iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ေခတ္ ၊ ဒီေန႔အခါမွာေတာ့ “ လူသားတိုင္း ဖုန္းနဲ႔ မကင္းႏိုင္ၾကဘူး “ လို႔ ေျပာရမယ့္ အေျခအေနေတြကို ေရာက္ရွိလာခဲ့ပါၿပီ။ စမတ္ဖုန္းကို သုံးၿပီးေတာ့ ပညာေရး၊ စီးပြားေရး၊ လူမႈေရးနဲ႕ ေဖ်ာ္ေျဖေရးေတြကို ရယူေနၾကရတာဆိုေတာ့ အေျခခံ စားဝတ္ေနေရး အျပင္ phone bill ဖိုးကလည္း တစ္ေန႕တစ္ေန႔ ကုန္တာ မနည္းဘူးေလ။ ဒါေၾကာင့္ အခု တစ္ခါမွာေတာ့ ဖုန္းေဘလ္ကို ေခြ်တာႏိုင္မယ့္ နည္းလမ္းေလးေတြကို မွ်ေဝတင္ဆက္ေပးလိုက္ရပါတယ္။

 




၁) Auto-play ေတြ ျဖစ္ေနလား

Facebook သုံးရင္ တစ္ခါတစ္ေလမွာ ကိုယ္ ဝင္မၾကည့္တဲ့ ဗီဒီယိုေတြက အလိုလို ပြင့္လာတာေတြ ျဖစ္ေနတတ္ပါတယ္။ ကိုယ္တိုင္ စိတ္ဝင္တစား ဝင္ၾကည့္တဲ့ ဗီဒီယိုေတြေၾကာင့္ data စားတာ၊ bill ကုန္တာ ျပႆနာ မရွိေပမယ့္ ကိုယ္မၾကည့္ခ်င္တဲ့ ဗီဒီယိုေတြေၾကာင့္ ဘယ္သူက အလဟႆ bill ကုန္ခံခ်င္ပါ့မလဲ ။ ဒီလို auto-play ပြင့္ေနတာကို ရပ္ခ်င္တယ္ဆိုရင္ေတာ့ ဖုန္း facebook application ထဲက “App Setting” ဆိုတာေလးဆီ သြားပါ။ အဲဒီထဲကမွ “Auto-play” ဆီ ဝင္ၿပီး “On Wi-fi Connections Only” ဒါမွ မဟုတ္ “Never Auto-play Videos” ဆိုတာေလးဆီ ဝင္ေပးပါ။ ဒါဆိုရင္ေတာ့ auto-play ေၾကာင့္ bill ကုန္ေနတာကို ေခြ်တာႏိုင္ပါၿပီ။

၂) Data-free app ေတြ

ႏိုင္ငံတကာမွာေတာ့ လူငယ္လူလတ္အေတာ္မ်ားမ်ားဟာ facebook ၊ instagram စတဲ့ လူမႈကြန္ရက္ေတြေပၚမွာ ဖုန္း bill ကို အမ်ားဆုံးအသုံးျပဳေနၾကပါသတဲ့။ ကြ်န္ေတာ္တို႔ ဆီမွာလည္း မကြာျခားလွဘူး ထင္ပါတယ္။ အခု operator ေတြကေတာ့ facebook မွာ data မစားတဲ့ free app ေတြ၊ free သုံးလို႔ ရမယ့္ နည္းလမ္းေတြ ထားထားေပးပါတယ္။ ဒါေပမဲ့ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြ မျမင္ရလို႔ တစ္ခါတစ္ေလ စိတ္ကသိကေအာက္ျဖစ္မိမွာ အမွန္ပါပဲ။

