iMyanmarHouse.com - Best Property Website for Myanmar
×

ဆံေကသာေျခာက္ေသြ႕ၾကမ္းတမ္းျခင္းဟာ အလွပႀကိဳက္တဲ့ ပ်ိဳေမတို႔အတြက္ေတာ့ တကယ္ကို အိပ္မက္ဆိုးတစ္ခုပါပဲ။ အမ်ိဳးသားေတြလည္း ထပ္တူပါပဲေနာ္။လူတိုင္း လွပၿပီး ေတာက္ပတဲ့ ဆံေကသာကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။ ေျခာက္ေသြ႕တဲ့ဦးေရျပားနဲ႔ ဆံေကသာပိုင္ရွင္ေတြအတြက္နည္းလမ္းေကာင္းကိုမွ်ေဝေပးခ်င္ပါတယ္။

ေရွာင္ရမယ့္အခ်က္ေတြ

ဆံပင္ပံုသြင္းစက္ေတြ မၾကာခဏအသံုးျပဳျခင္း၊ Gel သံုးျခင္း၊ ေရဓာတ္ခမ္းေျခာက္ျခင္း၊ ေနေရာင္ျခည္ထိေတြ႔မႈမ်ားျခင္း၊ ေရကူးကန္ထဲက ကလိုရင္းနဲ႔ မၾကာခဏထိေတြ႔ျခင္း၊ ဆံပင္ကို ေရစိုေနခ်ိန္မွာခပ္ၾကမ္းၾကမ္းၿဖီးျခင္းေတြကို တတ္ႏိုင္သေလာက္ေရွာင္ေပးပါ။

သဘာဝနည္းလမ္း

ပါဝင္ပစၥည္း

ေထာပတ္သီးအမွည့္ တစ္ျခမ္း

သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း

ျပဳလုပ္နည္း

ခြက္တစ္လံုးထဲမွာ ပါဝင္ပစၥည္းႏွစ္မ်ိဳးလံုးကိုထည့္ၿပီး ေသခ်ာေမႊလိုက္ပါ။ ေထာပတ္သီးကို လံုးဝမွည့္ေနတဲ့အသီးသံုးပါ။

ၿပီးရင္ရင္ သံလြင္ဆီနဲ႔ ေသခ်ာေမႊေပးၿပီး ဆံေကသာ အရင္းကအေန အဖ်ားထိ ေသခ်ာလိမ္းေပးပါ။ ဦးေရျပားကိုလည္းျဖည္းျဖည္းခ်င္း ႏွိပ္ႏွယ္ေပးပါ။ အဲဒီေနာက္ ၁၅ မိနစ္ မိနစ္ ၂၀ ေလာက္ထားၿပီး ပံုမွန္အတိုင္းေခါင္းေလွ်ာ္ခ်ပါ။

ေနာက္ထပ္ သဘာဝနည္းလမ္းေလးေတြ

အုန္းဆီကို ေခါင္းမေလွ်ာ္ခင္မွာ နာရီဝက္ ၁ နာရီေလာက္ လိမ္းေပးထားပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ခ်ပါ။ တစ္ပတ္ကို တစ္ႀကိမ္လုပ္ပါ။

ဓာတုပစၥည္းမပါတဲ့ ေခါင္းေလွ်ာ္ရည္သံုးပါ။

ေခါင္းေလွ်ာ္ရည္ဝယ္တဲ့အခါ ပါဝင္ပစၥည္းေတြကို ေသခ်ာဖတ္ပါ။ သဘာဝအတိုင္းလုပ္ထားတဲ့ေခါင္းေလွ်ာ္ရည္ေတြကိုအသံုးျပဳပါ။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံကေသာခြောက်သွေ့ကြမ်းတမ်းခြင်းဟာ အလှပကြိုက်တဲ့ ပျိုမေတို့အတွက်တော့ တကယ်ကို အိပ်မက်ဆိုးတစ်ခုပါပဲ။ အမျိုးသားတွေလည်း ထပ်တူပါပဲနော်။လူတိုင်း လှပပြီး တောက်ပတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ ခြောက်သွေ့တဲ့ဦးရေပြားနဲ့ ဆံကေသာပိုင်ရှင်တွေအတွက်နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။

ရှောင်ရမယ့်အချက်တွေ

ဆံပင်ပုံသွင်းစက်တွေ မကြာခဏအသုံးပြုခြင်း၊ Gel သုံးခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ နေရောင်ခြည်ထိတွေ့မှုများခြင်း၊ ရေကူးကန်ထဲက ကလိုရင်းနဲ့ မကြာခဏထိတွေ့ခြင်း၊ ဆံပင်ကို ရေစိုနေချိန်မှာခပ်ကြမ်းကြမ်းဖြီးခြင်းတွေကို တတ်နိုင်သလောက်ရှောင်ပေးပါ။

သဘာဝနည်းလမ်း

ပါဝင်ပစ္စည်း
ထောပတ်သီးအမှည့် တစ်ခြမ်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုထည့်ပြီး သေချာမွှေလိုက်ပါ။ ထောပတ်သီးကို လုံးဝမှည့်နေတဲ့အသီးသုံးပါ။

ပြီးရင်ရင် သံလွင်ဆီနဲ့ သေချာမွှေပေးပြီး ဆံကေသာ အရင်းကအနေ အဖျားထိ သေချာလိမ်းပေးပါ။ ဦးရေပြားကိုလည်းဖြည်းဖြည်းချင်း နှိပ်နှယ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ပုံမှန်အတိုင်းခေါင်းလျှော်ချပါ။

နောက်ထပ် သဘာဝနည်းလမ်းလေးတွေ
အုန်းဆီကို ခေါင်းမလျှော်ခင်မှာ နာရီဝက် ၁ နာရီလောက် လိမ်းပေးထားပါ။ ပြီးရင် ခေါင်းလျှော်ချပါ။ တစ်ပတ်ကို တစ်ကြိမ်လုပ်ပါ။

ဓာတုပစ္စည်းမပါတဲ့ ခေါင်းလျှော်ရည်သုံးပါ။

ခေါင်းလျှော်ရည်ဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။ သဘာဝအတိုင်းလုပ်ထားတဲ့ခေါင်းလျှော်ရည်တွေကိုအသုံးပြုပါ။
Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top