iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕ဖက္ရွင္ အသံုးအေဆာင္ပစၥည္းေတြဟာ လူကိုပိုစတိုင္က်လွပလာေအာင္ စြမ္းေဆာင္ ေပးႏိုင္တယ္ဆိုေပမယ့္ အသံုးျပဳသူ႔ရဲ႕ က်န္းမာေရးကို တိတ္တဆိတ္ ဒုကၡေပးတတ္ပါတယ္။ေ လ့လာမႈ တစ္ခုအရ အမ်ိဳးသမီး(၇၉)ရာခိုင္ႏႈန္းဟာ အ၀တ္အစား၊အသံုးအေဆာင္အဆင္ တန္ဆာေတြေၾကာင့္ ေနာက္ေက်မွာ ဒဏ္ျဖစ္ရတာေတြ ရွိတယ္လုိ႔ ဆိုပါတယ္။ဘယ္လို ဖက္ရွင္ အသံုးအေဆာင္ပစၥည္းေတြက သင့္ရဲ႕ ခႏၶာကိုယ္နဲ႔က်န္းမာေရးကို ဒုကၡေပး ထိခို္က္ေစသလဲ ဆိုေတာ့…

(၁)အရမ္းက်ပ္တဲ့ ေဘာင္းဘီ

အရမ္းက်ပ္တဲ့ ေဘာင္းဘီေတြ၊ “skinny jeans” ေတြဟာ က်န္းမာေရးရႈေထာင့္က ၾကည့္ရင္ မေ ကာင္းပါဘူး။သူတို႔ကို ၀တ္ပါမ်ားရင္ ေသြးလွည့္ပတ္မႈမွာ အေႏွာင့္အယွက္ေပးတာ၊ ေသြးေ ၾကာေတြ က်ယ္လာတာ၊အစာေျခစနစ္ကို ေႏွးေကြးေစတာေတြ ျဖစ္ေစပါတယ္။ဒါ့အျပင္္ ေပါင္မွာလည္း ဒဏ္ျဖစ္ နာက်င္တဲ့ ေ၀ဒနာေတြ ခံစားရေစပါတယ္။

(၂)ေဒါက္ဖိနပ္

ေလ့လာမႈတစ္ခုအရ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြ ထက္ပိုၿပီး ေျခေထာက္ထိခိုက္ဒဏ္ရာမႈ (၄) ဆပိုမ်ားပါတယ္။အဆစ္နာတာ၊ေျခက်င္း၀တ္နာက်င္တာ၊အရိုးအဆစ္ ေယာင္ယမ္းနာက်င္တာ၊ အာရံုေၾကာစနစ္ထိခိုက္တာေတြ ဟာ ေဒါက္ဖိနပ္ကို မခၽြတ္စတမ္း စီးၾကတဲ့ ပ်ိဳေမတုိ႔ ႀကံဳရႏိုင္ေခ် မ်ားတဲ့ ေရာဂါေတြပါ။အရမး္ျမင့္ၿပီး က်ဥ္းတဲ့ ဖိနပ္မ်ိဳး ဆိုရင္ ပိုဆိုးပါတယ္။ဒါေၾကာင့္ ေဒါက္ဖိနပ္ကို စီးတဲ့ အႀကိမ္ေရ တတ္ႏိုင္သမွ်ေလွ်ာ႔ေပးပါ။

(၃)ႀကိဳးအတြင္းခံေဘာင္းဘီ

ႀကိဳးအတြင္းခံေဘာင္းဘီေတြဟာ သားအိမ္လမ္းေၾကာင္း ပိုး၀င္တာ၊စအို၀ ေယာင္ယမ္းတာ၊မိန္းမ ကိုယ္မွာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ၊အေရျပား ပြန္းရွတာ အစရွိတာေတြ ျဖစ္ေစပါတယ္။အထူးသျဖင့္ ေႏြရာသီ လို အခ်ိန္မ်ိဳးမွာ ဒီလို အတြင္းခံမ်ိဳးကို ေရွာင္ပါ။၀တ္မယ္ဆုိရင္လည္း တစ္ရာရာ ခိုင္ႏႈန္းခ်ည္သားစစ္စစ္နဲ႔ ဖန္တီးထားတာမ်ဳိးကို ေရြးခ်ယ္ေပးပါ။