၃) “ ကိုယ္ ဘာလုပ္ခ်င္သလဲ “ ဆိုတာေပၚ မူတည္ သုံးပါ

တခ်ိဳ႕ ေန႕ေတြမွာ ဖုန္းကို ပုံမွန္ သုံးရုံ ေလာက္ပဲ သုံးမယ္။ ဒါေပမဲ့ တခ်ိဳ႕ အခ်ိန္ေတြမွာေတာ့ Live လႊင့္တာေတြ ၊ ဗီဒီယို သီခ်င္း တိုက္ရုိက္ နားေထာင္တာေတြ၊ ဓာတ္ပုံေတြ ၊ ဗီဒီယုိေတြ တင္တာေတြ ရွိႏိုင္ပါတယ္။ အဲဒါေတြက data စားတာမို႔ အဲဒီလို data size အမ်ားအျပား အသုံးျပဳမယ့္ ေန႔ေတြမွာ တစ္ေန႔စာ package ဝယ္ပစ္လိုက္တာ ၊ ညအသုံးမ်ားရင္ night package ေတြ ဝယ္သုံးတာေတြနဲ႕ ကုန္က်စရိတ္အနည္းဆုံး ျဖစ္ေအာင္ ေခြ်တာ ထားႏိုင္ပါတယ္။

၄) Promotion ေတြ ၊ package ေတြ သုံးဖို႕ မေၾကာက္ပါနဲ႕

လက္ရွိအခ်ိန္မွာေတာင္မွ တခ်ိဳ႕ေသာ ဖုန္းသုံးစြဲသူေတြဟာ promotion ေတြ ၊ package ေတြ ရယူဖို႔ သုံးစြဲဖို႔ ေၾကာက္ေနပါေသးတယ္။ ဖုန္းေအာ္ပေရတာေတြက ေပးတဲ့ အခြင့္အလမ္းတိုင္းကေတာ့ ကိုယ့္အတြက္ အသုံးဝင္ခ်င္မွ ဝင္ပါလိမ့္မယ္။ ဒါေပမဲ့ ကိုယ့္အတြက္ အသုံးဝင္ႏိုင္တဲ့ package ေတြ ၊ အခြင့္အလမ္းေတြကို ရွာေဖြၿပီး စမ္းသုံးၾကည့္ပါ။ အဆင္ေျပတာေတြ႕ရရင္ ဒါ ကိုယ့္အတြက္ ေဘလ္ ေခြ်တာႏိုင္မယ့္ နည္းလမ္းတစ္ခုပဲ ေပါ့။

၅) ဖုန္းေအာ္ပေရတာခ်င္း ၿပိဳင္ဆိုင္မႈဆီက ကိုယ့္အတြက္ ရသေလာက္ အျမတ္ထုတ္ပါ

ဖုန္းေအာ္ပေရတာခ်င္း ဝန္ေဆာင္မႈေတြ အၿပိဳင္အဆိုင္ ေပးေနတာဟာ ကိုယ့္အတြက္ အခြင့္ေကာင္းတစ္ရပ္ပါ။ sim card တစ္ကတ္ထဲကိုပဲ အင္တာနက္ အတြက္ အၿမဲသုံးစြဲေနမယ့္ အစား အလွည့္အေျပာင္း လုပ္ သုံးစြဲၾကည့္တာမ်ိဳး ၊ ဘယ္ကတ္ကိုေတာ့ ဖုန္းေခၚေျပာဖို႔ သက္သက္သုံးမယ္၊ ဘယ္ကတ္ကိုေတာ့ျဖင့္ အင္တာနက္အတြက္ သုံးမယ္ ဆိုတာမ်ိဳး တြက္ဆၾကည့္ပါ။ ဒါလည္း ပုံေသထားစရာမလိုပါဘူး။ မ်က္စိဖြင့္ နားစြင့္ထားၿပီး ရလာတဲ့ အခြင့္အေရးကို ေကာင္းေကာင္းႀကီး အသုံးခ် လို္က္ပါ။ ဥပမာ- အခုဆိုရင္ Ooredoo က ၾသဂုတ္လ ၁ ရက္ကေန ၇ ရက္ေန႔ထိ တစ္ေထာင္က်ပ္နဲ႔ အထက္ ဖုန္း ေဘလ္ျဖည့္သြင္းသူတိုင္းကို Ooredoo သုံးစြဲသူ အခ်င္းခ်င္း ဖုန္းေခၚဆိုတာ၊ SMS ေပးပို႔တာနဲ႕ package မပါတဲ့ သုံးသေလာက္ရွင္း ( PAYG) data ေတြ မွာ အသုံးျပဳႏိုင္မယ့္ ၁၅ % ကို အပိုေဆာင္းေပးေနၿပီလို႔ သိရပါတယ္။ တစ္ေထာင္က်ပ္ ကေန ၂၉၉၉ က်ပ္ဆိုရင္ ၁၀% ၊ ၁၅ % အပိုေဆာင္းေငြေတြကေန တစ္ေသာင္းနဲ႕ တစ္ေသာင္းက်ပ္အထက္ဆိုရင္ ၄၀% ၊ ၅၀% စသည္ျဖင့္ အပိုေဆာင္းေငြေတြ ရရွိမွာပါ။ ဒါေပမဲ့ ရရွိတဲ့ အပိုေဆာင္းေငြေတြကို သုံးရက္အတြင္းသာ အသုံးျပဳႏိုင္မွာလို႔ သိထားရပါတယ္။

