iMyanmarHouse.com - Best Property Website for Myanmar
×

ရခိုင္တုိင္းရင္းသား သ႐ုပ္ေဆာင္ မင္းေသြးက ရခိုင္တြင္ ျဖစ္ပြားသည့္ ကိစၥႏွင့္ပတ္သက္၍ သတင္းအမွားျဖန္႔ေဝမႈ ႀကံဳခဲ့ရေၾကာင္း ေျပာသည္။

‘‘အဲဒါကေတာ့ ေထြေထြထူး ထူး ေျပာစရာမရွိပါဘူး။ သူ႔ဟာ သူ အခ်ိန္တန္ရင္ သိသြားပါလိမ့္ မယ္။ ရခုိင္နဲ႔ပတ္သက္လို႔ လုပ္ မယ့္ဟာကေတာ့ Plan ဆြဲထား တာမရွိဘူး။ တတ္ႏုိင္သေလာက္ ေတာ့ လွဴျဖစ္ပါတယ္’’ဟု မင္း ေသြးက ေျပာသည္။

မင္းေသြး၏ ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာတြင္ ရခုိင္ကိစၥႏွင့္ပတ္ သက္၍ ‘‘အသံုးမက်တဲ့စစ္တပ္နဲ႔ ကုလားဘက္လိုက္ေနတဲ့ ဘြား ေတာ္နဲ႔ ဘယ္သူ႔မွ မယံုၾကည္နဲ႔ ေတာ့ အမ်ိဳးတို႔ေရ၊ လိုအပ္ရင္ ကြၽန္ေတာ္ကိုယ္တိုင္ A.A နဲ႔ ပူး ေပါင္းမယ္’’ဟု ေရးသားေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းက အြန္လိုင္း၌ ျဖန္႔ေဝခဲ့သည္။

အဆုိပါစာကို မင္းေသြးက ေရးသား၍ ငါးမိနစ္အတြင္း ဖ်က္ ခဲ့သည္ဟု ေရးသားထားေသာ္ လည္း ၎တို႔ Screen Shot ျပဳလုပ္ထားသည့္ ပံုတြင္ Yester-day at 11:50 am ဟု အခ်ိန္ပါ ရွိသည္ကို ေတြ႕ရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ မင္းေသြးက ဩဂုတ္ ၂၈ ရက္က ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ နည္းပညာတိုးတက္ေနသည့္ ေခတ္တြင္ ဓာတ္ပံုတစ္ပံုကိုၾကည့္ ၍ ေျပာဆုိေဝဖန္ျခင္းထက္ သတင္းမွန္၊ မမွန္ အရင္ေလ့လာ သင့္ေၾကာင္း ေရးသားထားသည္။

‘‘ကြၽန္ေတာ္သံုးေနတဲ့ ဒီ Account ကို See First ယူထား တဲ့ ပရိသတ္ေတြလည္း ရွိပါလိမ့္ မယ္.. သူတို႔ေတြ ကြၽန္ေတာ္ ဘာ တင္တင္ ပထမဆုံုးျမင္ရပါလိမ့္ မယ္.. ေဘာ္ဒါေတြ၊ မိတ္ေဆြေတြ ရွိရင္ ေမးၾကည့္ပါဗ်ာ။ ဓာတ္ပံု ေလးတစ္ပံုကိုၾကည့္ၿပီး မယံုၾကည္ ၾကပါနဲ႔လို႔.. Social Network ေပၚက ဘယ္ကမွန္းလည္းမသိ၊ ဘယ္သူပိုင္မွန္းလည္းမသိတဲ့ Fake Account ေတြ၊ Page ေတြကေတာ့ ေျပာမေနေတာ့ပါ ဘူး.. ဖြခ်င္တဲ့လူ၊ ေျပာခ်င္တဲ့ လူ ကေတာ့ ရွိမွာပါပဲ။ အရာရာကို ဉာဏ္နဲ႔ဆင္ျခင္ စဥ္းစားေတြး ေတာႏုိင္ၾကပါေစဗ်ာ’’ဟု ဩဂုတ္ ၂၈ ရက္က ၎၏ ေဖ့စ္ဘြတ္ခ္ တြင္ ေရးသားထားသည္။

လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ စက္တင္ဘာ လဆန္းတြင္ ထြန္းထြန္း၊ ပိုင္ၿဖိဳးသု တုိ႔ႏွင့္အတူ ‘ကတ္ေၾကး’အမည္ရွိသည့္ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူး ရန္ အစီအစဥ္ရွိေၾကာင္း မင္းေသြးက ေျပာသည္။

