iMyanmarHouse.com - Best Property Website for Myanmar
×
ယောက်ျားတွေက ပြောတယ် ...
ရှင်တို့ယောက်ျားတွေက လှသထက် လှတာမြင်ရင် ... အိမ်က ဟာကြီးကို ပြန်အမ်းချင်ပါတယ် ဖြစ်ကြတာလေ..မသိဘူး မှတ်နေလား ..။
#Unicode Version#
ယောကျ်ားတွေက ပြောတယ် ...
မင်းတို့ မိန်းမတွေက ငွေမက်တယ်တဲ့ .. ဟုတ်တယ်လေ ...။
အဲဒီ ငွေမရှိဘဲ ကျောတစ်ခင်းစာ နေရာ ရနိုင်ပါသလား ?
အဲဒီ ငွေမရှိဘဲ လူကြားထဲ ဝင်ဆန့်လို့ ရသလား ?
ရှင်တို့လည်း သူတောင်းစားကိုတော့ ရည်စားတော်ချင်မှာ မဟုတ်ဘူး ...။
မိန်းမအဖြစ် ယူချင်မှာ မဟုတ်ဘူး ..။
ရှင်တို့ကတော့ ငွေမမက်လို့လား ... ?
ရှင်တို့က ပိုဆိုးပါတယ် .. ။
ငွေလည်း မက်တယ် .. လှတာလည်း မက်တယ် .. ကိတ်တာလည်း မက်တယ် ... သာယာမှုလည်း မက်တယ် ..။
သေချာတွေးကြည့်... ကျွန်မတို့ မိန်းမတွေက ကိုယ့်ချစ်သူ ဗိုက်ပူပြီး အသားမည်းသွား ရုပ်ဆိုးသွားလည်း ချစ်နိုင်ပေမယ့် ..
ရှင်တို့ယောကျ်ားတွေက လှသထက် လှတာမြင်ရင် ... အိမ်က ဟာကြီးကို ပြန်အမ်းချင်ပါတယ် ဖြစ်ကြတာလေ..မသိဘူး မှတ်နေလား ..။
မိန်းမတွေ မကောင်းဘူး ..မပြောကြနဲ့ရှင့် ..။
ရှင်တို့ ကိုယ်တိုင်ကော ဘယ်လောက် သမာသမတ်ကျကျ နှာဘူးမကျဘဲ တဏှာရူးမထဘဲ နေနိုင်ပြီလားလို့ ..။....!
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: စိုးမြတ်သူဇာ (FB)
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top