iMyanmarHouse.com - Best Property Website for Myanmar
×

ရယ္ေမာတတ္တဲ့ အက်င့္ရွိသူေတြဟာ သာမန္လူေတြထက္ အသက္ပုိရွည္တယ္ဆုိတာကုိ ေဆးပညာ႐ႈေထာင့္
က အေၾကာင္းျပခ်က္(8)မ်ိဳးနဲ႕ ရွင္းလင္းထားပါတယ္။ ျမန္မာစကားပုံလည္း ရွိၿပီးသားေပပဲ။ “ရယ္ေသာသူသည္
အသက္ရွည္သည္”ဆုိတာေလ။ ဒါဟာ ေရွးပညာရွိေတြက အေၾကာင္းမဲ့ ေျပာထားတာေတာ့ ဟုတ္ပုံမရပါဘူး။
ဒါေပမယ့္လည္း ဘာေၾကာင့္ ရယ္ရင္အသက္ရွည္တယ္ဆုိတာကိုလည္း တိတိက်က် ရွင္းျပထားတာမ်ိဳး မရွိပါ
ဘူး။ ေအာက္မွာေတာ့ ရယ္ေမာတတ္တဲ့ အက်င့္ရွိသူေတြ ဘာ့ေၾကာင့္ အသက္ရွည္ရလဲ ဆိုတာကို ေဖာ္ျပေပး
လိုက္ပါတယ္။

1. ေရာဂါဘယေတြကုိကင္းေ၀းေစတယ္။

သုေတသနျပဳသူေတြရဲ႕ အတည္ျပဳခ်က္အရ ရယ္ေမာသူေတြဟာ ေရာဂါကုိ ခုခံႏုိင္စြမ္း သာမာန္ထက္ အား
ေကာင္းတယ္လုိ႕ ဆုိထားပါတယ္။ ရယ္ေမာသူမွာ ခႏၶာေဗဒကေန T cell ေတြ ထုတ္လုပ္ႏုိင္မႈ အားေကာင္းၿပီး
သာမန္အေအးမိ ေခ်ာင္းဆုိးတာမ်ိဳးကုိေတာင္ ခံႏုိင္ရည္ရွိတယ္လုိ႕ ဆုိပါတယ္။ ဒါ့အျပင္ ဖိအားအမ်ိဳးမ်ိဳးေၾကာင့္
ထြက္ေပၚလာတဲ့ ဟုိမုန္းေတြကုိလည္း ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

2. နာက်င္မႈကုိ ေလွ်ာ့က်ေစတယ္။

ဟက္ဟက္ပတ္ပတ္ ရယ္ေမာျခင္းဟာ နာက်င္မႈကုိ ေလွ်ာ့က်ေစပါတယ္။ ဒါ့အျပင္ အဲဒီလုိ ဟက္ဟက္ပတ္ပတ္
ရယ္ေမာသူေတြဟာ ေမာ္ဖင္းနဲ႕ ပမာဏတူညီတဲ့ ခံႏုိင္ရည္အင္အားကုိ ထုတ္လုပ္ေပးပါတယ္။

3. သင့္ကို လူခ်စ္လူခင္မ်ားေစတယ္။

လူၾကားထဲ အေၾကာင္းမဲ့ ထ,ရယ္ရင္ေတာ့ သင့္ကို စိတၱေဆး႐ုံေခၚသြားၾကလိ့မ္မယ္။ ဒီေတာ့ အေၾကာင္းျပခ်က္
တစ္ခုခုေၾကာင့္ သင္ရယ္တဲ့အခါ သင္ရယ္တဲ့ပုံစံကုိ ျမင္ၿပီး လူေတြက သင့္ကို ခင္မင္ၾကမယ္၊ ႏွစ္သက္ၾကမယ္၊
လူမႈေရးနယ္ပယ္မွာလည္း ပုိၿပီး ေအာင္ျမင္မယ္လုိ႕ ဆုိထားပါတယ္။

4. စိတ္ဖိအားကို ေလွ်ာ့ခ်ေပးတယ္။

၀မ္းနည္းျခင္းေတြ၊ စိတ္ထားညႇိဳးငယ္ျခင္းေတြ၊ အလုိမက်မႈေတြ၊ က်႐ႈံးမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ဖိအားေတြ
ကို အားရပါးရ ရယ္ေမာျခင္းျဖင့္ ေျဖေဖ်ာက္ႏုိင္ပါတယ္။

