iMyanmarHouse.com - Best Property Website for Myanmar
×

ေလွက ကမ္းမွာ ကပ္ထားရင္ အႏၲရာယ္ အကင္းဆံုးပဲ၊ ဒါေပမယ့္ အဲဒါက ေလွ တည္ေဆာက္ခဲ့တဲ့
ရည္ရြယ္ ခ်က္ မဟုတ္ဘူး။ လူက အိမ္မွာေနရင္ အသက္သာဆံုးပဲ၊ ဒါေပမယ့္ အဲဒါက လူျဖစ္လာရတဲ့ ရည္ရြယ္ခ်က္ မဟုတ္ဘူး။

တစ္ေန႔ကို မိုင္တစ္ေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းပ်ိဳေလး တစ္ေကာင္႐ွိတယ္၊ သူ႔ရဲ႕ အရည္အခ်င္း ကိုေဖာ္ ထုတ္ျပသဖို႔ အခြင့္အေ႐းကိုေစာင့္ေနတယ္။

ကုန္သည္ လာတယ္၊ေျပာတယ္၊ ` မင္း ငါနဲ႔ လိုက္ႏိုင္မလား´

ျမင္းကေခါင္းခါၿပီးေျပာတယ္၊  `ငါက တစ္ေန႔မိုင္တစ္ေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ... ဘယ္လိုျဖစ္လို႔ ကုန္သည္ေနာက္လိုက္ၿပီး ကုန္ထမ္းရမွာလဲ ? ´

စစ္သား လာတယ္၊ ေျပာတယ္၊ ` မင္း ငါနဲ ႔လိုက္ႏိုင္မလား´

ျမင္းက ေခါင္းခါၿပီးေျပာတယ္၊  `ငါက တစ္ေန႔ မိုင္တစ္ေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ... ဘယ္လိုျဖစ္လို သာမာန္ စစ္သား တစ္ေယာက္ေနာက္ လိုက္ၿပီး တိုက္ပြဲ ဝင္ရမွာလဲကြ? ´


မုဆိုး လာတယ္၊ ေျပာတယ္၊ ` မင္း ငါနဲ႔ လိုက္ႏိုင္မလား´
ျမင္းကေခါင္းခါၿပီးေျပာတယ္၊  `ငါက တစ္ေန႔ မိုင္တစ္ေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ... ဘယ္လိုျဖစ္လို မုဆိုးနဲ႔ အတူတူ ပင္ပန္း ဆင္း ရဲမႈဒဏ္ ခံရမွာလဲကြ? ´



ဒီလို နဲ႔ တစ္ေန႔ၿပီး တစ္ေန႔ ကုန္ဆံုးသြားသည္၊ ဒီျမင္းတစ္ေကာင္ သူနဲ ႔တန္သည့္ အလုပ္ ႐ွာမေတြ႔ေသးေခ်။တစ္ေန႔ ဘုရင္မင္းျမတ္ အမိန္႔ျဖင့္ စစ္သူႀကီးတစ္ေယာက္ အာဇာနည္ျမင္းကို လိုအပ္ေၾကာင္း ေနရာအႏွံ႔ေၾကာ္ျငာစာမ်ား ကပ္ကာ လိုက္႐ွာေလသည္၊

အာဇာနည္ျမင္းက စစ္သူႀကီးဆီ သြားေတြ႔ၿပီး ေျပာတယ္၊

` က်ေနာ္က ခင္ဗ်ားတို႔ ႐ွာေနတဲ့ အာဇာနည္ျမင္းပါ´

စစ္သူႀကီးကေမးတယ္၊

` ဒါဆို မင္း ငါတို႔ တိုင္းျပည္ရဲ႕ ေတာေတာင္ေရေျမ နဲ႔ လမ္းေတြကို ႏွံ႔စပ္လား ´  ျမင္းက ေခါင္းခါတယ္၊

စစ္သူႀကီးက ထပ္ေမးတယ္၊

` ဒါဆို မင္း စစ္ပြဲ ဝင္ဖူးသလား.. စစ္ပြဲ အေတြ႕အၾကံဳ ႐ွိသလား ´  ျမင္းက ေခါင္းထပ္ခါတယ္၊

