iMyanmarHouse.com - Best Property Website for Myanmar
×

ျမတ္ဗုဒၶ ေဟာႀကားေတာ္ မူေသာ နိဗၺာန္ေရာက္ေႀကာင္း က်င့္ႀကံ ပြားမ်ား အားထုတ္ ရမည့္ အတို ဆံုး 
တရားေတာ္............

( ေသမင္းမျမင္ႏိုင္ေသာတရား ) (၁)
====================
တရားေဆြးေႏြးသည္ ဟု သေဘာထားကာေလ့လာ ႀကပါကုန္.........
အခါခပ္သိမ္း ေအာက္ေမ႕မႈ သတိ ရွိလ်ွက္ မိမိကိုယ္ ဟု စြဲယူမႈ အတၱာႏု ဒိ႒ိ ကိုႏႈတ္ပါယ္ လ်ွက္ ေလာက ကို ဆိတ္သုန္းေသာ အားျဖင့္ ရႈပါေလာ့………

ခုဒၶကနိကာယ္ ေမာဃရာဇ ပုဏၰား ပုစၦာ မွ........................
ဒါကို ကိုဘေအာင္ အရင္ တင္ဘူးပါတယ္ ။ အခု ဓမၼမိတ္ေဆြမ်ားစြာ တိုး လာေတာ့ တရားက်င့္ ဖို႕ေလ့ လာေန သူေတြ ဘဝ နဲ႕သံသရာကို သိလိုသူ ေတြ တရားအတိုင္း နားလည္ သလို တင္ပါတယ္ ။

တရားေဆြးေႏြးသည္ ဟု သေဘာထားကာေလ့လာ ေပးႀကပါကုန္..................
ဒီေနရာ မွာ မင္းကြန္း ဆရာေတာ္ႀကီး ဆံုးမတဲ႕ လက္ရွိ အခ်ိန္ ထက္ေကာင္းေသာ အခ်ိန္ မရွိပါ ။ ဆိုတဲ႕အဆံုး အမ နဲ႕ဆက္ႏြယ္ျပီး ရွင္း ပါ့မယ္ ။

အတိတ္ သည္ ျဖစ္ျပီး သြားခဲ႕ျပီ ။ အနာဂတ္ သည္ ေရာက္မလာေသး ယခု လက္ရွိ အခ်ိန္ ဆိုတာကိုေတာ့ ဒီလိုျမင္ေအာင္ ႀကည့္သင့္ပါတယ္ ။

မ်ဥ္းတစ္ေႀကာင္း ဆြဲပါ အဲ႕ဒိ မ်ဥ္းကို သြားေနတဲ႕သေဘာသက္ေရာက္ ေအာင္ျမွားေခါင္းတပ္ေပး လိုက္ ပါ ။ အဲ႕ဒီမ်ဥ္း ကို အခ်ိန္ကာလ မ်ဥ္း လို႕ မွတ္ ယူလိုက္....... ေနာက္ သူ႕ေအာက္ကေနမ်ဥ္းျပိဳင္ တစ္ေႀကာင္း ဆြဲ သူ႕ကိုလဲျမွားေခါင္း တပ္ ပါ့မယ္ ။

သူ႕ကိုေတာ့ မိမိ ခႏၶာကိုယ္ႀကီး လို႕မွတ္ပါ ျမွားေခါင္း တပ္ျပီးမ်ဥ္း ျပိဳင္ ဆြဲရတာ ကေတာ့ အခ်ိန္ ကာလ နဲ႕ယွဥ္ျပီး သြား ေနတယ္ ။ မရပ္ဘူး ဆိုတဲ႕သေဘာပါ ။

ဘုရားရွင္ က မ်က္ေတာင္ တစ္ခပ္ ကာလေလးမွာ ရုပ္ဖက္ က ကုေဋ ငါးေထာင္ေက်ာ္ျဖစ္ပ်က္ ခ်ဳပ္သြားႀက တယ္ ။ လို႕ေဟာႀကားခဲ႕သလို ယေန႕ သိပၸံပညာ ကလည္း ကလပ္စည္းေလးေတြ ဟာ ကန္ေရျပင္ မွာ မိုးစက္ က် သလိုမ်ိဳး အဆက္မျပတ္ေပါက္ကြဲ ပ်က္စီးေန တယ္ ဆိုတာ သိထားႀကပါျပီ ။