5. လုပ္ငန္းတစ္၀က္ကုိ ၿပီးေျမာက္ေစတယ္။

အမ်ားနဲ႕ဆက္ဆံၿပီး လုပ္ရတဲ့အလုပ္ေတြမွာ ရယ္ေမာသူနဲ႕ မ်က္ႏွာႀကီး တည္ၿပီး ဆက္ဆံသူေတြဟာ ကြာျခား
ပါတယ္။ အလုပ္ထိေရာက္မႈမွာလည္း ရယ္ေမာတဲ့သူေတြရဲ႕အလုပ္ဟာ တစ္၀က္ေလာက္အထိ ၿပီးေျမာက္ေစ
တယ္လုိ႕ ဆုိပါတယ္။ (ဒါေပမယ့္ လုပ္ငန္းလုပ္မယ္ ထုိင္ရယ္ေနလုိ႕လည္း မျဖစ္ဘူးေပါ့ဗ်ာ)

6. ႏွလုံးက်န္းမာေရးကိုေကာင္းမြန္ေစႏုိင္။

ရယ္ျခင္းေၾကာင့္ အသက္႐ႈလမ္းေၾကာင္းေတြရဲ႕ အလုပ္လုပ္မႈဟာ ႏွစ္ဆအထိ တုိးတက္ေကာင္းမြန္ပါတယ္။ ဒါအျပင့္ ႏွလုံးနဲ႕ပတ္သက္တဲ့ေရာဂါေတြ ျဖစ္ျခင္းကိုလည္း ထိထိေရာက္ေရာက္ ကာကြယ္ေပးပါတယ္။

7. ေသြးေပါင္ခ်ိန္ျမင့္တက္မႈကုိ က်ဆင္းေစတယ္။

ပုံမွန္အရယ္သန္တဲ့သူေတြမွာ ေသြးတုိးေရာဂါ မရွိသေလာက္ နည္းပါးတယ္လုိ႕ ဆုိပါတယ္။ ရယ္ျခင္းဟာ စိတ္
ဖိစီးမႈ အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္လာတဲ့ ေသြးေပါင္ခ်ိန္တုိးမႈကုိ အလွ်င္အျမန္ထိန္းညႇိေပးႏုိင္ၿပီး ေဘးထြက္ဆုိးက်ိဴး
လုံး၀မရွိတဲ့ ေသြးက်ေဆးလုိ႕ေတာင္ ညႊန္းဆုိထားပါတယ္။

8. ကိုယ္အေလးခ်ိန္ကုိ ေလွ်ာ့ခ်ေပးတယ္။

ႏွလုံးခုန္ျခင္းကုိ ထိန္းညႇိေပးတဲ့အျပင္ ႐ုတ္တရက္ေသြးေၾကာပိတ္စုိ႕ျခင္းကုိလည္း အကာအကြယ္ေပးပါတယ္။
ဒါ့အျပင္ ရယ္ေမာျခင္းဟာ လူေတြရဲ႕ ခႏၶာကုိယ္ထဲမွာရွိတဲ့ ကယ္လုိရီေလာင္ကၽြမ္းမႈကုိ အထိေရာက္ဆုံး အကူ
အညီေပးႏုိင္လုိ႕ ခႏၶာကုိယ္အေလးခ်ိန္ကုိ ေလွ်ာ့က်ေစတယ္လုိ႕ ဆုိပါတယ္။

Credit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရယ်မောတတ်တဲ့ အကျင့်ရှိသူတွေဟာ သာမန်လူတွေထက် အသက်ပိုရှည်တယ်ဆိုတာကို ဆေးပညာရှုထောင့်
က အကြောင်းပြချက်(8)မျိုးနဲ့ ရှင်းလင်းထားပါတယ်။ မြန်မာစကားပုံလည်း ရှိပြီးသားပေပဲ။ “ရယ်သောသူသည်
အသက်ရှည်သည်”ဆိုတာလေ။ ဒါဟာ ရှေးပညာရှိတွေက အကြောင်းမဲ့ ပြောထားတာတော့ ဟုတ်ပုံမရပါဘူး။
ဒါပေမယ့်လည်း ဘာကြောင့် ရယ်ရင်အသက်ရှည်တယ်ဆိုတာကိုလည်း တိတိကျကျ ရှင်းပြထားတာမျိုး မရှိပါ
ဘူး။ အောက်မှာတော့ ရယ်မောတတ်တဲ့ အကျင့်ရှိသူတွေ ဘာ့ကြောင့် အသက်ရှည်ရလဲ ဆိုတာကို ဖော်ပြပေး
လိုက်ပါတယ်။

1. ရောဂါဘယတွေကိုကင်းဝေးစေတယ်။

သုတေသနပြုသူတွေရဲ့ အတည်ပြုချက်အရ ရယ်မောသူတွေဟာ ရောဂါကို ခုခံနိုင်စွမ်း သာမာန်ထက် အား
ကောင်းတယ်လို့ ဆိုထားပါတယ်။ ရယ်မောသူမှာ ခန္ဓာဗေဒကနေ T cell တွေ ထုတ်လုပ်နိုင်မှု အားကောင်းပြီး
သာမန်အအေးမိ ချောင်းဆိုးတာမျိုးကိုတောင် ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖိအားအမျိုးမျိုးကြောင့်
ထွက်ပေါ်လာတဲ့ ဟိုမုန်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