စစ္သူႀကီးက ထပ္ေမးတယ္၊

` ဒါဆို မင္းေတာထဲေတာင္ထဲမွာ သားေကာင္ေတြနဲ႔ေတြ႔တဲ့ အခါ သခင့္ အတြက္ ရင္ဆိုင္ တိုက္ခိုက္ၿပီး ႐ုန္းထြက္ရဲသလား ´ ျမင္းက ေခါင္းထပ္ခါတယ္၊

စစ္သူႀကီးကေျပာတယ္ ` ဒါဆို မင္း ဘာအသံုးက်ေသးသလဲ´


 ျမင္းကေျပာတယ္ ` က်ေနာ္ေန႔ဘက္ဆို မိုင္တစ္ေထာင္ သြားနိင္ၿပီး ညဘက္ဆို မိုင္ ၈ ရာ သြားႏိုင္တယ္၊ ေလ အဆန္မွာ အစုန္ ထက္ေတာင္မွ အေျပးျမန္ေသးတယ္´

  စစ္သူႀကီးက ျမင္းေပၚ ခြတက္စီးလိုက္တယ္၊

  ျမင္းက အားစိုက္ၿပီး တစ္ဟုန္ထိုးေျပးလိုက္တယ္၊ ဒါေပမယ့္ ၁၀ လွမ္းေလာက္ပဲေျပးရေသးတယ္ ၊ အေမာဟိုက္ၿပီး ေက်ာမွာေခြ်းေတြပ်ံလာတယ္။




 `မင္း အိုသြားၿပီ... မေျပးႏိုင္ေတာ့ဘူး´ ဟု ဆိုကာ စစ္သူႀကီးျပန္လွည့္ထြက္သြားသည္၊

  ဒီေန႔ သင္လုပ္တဲ့ ကိစၥတစ္ခုစီတိုင္းဟာ သာမာန္ႀကိဳးစားေနတယ္ ထင္ရေပမယ့္ ေနာင္ တစ္ခ်ိန္ အ တြက္ အင္အားေလး တစ္ခုဆိုတာ သိထားပါ၊ ဒီေန႔ သင္ျဖတ္ေက်ာ္ရတဲ့ စိတ္ဆင္းရဲတဲ့ အေတြ႕အၾကံဳတိုင္း၊ ျငင္း ပယ္မႈတိုင္းဟာ အနာဂတ္ အတြက္အုတ္ျမစ္ခ်ပ္ေလးေတြပါ၊ အိုသြားတဲ့ အခ်ိန္ မေျပးႏိုင္ေတာ့မွ မေျပးခဲ့ ရလားလို႔ ေနာင္တ မရပါနဲ႔၊

ေလွက ကမ္းမွာ ကပ္ထားရင္ အႏၱရာယ္အကင္းဆံုးပဲ၊
ဒါေပမယ့္ အဲဒါက ေလွတည္ေဆာက္ခဲ့တဲ့ ရည္ရြယ္ခ်က္ မဟုတ္ဘူး။

လူက အိမ္မွာေနရင္ အသက္သာဆံုးပဲ၊
ဒါေပမယ့္ အဲဒါက လူျဖစ္လာရတဲ့ ရည္ရြယ္ခ်က္ မဟုတ္ဘူး။

  ပညာက အရည္အခ်င္းကို ကိုယ္စား မျပဳဘူး၊ စာေပ က ယဥ္ေက်းမႈကို ကိုယ္စား မျပဳဘူး၊ မေန႔ကေက်ာ္ေဇာခဲ့တဲ့ အရာဟာ ဒီေန႔မွာ အတိတ္ နဲ႔ မွတ္ဥာဏ္ အခ်ိဳ႕ျဖစ္သြားၿပီ၊