တရား က်င့္သူမ်ားဟာလည္း ခႏၶာကိုယ္ႀကီးေဖါက္ ၿပန္ ပ်က္စီးေနတာကို တရား မွတ္ရင္းလက္ေတြ႔ သိေနႀက ပါျပီ ။ ဒါေႀကာင့္ ခႏၶာ ရဲ႕ျဖစ္ပ်က္ ဟာ အခ်ိန္ နဲ႕ယွဥ္ျပီး သြားေနတယ္ ဆိုတာကို အလြယ္ တစ္ကူျမင္ဖို႕ ပါဘဲ ။ ဒါကို သေဘာေပါက္ လက္ခံရင္ ေရွ႕ဆက္ ပါ့မယ္ ။

မ်ဥ္းျပိဳင္ႏွစ္ေႀကာင္း ကိုျဖတ္ျပီး အတည့္ ဆင္းတဲ႕ မ်ဥ္းတစ္ေႀကာင္း ကို က်ေနာ္ ဆြဲပါတယ္ ။ အဲ႕ဒီ မ်ဥ္း ဟာ ခႏၶာကိုယ္ျပင္ပက လာျပီး ထိခတ္တဲ႕ အျပင္အာရံုေျခာက္ခု ထဲက တစ္ခု လို႕မွတ္ပါ ။
( အာရံုေတြ ဘယ္ေလာက္မ်ားမ်ား စိတ္ ကေတာ့ တစ္စိတ္သာေပၚပါ တယ္) အျပင္က လာတဲ႕ မ်ဥ္း ခႏၶာမ်ဥ္းေႀကာင္းကို ထိတဲ႕ေနရာမွာ အဝိုင္း ေသးေလး တစ္ခု ဝိုင္းပါတယ္ ။ အဲ႕ဒိ အဝိုင္းေလး ဟာ သိသေဘာေပၚ တဲ႕ေန ရာေလးပါ ။

အာရံု နဲ႕ဒြါရ တိုက္ျပီး ခႏၶာငါးပါးေပၚပါတယ္ ။ အဲ႕ဒိ ခႏၶာ ငါးပါး ဟာလည္း အာရံု ဒြါရ တိုက္တဲ႕ေနရာမွာ လာေပၚျပီး အဲ႕ဒိေနရာမွာတင္ တစ္ေပါင္းတည္း ျဖစ္သလို တစ္ေပါင္းတည္း ခ်ဳပ္ပါတယ္ ။

အဲ႕ဒိမွာ သိ သေဘာေလးေပၚပါတယ္ ။ အာရံုသိ ပါ ။ ဒါကို ဘုရားရွင္ က ဘဝ လို႕သတ္မွတ္ပါတယ္ ။ ဖြားေသ ဘဝ ပါ ဖြားျပီးေသပါတယ္ ။


အမ်ားသိေသာ မိခင္ေမြးရာမွသည္ သင္းခ်ိဳင္း မွာ ဆံုးေသာဘဝ ကို မဆိုလို ပါဘူး ။
ဒီေနရာ မွာ အပိုင္း ၁ လို႕ သေဘာထားျပီး နားပါ့မယ္ ။


စိတ္၀င္စား သူေရာ အႀကံၿပဳလိုႀကတဲ႕ဓမၼ မိတ္ေဆြ မ်ား comment.မွာ အႀကံျပဳႏိုင္ႀကပါတယ္ ။
မွားရင္လည္းျပင္ေပးႀကပါလို႕ေတာင္းပန္ပါတယ္ ။

အားလံုးေအးခ်မ္းႀကပါေစ...
သူေတာ္ထံုးျဖင့္ တရားႏွလံုး သြင္းႏိုင္ႀကပါေစ ။
( ကို ဘ ေ အ ာ င္ )


( ေသမင္း မျမင္ႏိုင္ေသာတရား - ၂ )
==========================
ဒီေနရာမွာေတာ့ ကိုဘေအာင္ ပထမပိုင္း မွာ တင္ျပခဲ႕တဲ႕ အာရံုသိ ေနရာေလးကို ဘဝ ဟုေခၚေႀကာင္း ထိုေနရာေလးကို ဖြားေသ ဘဝ ဟု ဆိုလိုေႀကာင္း ဆက္ပါ့မယ္ ။