ေျပာခ်င္တာက ဒီလိုမ်ိဳး ဖုန္း ေအာ္ပေရတာေတြက အခါအားေလ်ာ္စြာ ေပးလာတဲ့ promotionေတြကို ရယူၿပီး ေခြ်တာသုံးႏိုင္တယ္ဆိုတဲ့ သေဘာပါ။ လက္ရွိအခ်ိန္မွာ dual-sim ရတဲ့ တခ်ိဳ႔႕ handset ေတြမွာ sim ႏွစ္ခုလုံး အင္တာနက္ ရတာေတြကလည္း sim card ေတြ ေရာေႏွာသုံးစြဲဖို႔ အတြက္ အေထာက္အကူျပဳပါတယ္။ အစပိုင္းမွာ အလုပ္ရႈပ္သလို ျဖစ္ေနေပမယ့္ ေရရွည္ ဆိုရင္ေတာ့ ပိုမိုက်င့္သားရလာၿပီး ဖုန္းေဘလ္ဖိုးကို ထိထိေရာက္ေရာက္ ေလ်ာ့ခ်ေပးႏိုင္မွာ ေသခ်ာပါတယ္။

စာဖတ္သူတို႔ေတြေရာ လက္ရွိအခ်ိန္မွာ ဘယ္ ေအာ္ပေရတာေတြရဲ႕ ဘယ္ promotion ေတြ၊ package ေတြကို သုံးၿပီး အဆင္ေျပေနၾကသလဲ ဗ်။ ေဝမွ်တဲ့ အေနနဲ႕ comment မွာ ေျပာသြားၾကပါဦးဗ်ာ ။ဖုန္း အသုံးမ်ားသူ အခ်င္းခ်င္း အကူအညီ ျဖစ္တာေပါ့ေလ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : (ရိုးရာ​ေလး)

#Unicode Version#
ဒီနေ့ခေတ် ၊ ဒီနေ့အခါမှာတော့ “ လူသားတိုင်း ဖုန်းနဲ့ မကင်းနိုင်ကြဘူး “ လို့ ပြောရမယ့် အခြေအနေတွေကို ရောက်ရှိလာခဲ့ပါပြီ။ စမတ်ဖုန်းကို သုံးပြီးတော့ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဖျော်ဖြေရေးတွေကို ရယူနေကြရတာဆိုတော့ အခြေခံ စားဝတ်နေရေး အပြင် phone bill ဖိုးကလည်း တစ်နေ့တစ်နေ့ ကုန်တာ မနည်းဘူးလေ။ ဒါကြောင့် အခု တစ်ခါမှာတော့ ဖုန်းဘေလ်ကို ချွေတာနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။