(၄)အရမ္းေလးတဲ့ လက္၀တ္ရတနာ

ေလ့လာမႈတစ္ခုအရ (၂၀)ရာခုိင္ႏႈန္းေသာ အမ်ိဳးသမီးေတြဟာ လည္ဆြဳ၊ဆြဲႀကိဳးေၾကာင့္ ဗက္တီးရီးယား ပိုး၀င္တာမ်ိဳးနဲ႔ ႀကံဳရတယ္လုိပ ဆုိပါတယ္။တစ္ခ်ိဳ႕က အရမး္ေလးတဲ့ ဆြဲႀကိဳး၊နားကပ္ တို႔ကို  ၀တ္ဆင္တတ္ၾကၿပီး ဒါဟာ ၾကာလာရင္ ဒဏ္ျဖစ္ၿပီး ခြဲစိတ္ရတဲ့ အထိ အေျခအေန ဆိုးတာမိ်ိဳးနဲ႔ ႀကံဳရတတ္ပါတယ္။

(၅)နက္္ခ္ကတိုင္

မိန္းကေလးေတြ တင္မဟုတ္ပါဘူး။(၆၇)ရခိုင္ႏႈန္းေသာ အမ်ိဳးသားေတြဟာ သူတို႔ရဲ႕ လ ည္ပင္း ထက္ေသးတဲ့ နက္ခ္တိုင္ကို ေရြးခ်ယ္မိတတ္ၾကတယ္လုိ႔ ဆိုပါတယ္။မွားယြင္းတ့ဲ ေရြးခ်ယ္မႈ ရဲ႕ ေနာက္ဆက္တြဲကေတာ့ နက္ခ္တိုင္က အရမ္းက်ပ္ၿပီး ေသြးလွည့္ပတ္မႈ ေလ်ာ႔နည္းတာ၊ႏွလံုး ပင္မေသြးလႊတ္ေၾကာရဲ႕ လုပ္ငန္းကို သြားထိခိုက္တာ၊လည္ပင္းရဲ႕ လႈပ္ရွားမႈကို အဆင္မေျပျဖစ္တာ ၊ေက်ာနဲ႔ပခံုးမွာရွိတဲ့ ၾကြက္သားေတြ တင္းေတာင့္လာတဲ့ ေ၀ဒနာမ်ိဳးကို ခံစားရတတ္ပါတယ္။

(၆)ဘရာဆိုဒ္္မွန္ေအာင္ မေရြးတာ

ကိုယ့္ရဲ႕ ခႏၶာကုိယ္နဲ႔ မေတာ္တဲ့ ဘရာဆိုဒ္မ်ိဳးကို ေရြးခ်ယ္၀တ္ ဆင္မိၿပီိဆိုရင္ေတာ့ ေနာက္ေက်ာ ပခံုး၊ေက်ာရိုးမႀကီးတို႔ကို သြားၿပီး ထိခိုက္ေစတတ္ပါတယ္။ရင္သားႀကီးတဲ့ သူဆိုရင္ ဘရာႀကိဳးေ သးကို ေရွာင္ပါ။ရင္သားေသးတဲ့သူဆိုရင္ေတာ့ အေရျပားကို မထိခိုက္ေစတဲ့ metal underwires မ်ိဳးကို ေရြးပါ။

