iMyanmarHouse.com - Best Property Website for Myanmar
×

Big Bag အဖြဲ႕မွ ဟန္ ထူးလြင္က Music Producer အျဖစ္ ပါဝင္ၿပီး Forever Group က ထပ္မံထုတ္ေပးမည့္ သီခ်င္း ၁၂ ပုဒ္ပါဝင္ေသာ ဒုတိယအေခြ ကို ျပင္ဆင္ေနေၾကာင္း အဆုိ ေတာ္ ဝိုင္းေလးက ေျပာသည္။

‘‘ဒီအေခြမွာ Music ပံုစံ ေျပာင္းသြားမယ္။ ဝိုင္းေလးဆုိတဲ့ အေငြ႕အသက္ေလးတစ္ခု၊ Theme ေလးတစ္ခုကို ပရိသတ္ ကိုေပးမယ္။ သီခ်င္းတုိင္းမွာ တီး တဲ့ တီးေလးေတြအားလံုးသည္ ဝိုင္းေလးရဲ႕ ပံုရိပ္ေလးေတြျဖစ္ မယ္။ အဲဒါေတြအားလံုးကို ကိုဟန္ထူးလြင္နဲ႔ ညီမတုိင္ပင္ၿပီး ညီမဆုိ ခ်င္တဲ့ပံုစံေလးေတြျပၿပီး လုပ္ေန ၾကပါတယ္’’ဟု ၎က ေျပာ သည္။  သီခ်င္းေရြးခ်ယ္မႈ ၇၀ ရာခုိင္ႏႈန္းခန္႔     ၿပီးေနၿပီျဖစ္ၿပီး ေတး ေရးမ်ားအေနျဖင့္ ေဝႀကီး၊ ဆလုိင္း၊ က်ားေပါက္အျပင္ ၎ ကိုယ္တိုင္ေရးသားထားကာ ႏိုဝင္ ဘာ (သို႔မဟုတ္) ဒီဇင္ဘာတြင္ ထြက္ႏုိင္ရန္ ႀကိဳးစားေနသည္ဟု ဆုိသည္။

‘‘အခုလက္ရွိမွာ လမ္းခြဲရင္ ေကာင္းမယ္ဆုိတဲ့ Music Video ႐ိုက္ေနတယ္။ ႏွစ္ရက္႐ိုက္ရ မယ္။ တစ္ရက္႐ိုက္ၿပီးသြားၿပီ။ ၂၇ ရက္ေန႔ ထပ္႐ိုက္မယ္။ ၿပီးရင္ စက္တင္ဘာထဲမွာ FG အင္တာ တိန္းမန္႔ကေန ျဖန္႔ခ်ိပါမယ္’’ဟု ဝိုင္းေလးက ေျပာသည္။

ဓာတ္ပံု-ေအာင္ေဇာ္(Love Space )

စက္တင္ဘာ ၂၃ ရက္တြင္ Rose Garden ဟိုတယ္၌ Dior Wedding Studio ေလးႏွစ္ျပည့္ အမွတ္တရအျဖစ္ စီစဥ္က်င္းပ မည့္ Romantic Opera ပြဲတြင္ ႐ိႈးဆုိရန္ လက္ခံထားၿပီး အဆုိပါ ပြဲအတြက္ ရင္ခုန္ေနသည္ဟုဆုိ သည္။

‘‘ညီမရယ္၊ မျဖဴရယ္၊ မနီနီ ခင္ေဇာ္ရယ္၊ ဆိုဖီယာရယ္ ေလး ဦးပါဝင္သီဆိုေဖ်ာ္ေျဖပါမယ္။ ပြဲမွာဝတ္မယ့္ ဝတ္စံုေတြကလည္း Dior က ဝတ္စံုေတြပဲ ဝတ္မွာပါ။ ျမန္မာပံုစံေတြ၊ အေနာက္တုိင္း ပံုစံေတြအျပင္ Opera ပံုစံဆုိတဲ့ သူေတြကေတာ့ Opera စတုိင္ ဝတ္ၾကမယ္။ မိတ္ကပ္အျပင္အ ဆင္ကအစ ေျပာင္းလဲထားတယ္။ ညီမကေတာ့ Opera ပံုစံမဆုိျဖစ္ ဘူး။ Classical သီခ်င္းေလးေတြ ပိုဆုိျဖစ္မယ္။ တစ္ေယာက္ကို ငါး ပုဒ္စီေလာက္ေဖ်ာ္ေျဖျဖစ္မယ္။ ညီမတုိ႔ဆုိတဲ့အခ်ိန္မွာ ႐ိႈးေလွ်ာက္ တာတုိ႔၊ အကေတြနဲ႔တြဲေဖ်ာ္ေျဖ တာတို႔လုပ္ဖို႔ ရွိတယ္။ ညီမတုိ႔ အဂၤလိပ္သီခ်င္းေတြလည္းပါ တယ္။ အဓိက Wedding နဲ႔ပတ္ သက္တဲ့ သီခ်င္းေတြ၊ အဝတ္အ စားေတြ အမ်ားႀကီးျပင္ဆင္ၿပီး ဆိုရမွာဆုိေတာ့ အရမ္းရင္ခုန္ပါ တယ္’’ဟု ဝိုင္းေလးက ေျပာ သည္။

