iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၈၁ ႏွစ္ရွိၿပီျဖစ္တဲ့ အေမရိကန္ ကန္းထရီးသီခ်င္း အဆိုေတာ္ ဂလန္းကမ္းဘဲလ္ဟာ ၾသဂုတ္ ၈ ရက္ေန႔က ကြယ္လြန္သြားပါတယ္။

႐ိုင္းစတုန္းေကာင္းဘိြဳင္ (Rhinestone Cowboy)၊ ဝီခ်ီတာလိုင္းမန္း (Wichita Lineman) စတဲ့သီခ်င္းေတြနဲ႔ ေက်ာ္ၾကားခဲ့သူ အဆိုေတာ္ႀကီးဟာ အယ္လ္ဇိုင္းမားေရာဂါကို ႏွစ္ရွည္လမ်ား ခံစားခဲ့ရပါတယ္။

နက္ရွ္ဗီလီ (Nashville) က အယ္လ္ဇိုင္းမားေဝဒနာသည္ ေစာင့္ေရွာက္ေရးေဂဟာမွာ မိသားစုဝင္ေတြ လက္ထဲမွာပဲ ကြယ္လြန္ခဲ့တယ္လို႔ သူ႔ရဲ႕ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

အဆိုေတာ္ ဂလန္းကမ္းဘဲလ္ရဲ႕ တရားဝင္ ဝက္ဘ္ဆုိက္မွာ သူ႔ရဲ႕မိသားစုဝင္ေတြက “က်ေနာ္ က်မတို႔ရဲ႕ အဖိုး၊ အေဖ၊ ခင္ပြန္းျဖစ္သူ ဂႏၳဝင္အဆိုေတာ္နဲ႔ ဂစ္တာသမား ဂလန္းထရာပစ္ကမ္းဘဲလ္ဟာ အသက္ ၈၁ ႏွစ္အရြယ္မွာ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း စိတ္ႏွလံုး ထိခုိက္ေၾကကြဲစြာနဲ႔ အသိေပး အေၾကာင္းၾကားအပ္ပါတယ္” လို႔ ေရးသားခဲ့ပါတယ္။

ဂလန္းကမ္းဘဲလ္ဟာ ၂၀၁၁ ခုႏွစ္မွာ အယ္လ္ဇိုင္းမားေရာဂါကို ခံစားခဲ့ရၿပီးေနာက္ ၂၀၁၂ ခုႏွစ္ ႏိုဝင္ဘာလအထိ ႏိုင္ငံအႏွံ႔ ႏႈတ္ဆက္ေဖ်ာ္ေျဖပြဲေတြ လုပ္ခဲ့ပါတယ္။

အဲဒီေဖ်ာ္ေျဖပြဲေတြ ၿပီးတဲ့ေနာက္မွာ အာဒီယို႔စ္ (Adios) နာမည္နဲ႔ ေနာက္ဆံုး စီးရီးတခု ထုတ္ခဲ့ပါတယ္။

သူ႔ရဲ႕သက္တမ္းတေလွ်ာက္မွာ ဂရမ္မီဆု ၆ ခု ရခဲ့တယ္လို႔ သိရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: DVB

#Unicode Version#
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် ကန်းထရီးသီချင်း အဆိုတော် ဂလန်းကမ်းဘဲလ်ဟာ သြဂုတ် ၈ ရက်နေ့က ကွယ်လွန်သွားပါတယ်။

ရိုင်းစတုန်းကောင်းဘွိုင် (Rhinestone Cowboy)၊ ဝီချီတာလိုင်းမန်း (Wichita Lineman) စတဲ့သီချင်းတွေနဲ့ ကျော်ကြားခဲ့သူ အဆိုတော်ကြီးဟာ အယ်လ်ဇိုင်းမားရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပါတယ်။

နက်ရှ်ဗီလီ (Nashville) က အယ်လ်ဇိုင်းမားဝေဒနာသည် စောင့်ရှောက်ရေးဂေဟာမှာ မိသားစုဝင်တွေ လက်ထဲမှာပဲ ကွယ်လွန်ခဲ့တယ်လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဆိုတော် ဂလန်းကမ်းဘဲလ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ သူ့ရဲ့မိသားစုဝင်တွေက “ကျနော် ကျမတို့ရဲ့ အဖိုး၊ အဖေ၊ ခင်ပွန်းဖြစ်သူ ဂန္ထဝင်အဆိုတော်နဲ့ ဂစ်တာသမား ဂလန်းထရာပစ်ကမ်းဘဲလ်ဟာ အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း စိတ်နှလုံး ထိခိုက်ကြေကွဲစွာနဲ့ အသိပေး အကြောင်းကြားအပ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဂလန်းကမ်းဘဲလ်ဟာ ၂၀၁၁ ခုနှစ်မှာ အယ်လ်ဇိုင်းမားရောဂါကို ခံစားခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံအနှံ့ နှုတ်ဆက်ဖျော်ဖြေပွဲတွေ လုပ်ခဲ့ပါတယ်။

အဲဒီဖျော်ဖြေပွဲတွေ ပြီးတဲ့နောက်မှာ အာဒီယို့စ် (Adios) နာမည်နဲ့ နောက်ဆုံး စီးရီးတခု ထုတ်ခဲ့ပါတယ်။

သူ့ရဲ့သက်တမ်းတလျှောက်မှာ ဂရမ်မီဆု ၆ ခု ရခဲ့တယ်လို့ သိရပါတယ်။


Credit: DVB
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top