(၇)ဖိနပ္အပါး

ကမ္းေျခေတြသြားရင္ ၀တ္တဲ့ ဖိနပ္အပါးမ်ိဳးက က်န္းမာေရးကို ထိခိုက္တယ္လို႔ ေျပာလိုက္ရင္ အံ့အားသြားမွာေသခ်ာပါတယ္။ဒါေပမယ့္ ဒီလို ဖိနပ္မ်ိဳးဟာ အရမ္းျပားတဲ့ အတြက္ ေျခေထာက္ဟာ ေျမႀကီးနဲ႔ပိုထိကပ္ထားရတဲ့ အတြက္ ေျခဖ၀ါးမွာ ပိုအားစိုက္ထားရကာ၊ေနာက္ေက်မွာ နာက်င္တာ ၊အဆင္မေျပတာေတြ ခံစားရတတ္ပါတယ္။

(၈)ခါးစည္း၊ဗိုက္စည္း

ဒီလို ခါစည္း၊ဗိုက္စည္းေတြဟာ အသက္ရႈရၾကပ္ေစတာ၊ၾကြက္သားနာက်င္တာနဲ႔ ေသြးလွည့္ပတ္မႈ အတြက္ ျပႆနာျဖစ္ေစပါတယ္။

(၉)လက္ကိုင္အိတ္အႀကီးႀကီးေတြ

လက္ကိုင္အိတ္အႀကီးႀကီးေတြဟာ ပခံုးမွာ သြားၿပီး ဒဏ္ျဖစ္ေစပါတယ္။ဒါေၾကာင့္ လက္ကိုင္ အိတ္ အႀကီးႀကီီးကိုမွ ကိုင္တတ္တယ္ဆိုရင္ေတာ့ ပစၥည္းေတြကို အမ်ားႀကီး ထည့္သယ္တာမ်ိဳး မလုပ္မိေစ ဖို႔ ဂရုစို္က္ပါ။

(၁၀)Pencil skirts

Pencil skirts ေတြကေပးတဲ့ က်န္းမာေရးျပႆနာကေတာ့ ေျခေထာက္ေတြကို တုပ္ထား၊ပူးကပ္ ထားသလို ျဖစ္ေစတာေၾကာင့္ ခႏၶာကိုယ္္မွာ ဟန္ခ်က္မညီမွ်တာေတြ ျဖစ္ေစပါတယ္။လမ္းေလွ်ာ က္ရင္၊ကားစီးရင္ ထိန္းၿပီး လႈပ္ရွားသြားလာေနရတဲ့ အတြက္ ၾကြက္သားနာက်င္တာနဲ႔ဒူး အေနအထား မမွန္တာေၾကာင့္ ဒူးကိုသြားၿပီး ထိိခိုက္တာေတြလည္း ျဖစ္ေစပါတယ္။

Ref;brightside
Credit:Auntymay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Uncode Version#

တစ်ချို့ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေဟာ လူကိုပိုစတိုင်ကျလှပလာအောင် စွမ်းဆောင် ပေးနိုင်တယ်ဆိုပေမယ့် အသုံးပြုသူ့ရဲ့ ကျန်းမာရေးကို တိတ်တဆိတ် ဒုက္ခပေးတတ်ပါတယ်။ေ လ့လာမှု တစ်ခုအရ အမျိုးသမီး(၇၉)ရာခိုင်နှုန်းဟာ အဝတ်အစား၊အသုံးအဆောင်အဆင် တန်ဆာတွေကြောင့် နောက်ကျေမှာ ဒဏ်ဖြစ်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ဘယ်လို ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေက သင့်ရဲ့ ခန္ဓာကိုယ်နဲ့ကျန်းမာရေးကို ဒုက္ခပေး ထိခိုက်စေသလဲ ဆိုတော့…

