရာဂါရွိသူေတြကေတာ့ စမ္းသပ္မႈမွာ အမွတ္နိမ့္ၾကတာ ျဖစ္ပါတယ္။

အဆုိပါေလ့လာမႈဟာ စိတ္ခံစားခ်က္ကိုတစ္ဦးနဲ႔တစ္ဦး သိရွိမႈနဲ႔ပတ္သက္လို႔ ကမာၻေပၚမွာ အၾကီးဆံုးစမ္းသပ္ေလ့လာမႈ ျဖစ္ပါတယ္။ လူသားရဲ႕ မ်ိဳးဗီဇအမ်ိဳးမ်ိဳးျဖစ္မႈနဲ႔ သိရွိႏုိင္မႈစြမ္းေဆာင္ရည္ကို ခ်ိတ္ဆက္ေလ့လာတဲ့ ပထမဆံုးၾကိဳးစားမႈလည္း ျဖစ္တယ္လို႔ သုေတသနကို ျပဳလုပ္ခဲ့သူ Cambridge တကၠသိုလ္မွ ဘြဲ႕လြန္ေက်ာင္းသား ဗာရန္ဝါရီယာ က ေျပာၾကားထားပါတယ္။

 စိတ္ခံစားမႈကုိ သိရွိႏုိင္မႈဟာ မ်ိဳးဗီဇနဲ႔လည္း တစ္စိတ္တစ္ေဒသ သက္ဆုိင္တဲ့ ဆိုတာကို ေဖာ္ျပခဲ့တာျဖစ္ေပမယ့္ အျခားအေၾကာင္းအရင္းေတြျဖစ္တဲ့ ျပဳစုပ်ိဳးေထာင္မႈ၊ ေမြးဖြားျပီး အေတြ႕အၾကံဳေတြရဲ႕ အေရးပါမႈကိုလည္း မ်က္ကြယ္မျပဳသင့္ဘူးလို႔လည္း ဗာရန္ဝါရီယာက ေျပာၾကားထားပါတယ္။

ယခုေတြ႕ရွိမႈအသစ္ေၾကာင့္ စိတ္လႈပ္ရွားမိေၾကာင္းနဲ႔ ဦးေႏွာက္တြင္း အဆုိပါမ်ိဳးဗီဇေတြ အလုပ္လုပ္မႈကို တိတိက်က် ရွာေဖြေနတယ္လို႔ Cambridge တကၠသိုလ္မွ သုေတသနကို ေနာက္ထပ္ဦးေဆာင္သူတစ္ဦးျဖစ္သူ ဆုိင္မြန္ဘာရြန္ကိုဟမ္က ေျပာၾကားထားပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသမီးတွေဟာ စိတ်ဖတ်နိုင်တဲ့ မျိုးဗီဇဖြစ်စဉ်မျိုး ပိုပါရှိနိုင်ပြီး မျက်လုံးကို ကြည့်တာနဲ့ လူတစ်ယောက်ရဲ့ အတွေးနဲ့ စိတ်ခံစားချက်ကို ဖတ်နိုင်စွမ်းရည်ရှိနိုင်တယ်လို့ သိရပါတယ်။

Reading the Mind in the Eyes လို့အမည်ပေးထားတဲ့ မျက်လုံးများမှ စိတ်ကိုဖတ်ခြင်းဆိုတဲ့ သုတေသနတစ်ခုကို Cambridge တက္ကသိုလ်က သုတေသနသမားတွေက ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၈၉၀၀၀ မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လူတွေဟာ တစ်ဖက်လူရဲ့အတွေးနဲ့ ခံစားချက်ကို မျက်လုံးကိုကြည့်ရုံနဲ့ လျင်မြန်စွာ အနက်ပြန်နိုင်တယ်လို့ သုတေသနက ကနဦးအဆင့်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စိတ်ဖတ်စွမ်းရည်နဲ့ သက်ဆိုင်တဲ့ မျိုးဗီဇအခြေအနေကြောင့် အမျိုးသမီးတွေဟာ ပျှမ်းမျှအားဖြင့် ဒီလိုဖတ်ရှုမှုမှာ အမှတ်ပိုမြင့်ကြတယ်လို့ ဆိုပါတယ်။ အော်တစ်ဇင်ရောဂါရှိသူတွေကတော့ စမ်းသပ်မှုမှာ အမှတ်နိမ့်ကြတာ ဖြစ်ပါတယ်။

အဆိုပါလေ့လာမှုဟာ စိတ်ခံစားချက်ကိုတစ်ဦးနဲ့တစ်ဦး သိရှိမှုနဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ အကြီးဆုံးစမ်းသပ်လေ့လာမှု ဖြစ်ပါတယ်။ လူသားရဲ့ မျိုးဗီဇအမျိုးမျိုးဖြစ်မှုနဲ့ သိရှိနိုင်မှုစွမ်းဆောင်ရည်ကို ချိတ်ဆက်လေ့လာတဲ့ ပထမဆုံးကြိုးစားမှုလည်း ဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့သူ Cambridge တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသား ဗာရန်ဝါရီယာ က ပြောကြားထားပါတယ်။

 စိတ်ခံစားမှုကို သိရှိနိုင်မှုဟာ မျိုးဗီဇနဲ့လည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်တဲ့ ဆိုတာကို ဖော်ပြခဲ့တာဖြစ်ပေမယ့် အခြားအကြောင်းအရင်းတွေဖြစ်တဲ့ ပြုစုပျိုးထောင်မှု၊ မွေးဖွားပြီး အတွေ့အကြုံတွေရဲ့ အရေးပါမှုကိုလည်း မျက်ကွယ်မပြုသင့်ဘူးလို့လည်း ဗာရန်ဝါရီယာက ပြောကြားထားပါတယ်။

ယခုတွေ့ရှိမှုအသစ်ကြောင့် စိတ်လှုပ်ရှားမိကြောင်းနဲ့ ဦးနှောက်တွင်း အဆိုပါမျိုးဗီဇတွေ အလုပ်လုပ်မှုကို တိတိကျကျ ရှာဖွေနေတယ်လို့ Cambridge တက္ကသိုလ်မှ သုတေသနကို နောက်ထပ်ဦးဆောင်သူတစ်ဦးဖြစ်သူ ဆိုင်မွန်ဘာရွန်ကိုဟမ်က ပြောကြားထားပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top