ခႏၶာကိုယ္ကို ၿဖတ္ေသာ မ်ဥ္းအား ဆြဲလိုက္ေသာအခါ ထိုထိမွတ္ေနရာေလး ကို အာရံု ဒြါရ တိုက္ျပီး သိ သေဘာေပၚပါသည္ ။

အဆင္း နဲ႕မ်က္စိ အနံ႕နဲ႕ႏွာေခါင္း အသံ နဲ႕နား စသျဖင့္ တိုက္မိေသာ အခါ ထိုေနရာမွာ အာရံုသိ သေဘာေပၚျပီးေနာက္ ႏွလံုး အိမ္တြင္ မွီေသာ စိတ္ သည္ ထို အာရံုဒြါရ တိုက္ေသာေနရာ မွ သိသေဘာကို ယူ၍ မူလႏွလံုး အိမ္ တြင္ ထိုအာရံုကို က်က္စား ပါသည္ ။


ဘုရားရွင္ေပးတဲ႕ဥပမာ က...........
ပင့္ကူ တစ္ေကာင္ ဟာ ႀကိဳးေျခာက္ႀကိဳး သြယ္ထားျပီး အလယ္ မွာေနတယ္ ။ အစာျဖစ္တဲ႕ပိုးေကာင္ မိရင္ သြယ္ထားတဲ႕ေျခာက္ႀကိဳးက လႈပ္သြားတဲ႕ႀကိဳး အတိုင္းသြားျပီး အစာ ကို ယူလာကာ မူလေနရာၿဖစ္ တဲ႕ အလယ္ မွာျပန္ က်က္စား သလိုပါဘဲလို႕ စိတ္ နဲ႕အာရံု ဒြါရ တိုက္တဲ႕သိသေဘာကို ရွင္းျပပါတယ္။

ဘုရားရွင္ က အာရံုသိ ခႏၶာ ငါးပါးသည္ ဘဝ တစ္ခုလံုး၏ ဖြားေသ သူ႕ကို ဘဝ ဟုေခၚသည္ ။ အာရံု မသိဘဲ အိပ္ေပ်ာ္ေနေသာ အခ်ိန္ ကိုဘုရားရွင္ က ဘဝျမံဳသည္ ဟု အမိန္႕ရွိပါသည္ ။

 ေသေသာသူ သည္ ခံစားစရာ နား မ်က္စိ လ်ွာ ကိုယ္ ႏွာေခါင္း မ်ား ရွိေသာ္ လည္းသူ႕မွာ သိသေဘာ မေပၚေတာ့ သျဖင့္ ဘဝ မရွိ ဘဝ ဆံုးျပီ ဟု ဆို သည္ ။

လူေသႏွင့္တူေသာ အိပ္ေပ်ာ္ ေနသူကိုပင္ ခံစားသိ မရွိေသာေႀကာင့္ ဘုရားရင္ က ဘဝျမံဳ သည္ဟု သံုးခဲ႕သျဖင့္ ဘုရားရွင္ ဆိုလို ေသာဘဝ မွာ ကိုယ္လံုးႀကီး ကို မဆိုလိုဘဲ ကိုဘေအာင္ျပထားေသာ ခံစားသိေနရာေလးကို ဘဝဟု ဆိုလိုေႀကာင္းျမင္သာသြားပါျပီ ။

ထိုသို႕ဆိုျခင္းေႀကာင့္ေရွ႕တြင္ ဆိုခဲ႕ေသာ ခႏၶာငါးပါးေပါင္း အသိေပၚ ထို ခႏၶာ ငါးပါး ကို ဘဝဟု ဆိုပါမည္ ။
ထို႕ေႀကာင့္ မိုးကုတ္ ဆရာေတာ္ႀကီး က အာရံုဒြါရ က ေမြးေသာ ခႏၶာ ေခြး မေဟာင္ တဲ႕ခႏၶာ ဟုသံုးခဲ႕ျပီး ထိုခႏၶာ ကို ရႈခိုင္းခဲ႕ျခင္းျဖစ္ပါသည္ ။