၁) Auto-play တွေ ဖြစ်နေလား
Facebook သုံးရင် တစ်ခါတစ်လေမှာ ကိုယ် ဝင်မကြည့်တဲ့ ဗီဒီယိုတွေက အလိုလို ပွင့်လာတာတွေ ဖြစ်နေတတ်ပါတယ်။ ကိုယ်တိုင် စိတ်ဝင်တစား ဝင်ကြည့်တဲ့ ဗီဒီယိုတွေကြောင့် data စားတာ၊ bill ကုန်တာ ပြဿနာ မရှိပေမယ့် ကိုယ်မကြည့်ချင်တဲ့ ဗီဒီယိုတွေကြောင့် ဘယ်သူက အလဟဿ bill ကုန်ခံချင်ပါ့မလဲ ။ ဒီလို auto-play ပွင့်နေတာကို ရပ်ချင်တယ်ဆိုရင်တော့ ဖုန်း facebook application ထဲက “App Setting” ဆိုတာလေးဆီ သွားပါ။ အဲဒီထဲကမှ “Auto-play” ဆီ ဝင်ပြီး “On Wi-fi Connections Only” ဒါမှ မဟုတ် “Never Auto-play Videos” ဆိုတာလေးဆီ ဝင်ပေးပါ။ ဒါဆိုရင်တော့ auto-play ကြောင့် bill ကုန်နေတာကို ချွေတာနိုင်ပါပြီ။

၂) Data-free app တွေ
နိုင်ငံတကာမှာတော့ လူငယ်လူလတ်အတော်များများဟာ facebook ၊ instagram စတဲ့ လူမှုကွန်ရက်တွေပေါ်မှာ ဖုန်း bill ကို အများဆုံးအသုံးပြုနေကြပါသတဲ့။ ကျွန်တော်တို့ ဆီမှာလည်း မကွာခြားလှဘူး ထင်ပါတယ်။ အခု operator တွေကတော့ facebook မှာ data မစားတဲ့ free app တွေ၊ free သုံးလို့ ရမယ့် နည်းလမ်းတွေ ထားထားပေးပါတယ်။ ဒါပေမဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မမြင်ရလို့ တစ်ခါတစ်လေ စိတ်ကသိကအောက်ဖြစ်မိမှာ အမှန်ပါပဲ။

၃) “ ကိုယ် ဘာလုပ်ချင်သလဲ “ ဆိုတာပေါ် မူတည် သုံးပါ
တချို့ နေ့တွေမှာ ဖုန်းကို ပုံမှန် သုံးရုံ လောက်ပဲ သုံးမယ်။ ဒါပေမဲ့ တချို့ အချိန်တွေမှာတော့ Live လွှင့်တာတွေ ၊ ဗီဒီယို သီချင်း တိုက်ရိုက် နားထောင်တာတွေ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ တင်တာတွေ ရှိနိုင်ပါတယ်။ အဲဒါတွေက data စားတာမို့ အဲဒီလို data size အများအပြား အသုံးပြုမယ့် နေ့တွေမှာ တစ်နေ့စာ package ဝယ်ပစ်လိုက်တာ ၊ ညအသုံးများရင် night package တွေ ဝယ်သုံးတာတွေနဲ့ ကုန်ကျစရိတ်အနည်းဆုံး ဖြစ်အောင် ချွေတာ ထားနိုင်ပါတယ်။

၄) Promotion တွေ ၊ package တွေ သုံးဖို့ မကြောက်ပါနဲ့
လက်ရှိအချိန်မှာတောင်မှ တချို့သော ဖုန်းသုံးစွဲသူတွေဟာ promotion တွေ ၊ package တွေ ရယူဖို့ သုံးစွဲဖို့ ကြောက်နေပါသေးတယ်။ ဖုန်းအော်ပရေတာတွေက ပေးတဲ့ အခွင့်အလမ်းတိုင်းကတော့ ကိုယ့်အတွက် အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်အတွက် အသုံးဝင်နိုင်တဲ့ package တွေ ၊ အခွင့်အလမ်းတွေကို ရှာဖွေပြီး စမ်းသုံးကြည့်ပါ။ အဆင်ပြေတာတွေ့ရရင် ဒါ ကိုယ့်အတွက် ဘေလ် ချွေတာနိုင်မယ့် နည်းလမ်းတစ်ခုပဲ ပေါ့။

