iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ နံနံပင္ ဘဲျဖစ္ျဖစ္၊ တရုတ္နံနံပင္ဘဲျဖစ္ျဖစ္ စားသံုးရင္ ကင္ဆာနဲ႔အဆစ္အျမစ္ ေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

နံနံပင္ကို အသုတ္သုပ္စားတဲ့ေနရမွာဘဲထည့္ထည့္၊ ဟင္းခ်ိဳမွာဘဲ ခပ္ခပ္၊ မုန္႔ဟင္းခါးစားရာမွာဘဲ ထည့္စားစား ႀကိဳက္ႏွစ္သက္သလို စားသံုးႏုိင္ပါတယ္။

ကင္ဆာေရာဂါကို ကာကြယ္ေပး

နံနံပင္မွာ Phthalides နဲ႔ Polyacetylenes ကြန္ေပါင္းဓာတ္ေတြပါ၀င္တာေၾကာင့္ ကင္ဆာဆဲလ္ေတြကို ေလ်ာ့နည္း ဖယ္ရွားေပးပါတယ္။ မ်ိဳးဥျပႊန္ကင္ဆာအျပင္ ကင္ဆာ အမ်ိဳးအစားမ်ားစြာကိုလည္း ကာကြယ္ေပးပါတယ္။

အဆစ္အျမစ္ က်န္းမာေရးကို ေကာင္းမြန္ေစ

နံနံပင္မွာ ေရာင္ရမ္းတာေတြ ေလ်ာ့ပါးေစတာေၾကာင့္ အဆစ္အျမစ္ေရာဂါေတြျဖစ္တဲ့ ေဂါက္တုိ႔၊ ေလးဖက္နာတို႔ကို သက္သာ ေပ်ာက္ကင္းေစပါတယ္။ အဆိုပါ ေရာဂါေတြေၾကာင့္ ေရာင္ရမ္းေနရင္ နံနံပင္ ကို ေဖ်ာ္ၿပီး တစ္ေန႔ကို တစ္ခြက္ေလာက္ေသာက္သံုးရင္ သက္သာ ေပ်ာက္ကင္းႏုိင္ပါတယ္။

ေရာင္ရမ္းတာေတြကို ေလ်ာ့က်

ေရာင္ရမ္းတာေတြအတြက္ဆို နံနံပင္က အေကာင္းဆံုးပါဘဲ။ နံနံပင္မွာ Luteolin ဆိုတဲ့ Phytochemical ဓာတ္ပါ၀င္တာေၾကာင့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြအမ်ားႀကီးရွိပါတယ္။ အဲ့ဒီဓာတ္က အဓိကအားျဖင့္ ဦးေႏွာက္အပါအ၀င္ တစ္ကိုယ္လံုးမွာရွိတဲ့ ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစပါတယ္။

ေသြးအတြင္း ကိုလက္စထေရာ ဓာတ္ကိုက်ဆင္းေစ

နံနံပင္မွာ Phthalides ဓာတ္ပါ၀င္တာေၾကာင့္ Bile အက္ဆစ္ ဓာတ္ကို ထုတ္ေပးပါတယ္။ အဲဒီဓာတ္က ေသြးအတြင္းရွိ LDL ကိုလက္စထေရာေတြ က်ဆင္းေအာင္ျပဳလုပ္ေပးပါတယ္။ တစ္ေန႔ကို နံနံပင္ ၂ ပင္ေလာက္စားရင္ ေသြးထဲကမေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြကို ေလ်ာ့က်ေစပါတယ္။

ဆီးအိမ္မွာ ေရာဂါေတြကို ကာကြယ္ေပး

နံနံပင္က ဆီးရႊင္တာေၾကာင့္ ဆီးအိမ္မွာ ျဖစ္တတ္တဲ့ ဘက္တီးရီးယား ပိုး၀င္တာေတြ ေက်ာက္တည္တာေတြကို သက္သာ ဖယ္ရွားေပးၿပီး ေရာင္ရမ္းတာေတြကို ေလ်ာ့က်ေစပါတယ္။
Credit:Myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မြန်မာ နံနံပင် ဘဲဖြစ်ဖြစ်၊ တရုတ်နံနံပင်ဘဲဖြစ်ဖြစ် စားသုံးရင် ကင်ဆာနဲ့အဆစ်အမြစ် ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နံနံပင်ကို အသုတ်သုပ်စားတဲ့နေရမှာဘဲထည့်ထည့်၊ ဟင်းချိုမှာဘဲ ခပ်ခပ်၊ မုန့်ဟင်းခါးစားရာမှာဘဲ ထည့်စားစား ကြိုက်နှစ်သက်သလို စားသုံးနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

နံနံပင်မှာ Phthalides နဲ့ Polyacetylenes ကွန်ပေါင်းဓာတ်တွေပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကို လျော့နည်း ဖယ်ရှားပေးပါတယ်။ မျိုးဥပြွှန်ကင်ဆာအပြင် ကင်ဆာ အမျိုးအစားများစွာကိုလည်း ကာကွယ်ပေးပါတယ်။

အဆစ်အမြစ် ကျန်းမာရေးကို ကောင်းမွန်စေ

နံနံပင်မှာ ရောင်ရမ်းတာတွေ လျော့ပါးစေတာကြောင့် အဆစ်အမြစ်ရောဂါတွေဖြစ်တဲ့ ဂေါက်တို့၊ လေးဖက်နာတို့ကို သက်သာ ပျောက်ကင်းစေပါတယ်။ အဆိုပါ ရောဂါတွေကြောင့် ရောင်ရမ်းနေရင် နံနံပင် ကို ဖျော်ပြီး တစ်နေ့ကို တစ်ခွက်လောက်သောက်သုံးရင် သက်သာ ပျောက်ကင်းနိုင်ပါတယ်။

ရောင်ရမ်းတာတွေကို လျော့ကျ

ရောင်ရမ်းတာတွေအတွက်ဆို နံနံပင်က အကောင်းဆုံးပါဘဲ။ နံနံပင်မှာ Luteolin ဆိုတဲ့ Phytochemical ဓာတ်ပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ အဲ့ဒီဓာတ်က အဓိကအားဖြင့် ဦးနှောက်အပါအဝင် တစ်ကိုယ်လုံးမှာရှိတဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

သွေးအတွင်း ကိုလက်စထရော ဓာတ်ကိုကျဆင်းစေ

နံနံပင်မှာ Phthalides ဓာတ်ပါဝင်တာကြောင့် Bile အက်ဆစ် ဓာတ်ကို ထုတ်ပေးပါတယ်။ အဲဒီဓာတ်က သွေးအတွင်းရှိ LDL ကိုလက်စထရောတွေ ကျဆင်းအောင်ပြုလုပ်ပေးပါတယ်။ တစ်နေ့ကို နံနံပင် ၂ ပင်လောက်စားရင် သွေးထဲကမကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ကျစေပါတယ်။

ဆီးအိမ်မှာ ရောဂါတွေကို ကာကွယ်ပေး

နံနံပင်က ဆီးရွှင်တာကြောင့် ဆီးအိမ်မှာ ဖြစ်တတ်တဲ့ ဘက်တီးရီးယား ပိုးဝင်တာတွေ ကျောက်တည်တာတွေကို သက်သာ ဖယ်ရှားပေးပြီး ရောင်ရမ်းတာတွေကို လျော့ကျစေပါတယ်။

Credit:Myfoodmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top