ဘေႏၵကရတၱ သုတ္ တြင္ အတိတ္ခႏၶာ ကိုလည္း အစဥ္ မလိုက္ရာ အနာဂတ္ ခႏၶာ ကိုလည္းမေတာင့္တရာ အတိတ္ ခႏၶာသည္ ခ်ဳပ္ျပီးျပီ အနာဂတ္ ခႏၶာ သည္ေရာက္ မလာေသး ပစၥဳပၸန္ျဖစ္ေသာ သေဘာတရား ကို ထိုထိုျဖစ္ဆဲ ခဏ ၌ သာလ်ွင္ ဝိပသ၁နာ ရႈေသာ ပုဂၢိဳလ္ သည္ တြန္႕တိုျခင္း ပ်က္ဆီးျခင္း မရွိေသာ ဝိပသ၁နာ ရႈမႈကို အဖန္ဖန္ ပြားမ်ားရာ၏ ။ ဟု အလုပ္ေပးလမ္း ညႊန္ပါသည္ ။

ထိုသို႔ ဘုရားရွင္ အလုပ္ေပးလမ္းညႊန္မႈ အရ တရားရႈမွတ္ေသာ သူသည္ အခ်ိန္ ကာလ မ်ဥ္းကိုျဖတ္ေသာ မ်ဥ္းဆံုေသာ အခ်ိန္ ( ထို အခ်ိန္ကား ယခု လက္ရွိ အခ်ိန္ျဖစ္သည္) ခႏၶာ မ်ဥ္းကိုျဖတ္ခ်ိန္ေပၚေသာ အာရံုသိ ခႏၶာငါးပါး တို႕ရဲ႕ျဖစ္ပ်က္ သေဘာကို မဆုတ္မနစ္ ပြားမ်ား ရႈရန္ျဖစ္ပါသည္ ။

အာရံုဒြါရ တိုက္ျပီး ခႏၶာငါးပါးေပၚကာ ထိုေနရာ ၌ျဖစ္ျပီး ပ်က္သြားသည္ကို သိရန္ ရႈရန္ လိုသျဖင့္ ဆရာေတာ္ႀကီး မ်ား က ဝိပသ၁နာ ဆိုတာ ကိုယ့္အေသ ကိုယ္ရႈ တာ ေရွ႕ကျဖစ္ပ်က္ ေနာက္ က မဂ္ ဟုေဟာပါသည္ ။

ဒီေနရာမွာ အပိုင္း ၂ လို႔ သေဘာထားျပီးနားပါမည္ ။
ဘဝဆက္ျခင္း နဲ႕သံသရာ ကိုေနာက္ အပိုင္းမွာ ေဆြးေႏြးႀကပါမည္ ။
သတၱဝါမွန္ သေရြ႕ တရားေတြ႕
ခ်မ္းေျမ႕ သာယာရွိႀကပါေစ................

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : ( ကို ဘ ေ အ ာ င္ )

#Unicode Version#
မြတ်ဗုဒ္ဓ ဟောကြားတော် မူသော နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံ ပွားများ အားထုတ် ရမည့် အတို ဆုံး
တရားတော်............

( သေမင်းမမြင်နိုင်သောတရား ) (၁)
====================
တရားဆွေးနွေးသည် ဟု သဘောထားကာလေ့လာ ကြပါကုန်.........
အခါခပ်သိမ်း အောက်မေ့မှု သတိ ရှိလျှက် မိမိကိုယ် ဟု စွဲယူမှု အတ္တာနု ဒိဋ္ဌိ ကိုနှုတ်ပါယ် လျှက် လောက ကို ဆိတ်သုန်းသော အားဖြင့် ရှုပါလော့………

ခုဒ္ဓကနိကာယ် မောဃရာဇ ပုဏ္ဏား ပုစ္ဆာ မှ........................
ဒါကို ကိုဘအောင် အရင် တင်ဘူးပါတယ် ။ အခု ဓမ္မမိတ်ဆွေများစွာ တိုး လာတော့ တရားကျင့် ဖို့လေ့ လာနေ သူတွေ ဘဝ နဲ့သံသရာကို သိလိုသူ တွေ တရားအတိုင်း နားလည် သလို တင်ပါတယ် ။

