iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာျပည္ဖြား ဂ်ပန္ အဆုိေတာ္ မိုရီဆာကီဝင္း၏ တစ္ ရက္တာ ျပည္ခရီးစဥ္အတြင္း ျမန္္မာပရိသတ္မ်ား၏ အားေပးမႈ ရရွိခဲ့ကာ ၎ႏွင့္ပတ္သက္၍ လူမႈကြန္ရက္တြင္ ေဝဖန္အျငင္းပြားမႈ အခ်ိဳ႕ ရွိခဲ့သည္။

မိုရီဆာကီဝင္း ႐ိုက္ကူး သ႐ုပ္ေဆာင္ခဲ့ေသာ အမ်ိဳးသား တစ္ဦးႏွင့္ တြဲဖက္႐ိုက္ကူးထား သည့္ ဇာတ္ဝင္ခန္းပါ ဓာတ္ပံု အခ်ိဳ႕ကို လူမႈကြန္ရက္တြင္ မွ်ေဝ ကာ ေဝဖန္ေျပာၾကားခဲ့သည့္အ ေပၚ ဩဂုတ္ ၈ ရက္ညက ၎၏ Win Morisaki-Myanmar ေဖ့စ္ ဘြတ္ခ္ေပ့ခ်္က ျပန္လည္ရွင္းျပခဲ့ သည္။
Image may contain: 1 person, smiling, standing
မိုရီဆာကီဝင္းသည္ mntv ႐ုပ္သံလုိင္းႏွင့္ JIB တို႔ ပူးေပါင္း ႐ိုက္ကူးမည့္ ျမန္မာ၊ ဂ်ပန္ခ်စ္ ၾကည္ေရး ‘ဇာတိေျမ’ ဇာတ္ကား မိတ္ဆက္ပြဲသုိ႔လည္း     တက္ ေရာက္ခဲ့သည္။

‘‘ဒီကားမွာ ပါဝင္မယ့္ဇာတ္ ႐ုပ္က အျပင္က မိုရီဆာကီဝင္းဆို တဲ့ ကာ႐ိုက္တာနဲဲ႔ နီးစပ္မႈရွိတယ္။ ကိုယ့္ျမန္မာႏုိင္ငံက လူေတြနဲ႔ တြဲ ႐ိုက္ရမယ္ဆုိတဲ့အတြက္ အရမ္း ဝမ္းသာတယ္။ ကြၽန္ေတာ့္ကို ဒီလိုအခြင့္အေရးေပးတဲ့အတြက္ အ ရမ္းေက်းဇူးတင္ပါတယ္’’ဟု ၎ က ေျပာသည္။
Image may contain: 2 people, people smiling, people standing
ဂ်ပန္ျပည္၌ prizmaX အဖြဲ႕ ႏွင့္အတူ အႏုပညာလႈပ္ရွားမႈမ်ား လုပ္ကိုင္ရင္း ျမန္မာဂ်ပန္ပြဲေတာ္ တြင္ လာေရာက္ေဖ်ာ္ေျဖရာမွ ျမန္မာတစ္ဦးဟု လူသိမ်ားခဲ့ျခင္း ေၾကာင့္ ဇာတ္ကား႐ိုက္ကူးရန္ အ ေၾကာင္းဖန္လာျခင္းျဖစ္သည္။

၎သည္ အဘြားႏွင့္အတူ (၁၀)ႏွစ္အရြယ္အထိ ရန္ကုန္ၿမိဳ႕ ၌ ေနထိုင္ခဲ့ၿပီး ေနာက္ပိုင္းတြင္ဂ်ပန္ႏုိင္ငံသို႔ ထြက္ခြာျခင္းျဖစ္ သည္။
Image may contain: 8 people, people smiling, people sitting

‘‘ဂ်ပန္လူမ်ိဳးအျဖစ္လည္း မခံယူပါဘူး။ ျမန္မာပတ္စ္ပို႔နဲ႔ပဲ ေနပါတယ္။ အႏုပညာအလုပ္ကို (၁၄)ႏွစ္သားတုန္းက စလုပ္ခဲ့ပါ တယ္။ အခုလက္ရွိက ဂ်ပန္ႏုိင္ငံ မွာ prizmaX အဖြဲ႕ႏွင့္အတူတူ အႏုပညာလႈပ္ရွားမႈေတြ လုပ္ေန ပါတယ္။ သူတို႔နဲ႔လုပ္တာ ေလး ႏွစ္နီးပါးရွိပါၿပီ။ ဩဂုတ္ ၃၀ ရက္ ထြက္မယ့္ အေခြနဲ႔ဆို ရွစ္ခ်ပ္ရွိ ၿပီ’’ဟု မိုရီဆာကီဝင္းက ေျပာ သည္။အႏုပညာအလုပ္ကို ဂ်ပန္၌ အဓိကထားလုပ္ကိုင္ၿပီး သီခ်င္း ဆိုျခင္းအျပင္ သ႐ုပ္ေဆာင္ပါ တြဲဖက္လုပ္ကိုင္ျခင္းျဖစ္သည္။
Image may contain: 8 people, people smiling, people sitting
‘‘ဒီကားမတုိင္ခင္ ဂ်ပန္မွာ သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကား ေလးကားေလာက္ေတာ့ရွိတယ္။ ေက်ာင္းသားကာ႐ိုက္တာေတြ မ်ားတယ္။ ေခါင္းေဆာင္အေနနဲ႔ ႐ိုက္ခဲ့တာ တစ္ကားပဲရွိတယ္။ လူ ငယ္ဘဝကားပါပဲ’’ဟု ၎က ေျပာၾကားသည္။



ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: 7Day Daily

#Unicode Version#
 မြန်မာပြည်ဖွား ဂျပန် အဆိုတော် မိုရီဆာကီဝင်း၏ တစ် ရက်တာ ပြည်ခရီးစဉ်အတွင်း မြန်မာပရိသတ်များ၏ အားပေးမှု ရရှိခဲ့ကာ ၎င်းနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်အငြင်းပွားမှု အချို့ ရှိခဲ့သည်။

မိုရီဆာကီဝင်း ရိုက်ကူး သရုပ်ဆောင်ခဲ့သော အမျိုးသား တစ်ဦးနှင့် တွဲဖက်ရိုက်ကူးထား သည့် ဇာတ်ဝင်ခန်းပါ ဓာတ်ပုံ အချို့ကို လူမှုကွန်ရက်တွင် မျှဝေ ကာ ဝေဖန်ပြောကြားခဲ့သည့်အ ပေါ် ဩဂုတ် ၈ ရက်ညက ၎င်း၏ Win Morisaki-Myanmar ဖေ့စ် ဘွတ်ခ်ပေ့ချ်က ပြန်လည်ရှင်းပြခဲ့ သည်။

မိုရီဆာကီဝင်းသည် mntv ရုပ်သံလိုင်းနှင့် JIB တို့ ပူးပေါင်း ရိုက်ကူးမည့် မြန်မာ၊ ဂျပန်ချစ် ကြည်ရေး ‘ဇာတိမြေ’ ဇာတ်ကား မိတ်ဆက်ပွဲသို့လည်း     တက် ရောက်ခဲ့သည်။

‘‘ဒီကားမှာ ပါဝင်မယ့်ဇာတ် ရုပ်က အပြင်က မိုရီဆာကီဝင်းဆို တဲ့ ကာရိုက်တာနဲ့ နီးစပ်မှုရှိတယ်။ ကိုယ့်မြန်မာနိုင်ငံက လူတွေနဲ့ တွဲ ရိုက်ရမယ်ဆိုတဲ့အတွက် အရမ်း ဝမ်းသာတယ်။ ကျွန်တော့်ကို ဒီလိုအခွင့်အရေးပေးတဲ့အတွက် အ ရမ်းကျေးဇူးတင်ပါတယ်’’ဟု ၎င်း က ပြောသည်။

ဂျပန်ပြည်၌ prizmaX အဖွဲ့ နှင့်အတူ အနုပညာလှုပ်ရှားမှုများ လုပ်ကိုင်ရင်း မြန်မာဂျပန်ပွဲတော် တွင် လာရောက်ဖျော်ဖြေရာမှ မြန်မာတစ်ဦးဟု လူသိများခဲ့ခြင်း ကြောင့် ဇာတ်ကားရိုက်ကူးရန် အ ကြောင်းဖန်လာခြင်းဖြစ်သည်။

၎င်းသည် အဘွားနှင့်အတူ (၁၀)နှစ်အရွယ်အထိ ရန်ကုန်မြို့ ၌ နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင်ဂျပန်နိုင်ငံသို့ ထွက်ခွာခြင်းဖြစ် သည်။

‘‘ဂျပန်လူမျိုးအဖြစ်လည်း မခံယူပါဘူး။ မြန်မာပတ်စ်ပို့နဲ့ပဲ နေပါတယ်။ အနုပညာအလုပ်ကို (၁၄)နှစ်သားတုန်းက စလုပ်ခဲ့ပါ တယ်။ အခုလက်ရှိက ဂျပန်နိုင်ငံ မှာ prizmaX အဖွဲ့နှင့်အတူတူ အနုပညာလှုပ်ရှားမှုတွေ လုပ်နေ ပါတယ်။ သူတို့နဲ့လုပ်တာ လေး နှစ်နီးပါးရှိပါပြီ။ ဩဂုတ် ၃၀ ရက် ထွက်မယ့် အခွေနဲ့ဆို ရှစ်ချပ်ရှိ ပြီ’’ဟု မိုရီဆာကီဝင်းက ပြော သည်။အနုပညာအလုပ်ကို ဂျပန်၌ အဓိကထားလုပ်ကိုင်ပြီး သီချင်း ဆိုခြင်းအပြင် သရုပ်ဆောင်ပါ တွဲဖက်လုပ်ကိုင်ခြင်းဖြစ်သည်။

‘‘ဒီကားမတိုင်ခင် ဂျပန်မှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကား လေးကားလောက်တော့ရှိတယ်။ ကျောင်းသားကာရိုက်တာတွေ များတယ်။ ခေါင်းဆောင်အနေနဲ့ ရိုက်ခဲ့တာ တစ်ကားပဲရှိတယ်။ လူ ငယ်ဘဝကားပါပဲ’’ဟု ၎င်းက ပြောကြားသည်။



Credit: 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top