ထို႔အျပင္ ၎ႏွင့္အတူ စည္ ၿဖိဳး၊ ေနရဲတုိ႔ အဓိကေခါင္းေဆာင္ အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထား သည့္ ‘သတ္ကြင္း’႐ုပ္ရွင္ဇာတ္ကားကို ယခုႏွစ္အတြင္း ႐ံုတင္ ျပသႏုိင္ရန္ ႀကိဳးစားေနေၾကာင္း ၎က ဆုိသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : 7Day Daily


#Unicode Version#
ရခိုင်တိုင်းရင်းသား သရုပ်ဆောင် မင်းသွေးက ရခိုင် တွင် ဖြစ်ပွားသည့် ကိစ္စနှင့်ပတ် သက်၍ သတင်းအမှားဖြန့်ဝေမှု ကြုံခဲ့ရကြောင်း ပြောသည်။

‘‘အဲဒါကတော့ ထွေထွေထူး ထူး ပြောစရာမရှိပါဘူး။ သူ့ဟာ သူ အချိန်တန်ရင် သိသွားပါလိမ့် မယ်။ ရခိုင်နဲ့ပတ်သက်လို့ လုပ် မယ့်ဟာကတော့ Plan ဆွဲထား တာမရှိဘူး။ တတ်နိုင်သလောက် တော့ လှူဖြစ်ပါတယ်’’ဟု မင်း သွေးက ပြောသည်။

မင်းသွေး၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရခိုင်ကိစ္စနှင့်ပတ် သက်၍ ‘‘အသုံးမကျတဲ့စစ်တပ်နဲ့ ကုလားဘက်လိုက်နေတဲ့ ဘွား တော်နဲ့ ဘယ်သူ့မှ မယုံကြည်နဲ့ တော့ အမျိုးတို့ရေ၊ လိုအပ်ရင် ကျွန်တော်ကိုယ်တိုင် A.A နဲ့ ပူး ပေါင်းမယ်’’ဟု ရေးသားကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်း၌ ဖြန့်ဝေခဲ့သည်။

အဆိုပါစာကို မင်းသွေးက ရေးသား၍ ငါးမိနစ်အတွင်း ဖျက် ခဲ့သည်ဟု ရေးသားထားသော် လည်း ၎င်းတို့ Screen Shot ပြုလုပ်ထားသည့် ပုံတွင် Yester-day at 11:50 am ဟု အချိန်ပါ ရှိသည်ကို တွေ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မင်းသွေးက ဩဂုတ် ၂၈ ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ နည်းပညာတိုးတက်နေသည့် ခေတ်တွင် ဓာတ်ပုံတစ်ပုံကိုကြည့် ၍ ပြောဆိုဝေဖန်ခြင်းထက် သတင်းမှန်၊ မမှန် အရင်လေ့လာ သင့်ကြောင်း ရေးသားထားသည်။

‘‘ကျွန်တော်သုံးနေတဲ့ ဒီ Account ကို See First ယူထား တဲ့ ပရိသတ်တွေလည်း ရှိပါလိမ့် မယ်.. သူတို့တွေ ကျွန်တော် ဘာ တင်တင် ပထမဆုံးမြင်ရပါလိမ့် မယ်.. ဘော်ဒါတွေ၊ မိတ်ဆွေတွေ ရှိရင် မေးကြည့်ပါဗျာ။ ဓာတ်ပုံ လေးတစ်ပုံကိုကြည့်ပြီး မယုံကြည် ကြပါနဲ့လို့.. Social Network ပေါ်က ဘယ်ကမှန်းလည်းမသိ၊ ဘယ်သူပိုင်မှန်းလည်းမသိတဲ့ Fake Account တွေ၊ Page တွေကတော့ ပြောမနေတော့ပါ ဘူး.. ဖွချင်တဲ့လူ၊ ပြောချင်တဲ့ လူ ကတော့ ရှိမှာပါပဲ။ အရာရာကို ဉာဏ်နဲ့ဆင်ခြင် စဉ်းစားတွေး တောနိုင်ကြပါစေဗျာ’’ဟု ဩဂုတ် ၂၈ ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ် တွင် ရေးသားထားသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် စက်တင်ဘာ လဆန်းတွင် ထွန်းထွန်း၊ ပိုင်ဖြိုးသု တို့နှင့်အတူ ‘ကတ်ကြေး’အမည်ရှိသည့် ရုပ်ရှင်ဇာတ်ကားရိုက်ကူး ရန် အစီအစဉ်ရှိကြောင်း မင်းသွေးက ပြောသည်။

ထို့အပြင် ၎င်းနှင့်အတူ စည် ဖြိုး၊ နေရဲတို့ အဓိကခေါင်းဆောင် အဖြစ် ပါဝင်သရုပ်ဆောင်ထား သည့် ‘သတ်ကွင်း’ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်အတွင်း ရုံတင် ပြသနိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ဆိုသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top