ထုိ႔အျပင္ စက္တင္ဘာ ၂ ရက္တြင္ အမ်ိဳးသားကဇာတ္႐ံု၌ က်င္းပမည့္ လူေမာင္ (ေဆး−၁) ၏ ေမြးေန႔အမွတ္တရ သီခ်င္းေဖ်ာ္ ေျဖပြဲတြင္ ဦးလူေမာင္၏ သီခ်င္း ႏွစ္ပုဒ္ကို ျပန္ဆုိရန္ရွိၿပီး လတ္ တေလာ၌ အဆုိပါပြဲအတြက္ သီခ်င္းမ်ားတိုက္ေနေၾကာင္း ဆုိ သည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



Credit : 7Day Daily


#Unicode Version#
Big Bag အဖွဲ့မှ ဟန် ထူးလွင်က Music Producer အဖြစ် ပါဝင်ပြီး Forever Group က ထပ်မံထုတ်ပေးမည့် သီချင်း ၁၂ ပုဒ်ပါဝင်သော ဒုတိယအခွေ ကို ပြင်ဆင်နေကြောင်း အဆို တော် ဝိုင်းလေးက ပြောသည်။

‘‘ဒီအခွေမှာ Music ပုံစံ ပြောင်းသွားမယ်။ ဝိုင်းလေးဆိုတဲ့ အငွေ့အသက်လေးတစ်ခု၊ Theme လေးတစ်ခုကို ပရိသတ် ကိုပေးမယ်။ သီချင်းတိုင်းမှာ တီး တဲ့ တီးလေးတွေအားလုံးသည် ဝိုင်းလေးရဲ့ ပုံရိပ်လေးတွေဖြစ် မယ်။ အဲဒါတွေအားလုံးကို ကိုဟန်ထူးလွင်နဲ့ ညီမတိုင်ပင်ပြီး ညီမဆို ချင်တဲ့ပုံစံလေးတွေပြပြီး လုပ်နေ ကြပါတယ်’’ဟု ၎င်းက ပြော သည်။  သီချင်းရွေးချယ်မှု ၇၀ ရာခိုင်နှုန်းခန့်     ပြီးနေပြီဖြစ်ပြီး တေး ရေးများအနေဖြင့် ဝေကြီး၊ ဆလိုင်း၊ ကျားပေါက်အပြင် ၎င်း ကိုယ်တိုင်ရေးသားထားကာ နိုဝင် ဘာ (သို့မဟုတ်) ဒီဇင်ဘာတွင် ထွက်နိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။

‘‘အခုလက်ရှိမှာ လမ်းခွဲရင် ကောင်းမယ်ဆိုတဲ့ Music Video ရိုက်နေတယ်။ နှစ်ရက်ရိုက်ရ မယ်။ တစ်ရက်ရိုက်ပြီးသွားပြီ။ ၂၇ ရက်နေ့ ထပ်ရိုက်မယ်။ ပြီးရင် စက်တင်ဘာထဲမှာ FG အင်တာ တိန်းမန့်ကနေ ဖြန့်ချိပါမယ်’’ဟု ဝိုင်းလေးက ပြောသည်။

ဓာတ်ပုံ-အောင်ဇော်(Love Space )



စက်တင်ဘာ ၂၃ ရက်တွင် Rose Garden ဟိုတယ်၌ Dior Wedding Studio လေးနှစ်ပြည့် အမှတ်တရအဖြစ် စီစဉ်ကျင်းပ မည့် Romantic Opera ပွဲတွင် ရှိုးဆိုရန် လက်ခံထားပြီး အဆိုပါ ပွဲအတွက် ရင်ခုန်နေသည်ဟုဆို သည်။

‘‘ညီမရယ်၊ မဖြူရယ်၊ မနီနီ ခင်ဇော်ရယ်၊ ဆိုဖီယာရယ် လေး ဦးပါဝင်သီဆိုဖျော်ဖြေပါမယ်။ ပွဲမှာဝတ်မယ့် ဝတ်စုံတွေကလည်း Dior က ဝတ်စုံတွေပဲ ဝတ်မှာပါ။ မြန်မာပုံစံတွေ၊ အနောက်တိုင်း ပုံစံတွေအပြင် Opera ပုံစံဆိုတဲ့ သူတွေကတော့ Opera စတိုင် ဝတ်ကြမယ်။ မိတ်ကပ်အပြင်အ ဆင်ကအစ ပြောင်းလဲထားတယ်။ ညီမကတော့ Opera ပုံစံမဆိုဖြစ် ဘူး။ Classical သီချင်းလေးတွေ ပိုဆိုဖြစ်မယ်။ တစ်ယောက်ကို ငါး ပုဒ်စီလောက်ဖျော်ဖြေဖြစ်မယ်။ ညီမတို့ဆိုတဲ့အချိန်မှာ ရှိုးလျှောက် တာတို့၊ အကတွေနဲ့တွဲဖျော်ဖြေ တာတို့လုပ်ဖို့ ရှိတယ်။ ညီမတို့ အင်္ဂလိပ်သီချင်းတွေလည်းပါ တယ်။ အဓိက Wedding နဲ့ပတ် သက်တဲ့ သီချင်းတွေ၊ အဝတ်အ စားတွေ အများကြီးပြင်ဆင်ပြီး ဆိုရမှာဆိုတော့ အရမ်းရင်ခုန်ပါ တယ်’’ဟု ဝိုင်းလေးက ပြော သည်။

ထို့အပြင် စက်တင်ဘာ ၂ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည့် လူမောင် (ဆေး−၁) ၏ မွေးနေ့အမှတ်တရ သီချင်းဖျော် ဖြေပွဲတွင် ဦးလူမောင်၏ သီချင်း နှစ်ပုဒ်ကို ပြန်ဆိုရန်ရှိပြီး လတ် တလော၌ အဆိုပါပွဲအတွက် သီချင်းများတိုက်နေကြောင်း ဆို သည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top