2. နာကျင်မှုကို လျှော့ကျစေတယ်။

ဟက်ဟက်ပတ်ပတ် ရယ်မောခြင်းဟာ နာကျင်မှုကို လျှော့ကျစေပါတယ်။ ဒါ့အပြင် အဲဒီလို ဟက်ဟက်ပတ်ပတ်
ရယ်မောသူတွေဟာ မော်ဖင်းနဲ့ ပမာဏတူညီတဲ့ ခံနိုင်ရည်အင်အားကို ထုတ်လုပ်ပေးပါတယ်။

3. သင့်ကို လူချစ်လူခင်များစေတယ်။

လူကြားထဲ အကြောင်းမဲ့ ထ,ရယ်ရင်တော့ သင့်ကို စိတ္တဆေးရုံခေါ်သွားကြလိ့မ်မယ်။ ဒီတော့ အကြောင်းပြချက်
တစ်ခုခုကြောင့် သင်ရယ်တဲ့အခါ သင်ရယ်တဲ့ပုံစံကို မြင်ပြီး လူတွေက သင့်ကို ခင်မင်ကြမယ်၊ နှစ်သက်ကြမယ်၊
လူမှုရေးနယ်ပယ်မှာလည်း ပိုပြီး အောင်မြင်မယ်လို့ ဆိုထားပါတယ်။

4. စိတ်ဖိအားကို လျှော့ချပေးတယ်။

ဝမ်းနည်းခြင်းတွေ၊ စိတ်ထားညှိုးငယ်ခြင်းတွေ၊ အလိုမကျမှုတွေ၊ ကျရှုံးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားတွေ
ကို အားရပါးရ ရယ်မောခြင်းဖြင့် ဖြေဖျောက်နိုင်ပါတယ်။

5. လုပ်ငန်းတစ်ဝက်ကို ပြီးမြောက်စေတယ်။

အများနဲ့ဆက်ဆံပြီး လုပ်ရတဲ့အလုပ်တွေမှာ ရယ်မောသူနဲ့ မျက်နှာကြီး တည်ပြီး ဆက်ဆံသူတွေဟာ ကွာခြား
ပါတယ်။ အလုပ်ထိရောက်မှုမှာလည်း ရယ်မောတဲ့သူတွေရဲ့အလုပ်ဟာ တစ်ဝက်လောက်အထိ ပြီးမြောက်စေ
တယ်လို့ ဆိုပါတယ်။ (ဒါပေမယ့် လုပ်ငန်းလုပ်မယ် ထိုင်ရယ်နေလို့လည်း မဖြစ်ဘူးပေါ့ဗျာ)

6. နှလုံးကျန်းမာရေးကိုကောင်းမွန်စေနိုင်။

ရယ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းတွေရဲ့ အလုပ်လုပ်မှုဟာ နှစ်ဆအထိ တိုးတက်ကောင်းမွန်ပါတယ်။ ဒါအပြင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ခြင်းကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။

7. သွေးပေါင်ချိန်မြင့်တက်မှုကို ကျဆင်းစေတယ်။

ပုံမှန်အရယ်သန်တဲ့သူတွေမှာ သွေးတိုးရောဂါ မရှိသလောက် နည်းပါးတယ်လို့ ဆိုပါတယ်။ ရယ်ခြင်းဟာ စိတ်
ဖိစီးမှု အမျိုးမျိုးကြောင့် ဖြစ်လာတဲ့ သွေးပေါင်ချိန်တိုးမှုကို အလျှင်အမြန်ထိန်းညှိပေးနိုင်ပြီး ဘေးထွက်ဆိုးကျိူး
လုံးဝမရှိတဲ့ သွေးကျဆေးလို့တောင် ညွှန်းဆိုထားပါတယ်။

8. ကိုယ်အလေးချိန်ကို လျှော့ချပေးတယ်။

နှလုံးခုန်ခြင်းကို ထိန်းညှိပေးတဲ့အပြင် ရုတ်တရက်သွေးကြောပိတ်စို့ခြင်းကိုလည်း အကာအကွယ်ပေးပါတယ်။
ဒါ့အပြင် ရယ်မောခြင်းဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို အထိရောက်ဆုံး အကူ
အညီပေးနိုင်လို့ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ကျစေတယ်လို့ ဆိုပါတယ်။

Credit:Mystylemyanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top