တရားဆွေးနွေးသည် ဟု သဘောထားကာလေ့လာ ပေးကြပါကုန်..................
ဒီနေရာ မှာ မင်းကွန်း ဆရာတော်ကြီး ဆုံးမတဲ့ လက်ရှိ အချိန် ထက်ကောင်းသော အချိန် မရှိပါ ။ ဆိုတဲ့အဆုံး အမ နဲ့ဆက်နွယ်ပြီး ရှင်း ပါ့မယ် ။

အတိတ် သည် ဖြစ်ပြီး သွားခဲ့ပြီ ။ အနာဂတ် သည် ရောက်မလာသေး ယခု လက်ရှိ အချိန် ဆိုတာကိုတော့ ဒီလိုမြင်အောင် ကြည့်သင့်ပါတယ် ။

မျဉ်းတစ်ကြောင်း ဆွဲပါ အဲ့ဒိ မျဉ်းကို သွားနေတဲ့သဘောသက်ရောက် အောင်မြှားခေါင်းတပ်ပေး လိုက် ပါ ။ အဲ့ဒီမျဉ်း ကို အချိန်ကာလ မျဉ်း လို့ မှတ် ယူလိုက်....... နောက် သူ့အောက်ကနေမျဉ်းပြိုင် တစ်ကြောင်း ဆွဲ သူ့ကိုလဲမြှားခေါင်း တပ် ပါ့မယ် ။

သူ့ကိုတော့ မိမိ ခန္ဓာကိုယ်ကြီး လို့မှတ်ပါ မြှားခေါင်း တပ်ပြီးမျဉ်း ပြိုင် ဆွဲရတာ ကတော့ အချိန် ကာလ နဲ့ယှဉ်ပြီး သွား နေတယ် ။ မရပ်ဘူး ဆိုတဲ့သဘောပါ ။

ဘုရားရှင် က မျက်တောင် တစ်ခပ် ကာလလေးမှာ ရုပ်ဖက် က ကုဋေ ငါးထောင်ကျော်ဖြစ်ပျက် ချုပ်သွားကြ တယ် ။ လို့ဟောကြားခဲ့သလို ယနေ့ သိပ္ပံပညာ ကလည်း ကလပ်စည်းလေးတွေ ဟာ ကန်ရေပြင် မှာ မိုးစက် ကျ သလိုမျိုး အဆက်မပြတ်ပေါက်ကွဲ ပျက်စီးနေ တယ် ဆိုတာ သိထားကြပါပြီ ။

တရား ကျင့်သူများဟာလည်း ခန္ဓာကိုယ်ကြီးဖေါက် ပြန် ပျက်စီးနေတာကို တရား မှတ်ရင်းလက်တွေ့ သိနေကြ ပါပြီ ။ ဒါကြောင့် ခန္ဓာ ရဲ့ဖြစ်ပျက် ဟာ အချိန် နဲ့ယှဉ်ပြီး သွားနေတယ် ဆိုတာကို အလွယ် တစ်ကူမြင်ဖို့ ပါဘဲ ။ ဒါကို သဘောပေါက် လက်ခံရင် ရှေ့ဆက် ပါ့မယ် ။

မျဉ်းပြိုင်နှစ်ကြောင်း ကိုဖြတ်ပြီး အတည့် ဆင်းတဲ့ မျဉ်းတစ်ကြောင်း ကို ကျနော် ဆွဲပါတယ် ။ အဲ့ဒီ မျဉ်း ဟာ ခန္ဓာကိုယ်ပြင်ပက လာပြီး ထိခတ်တဲ့ အပြင်အာရုံခြောက်ခု ထဲက တစ်ခု လို့မှတ်ပါ ။
( အာရုံတွေ ဘယ်လောက်များများ စိတ် ကတော့ တစ်စိတ်သာပေါ်ပါ တယ်) အပြင်က လာတဲ့ မျဉ်း ခန္ဓာမျဉ်းကြောင်းကို ထိတဲ့နေရာမှာ အဝိုင်း သေးလေး တစ်ခု ဝိုင်းပါတယ် ။ အဲ့ဒိ အဝိုင်းလေး ဟာ သိသဘောပေါ် တဲ့နေ ရာလေးပါ ။