၅) ဖုန်းအော်ပရေတာချင်း ပြိုင်ဆိုင်မှုဆီက ကိုယ့်အတွက် ရသလောက် အမြတ်ထုတ်ပါ
ဖုန်းအော်ပရေတာချင်း ဝန်ဆောင်မှုတွေ အပြိုင်အဆိုင် ပေးနေတာဟာ ကိုယ့်အတွက် အခွင့်ကောင်းတစ်ရပ်ပါ။ sim card တစ်ကတ်ထဲကိုပဲ အင်တာနက် အတွက် အမြဲသုံးစွဲနေမယ့် အစား အလှည့်အပြောင်း လုပ် သုံးစွဲကြည့်တာမျိုး ၊ ဘယ်ကတ်ကိုတော့ ဖုန်းခေါ်ပြောဖို့ သက်သက်သုံးမယ်၊ ဘယ်ကတ်ကိုတော့ဖြင့် အင်တာနက်အတွက် သုံးမယ် ဆိုတာမျိုး တွက်ဆကြည့်ပါ။ ဒါလည်း ပုံသေထားစရာမလိုပါဘူး။ မျက်စိဖွင့် နားစွင့်ထားပြီး ရလာတဲ့ အခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချ လိုက်ပါ။ ဥပမာ- အခုဆိုရင် Ooredoo က သြဂုတ်လ ၁ ရက်ကနေ ၇ ရက်နေ့ထိ တစ်ထောင်ကျပ်နဲ့ အထက် ဖုန်း ဘေလ်ဖြည့်သွင်းသူတိုင်းကို Ooredoo သုံးစွဲသူ အချင်းချင်း ဖုန်းခေါ်ဆိုတာ၊ SMS ပေးပို့တာနဲ့ package မပါတဲ့ သုံးသလောက်ရှင်း ( PAYG) data တွေ မှာ အသုံးပြုနိုင်မယ့် ၁၅ % ကို အပိုဆောင်းပေးနေပြီလို့ သိရပါတယ်။ တစ်ထောင်ကျပ် ကနေ ၂၉၉၉ ကျပ်ဆိုရင် ၁၀% ၊ ၁၅ % အပိုဆောင်းငွေတွေကနေ တစ်သောင်းနဲ့ တစ်သောင်းကျပ်အထက်ဆိုရင် ၄၀% ၊ ၅၀% စသည်ဖြင့် အပိုဆောင်းငွေတွေ ရရှိမှာပါ။ ဒါပေမဲ့ ရရှိတဲ့ အပိုဆောင်းငွေတွေကို သုံးရက်အတွင်းသာ အသုံးပြုနိုင်မှာလို့ သိထားရပါတယ်။

ပြောချင်တာက ဒီလိုမျိုး ဖုန်း အော်ပရေတာတွေက အခါအားလျော်စွာ ပေးလာတဲ့ promotionတွေကို ရယူပြီး ချွေတာသုံးနိုင်တယ်ဆိုတဲ့ သဘောပါ။ လက်ရှိအချိန်မှာ dual-sim ရတဲ့ တချို့ handset တွေမှာ sim နှစ်ခုလုံး အင်တာနက် ရတာတွေကလည်း sim card တွေ ရောနှောသုံးစွဲဖို့ အတွက် အထောက်အကူပြုပါတယ်။ အစပိုင်းမှာ အလုပ်ရှုပ်သလို ဖြစ်နေပေမယ့် ရေရှည် ဆိုရင်တော့ ပိုမိုကျင့်သားရလာပြီး ဖုန်းဘေလ်ဖိုးကို ထိထိရောက်ရောက် လျော့ချပေးနိုင်မှာ သေချာပါတယ်။

စာဖတ်သူတို့တွေရော လက်ရှိအချိန်မှာ ဘယ် အော်ပရေတာတွေရဲ့ ဘယ် promotion တွေ၊ package တွေကို သုံးပြီး အဆင်ပြေနေကြသလဲ ဗျ။ ဝေမျှတဲ့ အနေနဲ့ comment မှာ ပြောသွားကြပါဦးဗျာ ။ဖုန်း အသုံးများသူ အချင်းချင်း အကူအညီ ဖြစ်တာပေါ့လေ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : (ရိုးရာလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top