iMyanmarHouse.com - Best Property Website for Myanmar
×







Credit;Panpwint

#Unicode Version#
နာမည်ကြီးခဲ့တဲ့ သင်ဇာဝင့်ကျော်နှင့် မိုးဟေကိုတဲ့ရဲ့ ပြဿဟာ မနေ့ကတော့ ပြေလည်မှုရသွားပြီး သင်ဇာဝင့်ကျော်က သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ မိုးဟေကိုကို တောင်းပန်စားရေးလိုက်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့က သင်ဇာဝင့်ကျော် ရေးသားလိုက်တဲ့ ဖေ့စ်ဘွက် စာတစ်ပုဒ်ကြောင့် ပရိတ်သတ်များက မိုးဟေကိုအပေါ်ကို ဒေါသထွက်ခဲ့ကြတာပါ။

မိုးဟေကိုက ပြေရှင်းမှုမလုပ်ခဲ့သေးပဲ အောက်တိုဘာလ ၂ ရက်နေ့မှ ဖြေရှင်းလာတာဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအအရုံးလူကြီးများကြားတွင် မိုးဟေကို၊ စတီးလ်၊ သင်ဇာဝင့်ကျော်တို့ ညှိနှိုင်းကြပြီး ပြေလည်မှုရသွားခဲ့ပါတယ်။

ပြေလည်မှုအရပြီး သင်ဇာဝင့်ကျော်က သူမရေးသားခဲ့တဲ့ စာကြောင့် မိုးဟေကို ဂုဏ်သိက္ခာကို ထိပါးသလိုဖြစ်ခဲ့ရင် တောင်းပန်ပါကြောင်း ရေးသားလာပါတယ်။

“သူတို့ရဲ့အခက်အခဲတွေကိုသိရပြီးစာနာနားလည်ခဲ့ရပါပြီ…တဦးမှာမေတ္တာတဦးမှာစေတနာပါ…ကျမတကယ်လိုအပ်နေတာအဲ့ဒီအရာပါ…ဘာပဲဖြစ်ဖြစ်ကျမခံစားခဲ့ရလို့တင်ခဲ့ဘူးတဲ့ post ဟာမမိုးရဲ့ဂုဏ်သိက္ခာကိုထိပါး စော်ကားခဲ့သလိုဖြစ်ခဲ့တယ်ဆိုရင် ကျမတောင်းပန်ပါရစေ မမိုးရေ..” ဟု သင်ဇာဝင့်ကျော်က ရေးသားထားသည်။

အားလုံးကျေနပ်သွားကြသည့်အတွက် ဇာတ်ကားကိုလည်း ဆက်လက်ရိုက်ကူးသွားပြီး နောင်လည်း လက်တွဲသွားမှာပါလို့ ပြောလာကြပါတယ်။


Credit;Panpwint

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top