iMyanmarHouse.com - Best Property Website for Myanmar
×
” အများပြည်သူ အားလုံးဝင်ရောက်ဖတ်ရှုနိုင်တဲ့ ပေ့ခ်ျ တစ်ခုတည်ထောင်ထားပြီး ကာယကံရှင်ကိုယ်တိုင် အမှန်တကယ် ဖြေကြားထားခြင်းမရှိသည့် သတင်း မျိုးကိုတင်ထားခြင်းဟာ ခင်များတို့ ပေ့ခ်ျ အနေနဲ့ တကယ်ရှက်ဖို့ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သလို၊ ယခု ပို့စ် ကိုပြန်လည်ဖျက်သိမ်းခြင်း၊ ပြန်လည် တောင်းပန်ခြင်း မရှိပါက Paparazzi အမည်ရှိ ပေ့ခ်ျ အား ကျွန်တော့ဘက်ကနေ တရားဆွဲ ဆိုခြင်းပြုလုပ်ရပါလိမ့်မယ်။
#Unicode Version#
ပြန်လည် မတောင်းပန်ပါက တရားစွဲမယ့် အဆိုတော် နိုင်းဝမ်း
 မြန်မာအသင်း က မလေးရှားအသင်းကိုနိုင်ပါက အဆိုတော် နိုင်းဝမ်းက မြို့ထဲမှာ တစ်နာရှီကြာ အဝတ်ဗလာ နဲ့ လမ်းလျှောက်မယ်ဆိုတဲ့ သတင်း နဲ့ ပတ်သတ်ပြီးတော့ နိုင်းဝမ်းက အခုလိုဖြေရှင်းထားပါတယ် ။
” အများပြည်သူ အားလုံးဝင်ရောက်ဖတ်ရှုနိုင်တဲ့ ပေ့ချ် တစ်ခုတည်ထောင်ထားပြီး ကာယကံရှင်ကိုယ်တိုင် အမှန်တကယ် ဖြေကြားထားခြင်းမရှိသည့် သတင်း မျိုးကိုတင်ထားခြင်းဟာ ခင်များတို့ပေ့ချ် အနေနဲ့ တကယ်ရှက်ဖို့ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သလို၊ ယခု ပို့စ် ကိုပြန်လည်ဖျက်သိမ်းခြင်း၊ ပြန်လည် တောင်းပန်ခြင်း မရှိပါက Paparazzi အမည်ရှိ ပေ့ချ် အား ကျွန်တော့ဘက်ကနေ တရားဆွဲ ဆိုခြင်းပြုလုပ်ရပါလိမ့်မယ်။
ကျွန်တော့် အနေနဲ့ ယခု သတင်း တစ်ပုဒ်အတွက် မည်သည့် အမေး အဖြေ မှပြုလုပ်ခဲ့ခြင်းမရှိသလို၊ ကိုယ့်နိုင်ငံတိုးတက်မှုအလျှောက် အဆင်မပြေမှုများစွာထဲမှ ကြိုးစားရုန်းကန်နေကြရတဲ့ မည်သည့် မြန်မာ့ အားကစားသမား တိုင်းကို အထင်သေး၊စော်ကားရာရောက်သော ယခု သတ င်းထဲမှစကားမျိုးကို ဘယ်သောအခါကမှပြောဆိုဖူးခြင်းမရှိခဲ့ပါ။
ထို့အတွက်ကြောင့် မိမိ အမည် ကိုအသုံးချ၍ မြန်မာ့ အားကစားသမား များအားအထင်သေးစော်ကားထားသည့် လုပ်ရပ်ကို အတိအလင်းရှုံ့ချကြောင်းကြေငြာပါသည် ” လို့ရေးသားထားတာတွေ့ရပါတယ်။ အဲ့ဒီ ပေ့ချ် က လည်း အဆိုတော်နိုင်းဝမ်းကို ပြန်လည်တောင်းပန်ထားကြောင်း တွေ့ရပါတယ် ။
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Myanmar Celebrities
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top