အာရုံ နဲ့ဒွါရ တိုက်ပြီး ခန္ဓာငါးပါးပေါ်ပါတယ် ။ အဲ့ဒိ ခန္ဓာ ငါးပါး ဟာလည်း အာရုံ ဒွါရ တိုက်တဲ့နေရာမှာ လာပေါ်ပြီး အဲ့ဒိနေရာမှာတင် တစ်ပေါင်းတည်း ဖြစ်သလို တစ်ပေါင်းတည်း ချုပ်ပါတယ် ။

အဲ့ဒိမှာ သိ သဘောလေးပေါ်ပါတယ် ။ အာရုံသိ ပါ ။ ဒါကို ဘုရားရှင် က ဘဝ လို့သတ်မှတ်ပါတယ် ။ ဖွားသေ ဘဝ ပါ ဖွားပြီးသေပါတယ် ။


အများသိသော မိခင်မွေးရာမှသည် သင်းချိုင်း မှာ ဆုံးသောဘဝ ကို မဆိုလို ပါဘူး ။
ဒီနေရာ မှာ အပိုင်း ၁ လို့ သဘောထားပြီး နားပါ့မယ် ။


စိတ်ဝင်စား သူရော အကြံပြုလိုကြတဲ့ဓမ္မ မိတ်ဆွေ များ comment.မှာ အကြံပြုနိုင်ကြပါတယ် ။
မှားရင်လည်းပြင်ပေးကြပါလို့တောင်းပန်ပါတယ် ။

အားလုံးအေးချမ်းကြပါစေ...
သူတော်ထုံးဖြင့် တရားနှလုံး သွင်းနိုင်ကြပါစေ ။
( ကို ဘ ေ အ ာ င် )


( သေမင်း မမြင်နိုင်သောတရား - ၂ )
==========================
ဒီနေရာမှာတော့ ကိုဘအောင် ပထမပိုင်း မှာ တင်ပြခဲ့တဲ့ အာရုံသိ နေရာလေးကို ဘဝ ဟုခေါ်ကြောင်း ထိုနေရာလေးကို ဖွားသေ ဘဝ ဟု ဆိုလိုကြောင်း ဆက်ပါ့မယ် ။

ခန္ဓာကိုယ်ကို ဖြတ်သော မျဉ်းအား ဆွဲလိုက်သောအခါ ထိုထိမှတ်နေရာလေး ကို အာရုံ ဒွါရ တိုက်ပြီး သိ သဘောပေါ်ပါသည် ။

အဆင်း နဲ့မျက်စိ အနံ့နဲ့နှာခေါင်း အသံ နဲ့နား စသဖြင့် တိုက်မိသော အခါ ထိုနေရာမှာ အာရုံသိ သဘောပေါ်ပြီးနောက် နှလုံး အိမ်တွင် မှီသော စိတ် သည် ထို အာရုံဒွါရ တိုက်သောနေရာ မှ သိသဘောကို ယူ၍ မူလနှလုံး အိမ် တွင် ထိုအာရုံကို ကျက်စား ပါသည် ။


ဘုရားရှင်ပေးတဲ့ဥပမာ က...........
ပင့်ကူ တစ်ကောင် ဟာ ကြိုးခြောက်ကြိုး သွယ်ထားပြီး အလယ် မှာနေတယ် ။ အစာဖြစ်တဲ့ပိုးကောင် မိရင် သွယ်ထားတဲ့ခြောက်ကြိုးက လှုပ်သွားတဲ့ကြိုး အတိုင်းသွားပြီး အစာ ကို ယူလာကာ မူလနေရာဖြစ် တဲ့ အလယ် မှာပြန် ကျက်စား သလိုပါဘဲလို့ စိတ် နဲ့အာရုံ ဒွါရ တိုက်တဲ့သိသဘောကို ရှင်းပြပါတယ်။

ဘုရားရှင် က အာရုံသိ ခန္ဓာ ငါးပါးသည် ဘဝ တစ်ခုလုံး၏ ဖွားသေ သူ့ကို ဘဝ ဟုခေါ်သည် ။ အာရုံ မသိဘဲ အိပ်ပျော်နေသော အချိန် ကိုဘုရားရှင် က ဘဝမြုံသည် ဟု အမိန့်ရှိပါသည် ။