(၁)အရမ်းကျပ်တဲ့ ဘောင်းဘီ

အရမ်းကျပ်တဲ့ ဘောင်းဘီတွေ၊ “skinny jeans” တွေဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင် မေ ကာင်းပါဘူး။သူတို့ကို ဝတ်ပါများရင် သွေးလှည့်ပတ်မှုမှာ အနှောင့်အယှက်ပေးတာ၊ သွေးေ ကြာတွေ ကျယ်လာတာ၊အစာခြေစနစ်ကို နှေးကွေးစေတာတွေ ဖြစ်စေပါတယ်။ဒါ့အပြင် ပေါင်မှာလည်း ဒဏ်ဖြစ် နာကျင်တဲ့ ဝေဒနာတွေ ခံစားရစေပါတယ်။

(၂)ဒေါက်ဖိနပ်

လေ့လာမှုတစ်ခုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက်ပိုပြီး ခြေထောက်ထိခိုက်ဒဏ်ရာမှု (၄) ဆပိုများပါတယ်။အဆစ်နာတာ၊ခြေကျင်းဝတ်နာကျင်တာ၊အရိုးအဆစ် ယောင်ယမ်းနာကျင်တာ၊ အာရုံကြောစနစ်ထိခိုက်တာတွေ ဟာ ဒေါက်ဖိနပ်ကို မချွတ်စတမ်း စီးကြတဲ့ ပျိုမေတို့ ကြုံရနိုင်ချေ များတဲ့ ရောဂါတွေပါ။အရမ်းမြင့်ပြီး ကျဉ်းတဲ့ ဖိနပ်မျိုး ဆိုရင် ပိုဆိုးပါတယ်။ဒါကြောင့် ဒေါက်ဖိနပ်ကို စီးတဲ့ အကြိမ်ရေ တတ်နိုင်သမျှလျှော့ပေးပါ။

(၃)ကြိုးအတွင်းခံဘောင်းဘီ

ကြိုးအတွင်းခံဘောင်းဘီတွေဟာ သားအိမ်လမ်းကြောင်း ပိုးဝင်တာ၊စအို၀ ယောင်ယမ်းတာ၊မိန်းမ ကိုယ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊အရေပြား ပွန်းရှတာ အစရှိတာတွေ ဖြစ်စေပါတယ်။အထူးသဖြင့် နွေရာသီ လို အချိန်မျိုးမှာ ဒီလို အတွင်းခံမျိုးကို ရှောင်ပါ။ဝတ်မယ်ဆိုရင်လည်း တစ်ရာရာ ခိုင်နှုန်းချည်သားစစ်စစ်နဲ့ ဖန်တီးထားတာမျိုးကို ရွေးချယ်ပေးပါ။

(၄)အရမ်းလေးတဲ့ လက်ဝတ်ရတနာ

လေ့လာမှုတစ်ခုအရ (၂၀)ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လည်ဆွု၊ဆွဲကြိုးကြောင့် ဗက်တီးရီးယား ပိုးဝင်တာမျိုးနဲ့ ကြုံရတယ်လိုပ ဆိုပါတယ်။တစ်ချို့က အရမ်းလေးတဲ့ ဆွဲကြိုး၊နားကပ် တို့ကို  ဝတ်ဆင်တတ်ကြပြီး ဒါဟာ ကြာလာရင် ဒဏ်ဖြစ်ပြီး ခွဲစိတ်ရတဲ့ အထိ အခြေအနေ ဆိုးတာမျိုးနဲ့ ကြုံရတတ်ပါတယ်။

(၅)နက်ခ်ကတိုင်

မိန်းကလေးတွေ တင်မဟုတ်ပါဘူး။(၆၇)ရခိုင်နှုန်းသော အမျိုးသားတွေဟာ သူတို့ရဲ့ လ ည်ပင်း ထက်သေးတဲ့ နက်ခ်တိုင်ကို ရွေးချယ်မိတတ်ကြတယ်လို့ ဆိုပါတယ်။မှားယွင်းတဲ့ ရွေးချယ်မှု ရဲ့ နောက်ဆက်တွဲကတော့ နက်ခ်တိုင်က အရမ်းကျပ်ပြီး သွေးလှည့်ပတ်မှု လျော့နည်းတာ၊နှလုံး ပင်မသွေးလွှတ်ကြောရဲ့ လုပ်ငန်းကို သွားထိခိုက်တာ၊လည်ပင်းရဲ့ လှုပ်ရှားမှုကို အဆင်မပြေဖြစ်တာ ၊ကျောနဲ့ပခုံးမှာရှိတဲ့ ကြွက်သားတွေ တင်းတောင့်လာတဲ့ ဝေဒနာမျိုးကို ခံစားရတတ်ပါတယ်။

