iMyanmarHouse.com - Best Property Website for Myanmar
×















ဖွင့်ဟသွားခဲ့ပါတယ်။



အရမ်းကြီးဖီးဖြစ်နေတာမျိုးတော့ မရှိပါဘူး။







 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


#Unicode Version#
ပရိသတ်ကြီးရေ သရုပ်ဆောင်အောင်ရဲလင်းဟာ အနုပညာလောကမှာ နာမည်ရမင်းသားတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် မင်းသားအောင်ရဲလင်းရဲ့ချစ်သူအဖြစ် နေခြည်ဦးကို ပရိသတ်များက စသိလာကြပါတယ်။

အခုချိန်မှာတော့ အောင်ရဲလင်းရဲ့ချစ်သူထက် အောင်မြင်နေတဲ့ Beauty Blogger

တစ်ယောက်အနေနဲ့နေခြည်ဦးကို ပရိသတ်များက

အားပေးချစ်ခင်လာကြပါတယ်။

နေခြည်ဦးဟာ သူမတကယ်ကိုနှစ်သက်ပြီး တကယ်သုံးနေတဲ့ မိတ်ကပ် Review တွေကိုသာ ပရိသတ်တွေကို ချပြတတ်သူဖြစ်တဲ့အပြင်

သူမတူတဲ့ ဖက်ရှင်အမြင်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။

အလှအပရေးရာတွေကို ပရိသတ်တွေအတွက် မျှဝေလေ့ရှိသူနေခြည်ဦးဟာ အခုတလောမှာ ပွဲတိုင်းလိုလိုကို တက်ရောက်ဖြစ်တာကို

လည်းတွေ့မြင်နိုင်ပါတယ်။

ဒါကြောင့် အခုချိန်မှာ ပရိသတ်ပေးတဲ့ နေရာတစ်နေရာကို ရရှိလာပြီဖြစ်ပြီး

အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လာရတဲ့အပေါ်နေခြည်ဦးက

Myanmar Celebrities ရဲ့အင်တာဗျူးမှာ သူမရဲ့ခံစားချက်ကိုအခုလိုပဲ

ဖွင့်ဟသွားခဲ့ပါတယ်။

“အခုလို ပရိသတ်တွေက အသိအမှတ်ပြုအားပေးကြတဲ့အတွက် နေခြည်ဝမ်းသာပါတယ်။ နေခြည်ကို အခုလို လက်ခံပေးတဲ့အတွက်လည်း

နေခြည်အများကြီး ထပ်ကြိုးစားဖို့လိုပါသေးတယ်။ ဒီထက်မကလည်း ကြိုးစားပါဦးမယ်။ ဒီအောင်မြင်မူအပေါ်မှာတော့

အရမ်းကြီးဖီးဖြစ်နေတာမျိူးတော့ မရှိပါဘူး။

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးကြိုးစားပြီးတော့ ဒီထက်မက နေခြည့်ရဲ့ပရိသတ်တွေကိုလည်း ရှယ်လုပ်ပေးနိုင်အောင် ကြိုးစားသွားမှာပါ “

လို့ပြောပြသွားခဲ့ပါတယ်။

နေခြည်ဦးဟာ ချစ်သူဖြစ်သူအောင်ရဲလင်းနဲ့အတူ Gym ကစားခြင်း မွေးနေ့မှာ Celebrate အတူလုပ်ခြင်းတွေကို Facebook ကနေ Live လွှင့်ပြခဲ့ရာမှာ ပရိသတ်တွေက နှစ်သက်သဘောကျခဲ့ကြပြီး လိုက်ဖက်မှုရှိတဲ့ စုံတွဲလို့လည်း ဆိုခဲ့ကြပါတယ်။

အခုလက်ရှိမှာ နှစ်ဦးသဘောတူလမ်းခွဲလိုက်တဲ့သတင်းထွက်ပေါ်လာတဲ့အပေါ် “မဟုတ်ပါဘူး.နေခြည်တို့ နှစ်ယောက် အဆင်ပြေပါတယ် ” လို့နေခြည်ဦးက ပြောပြခဲ့တာပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ် : Myanmar Celebrities


Credit: Myanmar Celebriti
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top