ဒါ့ေၾကာင့္ အေရးႀကီးတာ မေန႔က သင္ဘယ္သူလဲ မဟုတ္ပါဘူး၊ ဒီေန႔ သင္ဘယ္သူလဲ ဆိုတာပါ၊

ပိုၿပီး အေရးႀကီးတာ ဒီေန႔ သင္ဘာလုပ္သလဲ.. မနက္ျဖန္ သင္ဘာျဖစ္မလဲ ဆိုတာပါ၊

Have a good day all Peace


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : Original uploader


#Unicode Version#
လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ၊ ဒါပေမယ့် အဲဒါက လှေ တည်ဆောက်ခဲ့တဲ့ ရည်ရွယ် ချက် မဟုတ်ဘူး။ လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။


တစ်နေ့ကို မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေး တစ်ကောင်ရှိတယ်၊ သူ့ရဲ့ အရည်အချင်း ကိုဖော် ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။

ကုန်သည် လာတယ်၊ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´

မြင်းကခေါင်းခါပြီးပြောတယ်၊  `ငါက တစ်နေ့မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´

စစ်သား လာတယ်၊ ပြောတယ်၊ ` မင်း ငါနဲ့လိုက်နိုင်မလား´

မြင်းက ခေါင်းခါပြီးပြောတယ်၊  `ငါက တစ်နေ့ မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို သာမာန် စစ်သား တစ်ယောက်နောက် လိုက်ပြီး တိုက်ပွဲ ဝင်ရမှာလဲကွ? ´


မုဆိုး လာတယ်၊ ပြောတယ်၊ ` မင်း ငါနဲ့ လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊  `ငါက တစ်နေ့ မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့ အတူတူ ပင်ပန်း ဆင်း ရဲမှုဒဏ် ခံရမှာလဲကွ? ´



ဒီလို နဲ့ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့တန်သည့် အလုပ် ရှာမတွေ့သေးချေ။တစ်နေ့ ဘုရင်မင်းမြတ် အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေသည်၊

အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်၊

` ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်းပါ´

စစ်သူကြီးကမေးတယ်၊

` ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေ နဲ့ လမ်းတွေကို နှံ့စပ်လား ´  မြင်းက ခေါင်းခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊

` ဒါဆို မင်း စစ်ပွဲ ဝင်ဖူးသလား.. စစ်ပွဲ အတွေ့အကြုံ ရှိသလား ´  မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊

` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့ အခါ သခင့် အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´ မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ် ` ဒါဆို မင်း ဘာအသုံးကျသေးသလဲ´


 မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင် သွားနိင်ပြီး ညဘက်ဆို မိုင် ၈ ရာ သွားနိုင်တယ်၊ လေ အဆန်မှာ အစုန် ထက်တောင်မှ အပြေးမြန်သေးတယ်´

  စစ်သူကြီးက မြင်းပေါ် ခွတက်စီးလိုက်တယ်၊

  မြင်းက အားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀ လှမ်းလောက်ပဲပြေးရသေးတယ် ၊ အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်။




 `မင်း အိုသွားပြီ... မပြေးနိုင်တော့ဘူး´ ဟု ဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

  ဒီနေ့ သင်လုပ်တဲ့ ကိစ္စတစ်ခုစီတိုင်းဟာ သာမာန်ကြိုးစားနေတယ် ထင်ရပေမယ့် နောင် တစ်ချိန် အ တွက် အင်အားလေး တစ်ခုဆိုတာ သိထားပါ၊ ဒီနေ့ သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်း ပယ်မှုတိုင်းဟာ အနာဂတ် အတွက်အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့ အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ ရလားလို့ နောင်တ မရပါနဲ့၊

လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။

  ပညာက အရည်အချင်းကို ကိုယ်စား မပြုဘူး၊ စာပေ က ယဉ်ကျေးမှုကို ကိုယ်စား မပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့ အရာဟာ ဒီနေ့မှာ အတိတ် နဲ့ မှတ်ဉာဏ် အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာ မနေ့က သင်ဘယ်သူလဲ မဟုတ်ပါဘူး၊ ဒီနေ့ သင်ဘယ်သူလဲ ဆိုတာပါ၊

ပိုပြီး အရေးကြီးတာ ဒီနေ့ သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲ ဆိုတာပါ၊

Have a good day all Peace


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : Original uploader



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top