(၆)ဘရာဆိုဒ်မှန်အောင် မရွေးတာ

ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ မတော်တဲ့ ဘရာဆိုဒ်မျိုးကို ရွေးချယ်ဝတ် ဆင်မိပြီဆိုရင်တော့ နောက်ကျော ပခုံး၊ကျောရိုးမကြီးတို့ကို သွားပြီး ထိခိုက်စေတတ်ပါတယ်။ရင်သားကြီးတဲ့ သူဆိုရင် ဘရာကြိုးေ သးကို ရှောင်ပါ။ရင်သားသေးတဲ့သူဆိုရင်တော့ အရေပြားကို မထိခိုက်စေတဲ့ metal underwires မျိုးကို ရွေးပါ။

(၇)ဖိနပ်အပါး

ကမ်းခြေတွေသွားရင် ဝတ်တဲ့ ဖိနပ်အပါးမျိုးက ကျန်းမာရေးကို ထိခိုက်တယ်လို့ ပြောလိုက်ရင် အံ့အားသွားမှာသေချာပါတယ်။ဒါပေမယ့် ဒီလို ဖိနပ်မျိုးဟာ အရမ်းပြားတဲ့ အတွက် ခြေထောက်ဟာ မြေကြီးနဲ့ပိုထိကပ်ထားရတဲ့ အတွက် ခြေဖဝါးမှာ ပိုအားစိုက်ထားရကာ၊နောက်ကျေမှာ နာကျင်တာ ၊အဆင်မပြေတာတွေ ခံစားရတတ်ပါတယ်။

(၈)ခါးစည်း၊ဗိုက်စည်း

ဒီလို ခါစည်း၊ဗိုက်စည်းတွေဟာ အသက်ရှုရကြပ်စေတာ၊ကြွက်သားနာကျင်တာနဲ့ သွေးလှည့်ပတ်မှု အတွက် ပြဿနာဖြစ်စေပါတယ်။

(၉)လက်ကိုင်အိတ်အကြီးကြီးတွေ

လက်ကိုင်အိတ်အကြီးကြီးတွေဟာ ပခုံးမှာ သွားပြီး ဒဏ်ဖြစ်စေပါတယ်။ဒါကြောင့် လက်ကိုင် အိတ် အကြီးကြီးကိုမှ ကိုင်တတ်တယ်ဆိုရင်တော့ ပစ္စည်းတွေကို အများကြီး ထည့်သယ်တာမျိုး မလုပ်မိစေ ဖို့ ဂရုစိုက်ပါ။

(၁၀)Pencil skirts

Pencil skirts တွေကပေးတဲ့ ကျန်းမာရေးပြဿနာကတော့ ခြေထောက်တွေကို တုပ်ထား၊ပူးကပ် ထားသလို ဖြစ်စေတာကြောင့် ခန္ဓာကိုယ်မှာ ဟန်ချက်မညီမျှတာတွေ ဖြစ်စေပါတယ်။လမ်းလျှော က်ရင်၊ကားစီးရင် ထိန်းပြီး လှုပ်ရှားသွားလာနေရတဲ့ အတွက် ကြွက်သားနာကျင်တာနဲ့ဒူး အနေအထား မမှန်တာကြောင့် ဒူးကိုသွားပြီး ထိခိုက်တာတွေလည်း ဖြစ်စေပါတယ်။

Ref;brightside

Credit:Auntymay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top