 သေသောသူ သည် ခံစားစရာ နား မျက်စိ လျှာ ကိုယ် နှာခေါင်း များ ရှိသော် လည်းသူ့မှာ သိသဘော မပေါ်တော့ သဖြင့် ဘဝ မရှိ ဘဝ ဆုံးပြီ ဟု ဆို သည် ။

လူသေနှင့်တူသော အိပ်ပျော် နေသူကိုပင် ခံစားသိ မရှိသောကြောင့် ဘုရားရင် က ဘဝမြုံ သည်ဟု သုံးခဲ့သဖြင့် ဘုရားရှင် ဆိုလို သောဘဝ မှာ ကိုယ်လုံးကြီး ကို မဆိုလိုဘဲ ကိုဘအောင်ပြထားသော ခံစားသိနေရာလေးကို ဘဝဟု ဆိုလိုကြောင်းမြင်သာသွားပါပြီ ။

ထိုသို့ဆိုခြင်းကြောင့်ရှေ့တွင် ဆိုခဲ့သော ခန္ဓာငါးပါးပေါင်း အသိပေါ် ထို ခန္ဓာ ငါးပါး ကို ဘဝဟု ဆိုပါမည် ။
ထို့ကြောင့် မိုးကုတ် ဆရာတော်ကြီး က အာရုံဒွါရ က မွေးသော ခန္ဓာ ခွေး မဟောင် တဲ့ခန္ဓာ ဟုသုံးခဲ့ပြီး ထိုခန္ဓာ ကို ရှုခိုင်းခဲ့ခြင်းဖြစ်ပါသည် ။

ဘန္ဒေကရတ္တ သုတ် တွင် အတိတ်ခန္ဓာ ကိုလည်း အစဉ် မလိုက်ရာ အနာဂတ် ခန္ဓာ ကိုလည်းမတောင့်တရာ အတိတ် ခန္ဓာသည် ချုပ်ပြီးပြီ အနာဂတ် ခန္ဓာ သည်ရောက် မလာသေး ပစ္စုပ္ပန်ဖြစ်သော သဘောတရား ကို ထိုထိုဖြစ်ဆဲ ခဏ ၌ သာလျှင် ဝိပသ၁နာ ရှုသော ပုဂ္ဂိုလ် သည် တွန့်တိုခြင်း ပျက်ဆီးခြင်း မရှိသော ဝိပသ၁နာ ရှုမှုကို အဖန်ဖန် ပွားများရာ၏ ။ ဟု အလုပ်ပေးလမ်း ညွှန်ပါသည် ။

ထိုသို့ ဘုရားရှင် အလုပ်ပေးလမ်းညွှန်မှု အရ တရားရှုမှတ်သော သူသည် အချိန် ကာလ မျဉ်းကိုဖြတ်သော မျဉ်းဆုံသော အချိန် ( ထို အချိန်ကား ယခု လက်ရှိ အချိန်ဖြစ်သည်) ခန္ဓာ မျဉ်းကိုဖြတ်ချိန်ပေါ်သော အာရုံသိ ခန္ဓာငါးပါး တို့ရဲ့ဖြစ်ပျက် သဘောကို မဆုတ်မနစ် ပွားများ ရှုရန်ဖြစ်ပါသည် ။

အာရုံဒွါရ တိုက်ပြီး ခန္ဓာငါးပါးပေါ်ကာ ထိုနေရာ ၌ဖြစ်ပြီး ပျက်သွားသည်ကို သိရန် ရှုရန် လိုသဖြင့် ဆရာတော်ကြီး များ က ဝိပသ၁နာ ဆိုတာ ကိုယ့်အသေ ကိုယ်ရှု တာ ရှေ့ကဖြစ်ပျက် နောက် က မဂ် ဟုဟောပါသည် ။

ဒီနေရာမှာ အပိုင်း ၂ လို့ သဘောထားပြီးနားပါမည် ။
ဘဝဆက်ခြင်း နဲ့သံသရာ ကိုနောက် အပိုင်းမှာ ဆွေးနွေးကြပါမည် ။
သတ္တဝါမှန် သရွေ့ တရားတွေ့
ချမ်းမြေ့ သာယာရှိကြပါစေ................

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : ( ကို ဘ ေ အ ာ င် )
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top