iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္အဖ်ားႏွစ္ခြျဖစ္တာကို သက္သာေစဖို႔အတြက္ ကပ္ေၾကးတစ္ခုကိုင္ၿပီး အၿမဲလိုလို ထိုင္ညွပ္တတ္ေလ့ရွိပါသလား။ ဒါဆိုရင္ေတာ့ အဲဒီလိုဒုကၡကေန ကင္းေဝးႏိုင္ေစမယ့္ နည္းလမ္းေကာင္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ဆံပင္အဖ်ားေလးေတြကို အဆီလိမ္းေပးပါ

သံလြင္ဆီ အုန္းဆီတို႔လို သဘာဝဆီကို လိမ္းေပးႏိုင္ပါတယ္။

၂။ ၃ လတစ္ခါ ဆံပင္အဖ်ားကုိ ဆိုင္မွာ သြားတိပါ

ဆံပင္အရွည္ထားတဲ့သူေတြအတြက္ေတာ့ နည္းနည္းစိတ္မေကာင္းျဖစ္စရာဆိုေပမယ့္ ဆံပင္ရွည္လာမွ အဖ်ားႏွစ္ခြေတြတပံုႀကီးျဖစ္ေနတာထက္ စာရင္ေတာ့ ပိုေကာင္းပါတယ္ေနာ္။ ဆံပင္အဖ်ားႏွစ္ခြကို ၃ လတစ္ခါ ပံုမွန္ညွပ္ေပးပါ။ ဆိုင္မွာ ဆံပင္ညွပ္ပညာရွင္ေတြနဲ႔ ညွပ္ေပးသင့္ပါတယ္။

၃။ သဘာဝေခါင္းေလွ်ာ္ရည္သံုးပါ

ေဗာက္ထတာပဲျဖစ္ျဖစ္ ဆံပင္အဖ်ားႏ်စ္ခြျဖစ္တာပဲျဖစ္ျဖစ္ သဘာဝေခါင္းေလွ်ာ္ရည္ကို သံုးေပးတာ ပိုေကာင္းပါတယ္။

၄။ သဘာဝနည္းအတိုင္း ေပါင္းတင္မယ္

သံလြင္ဆီ ၊ အုန္းဆီ၊ ေထာပတ္သီးတို႔နဲ႔ေပါင္းတင္ေပးလို႔ရသလို၊ ၾကက္ဥအႏွစ္နဲ႔လည္း ေပါင္းတင္ေပးလို႔ရပါတယ္။

၅။ ဘီးကို ေသခ်ာေရြးခ်ယ္ပါ

ဆံပင္ကိုၿဖီးတဲ့ ေခါင္းဘီးကို ေသခ်ာေရြးခ်ယ္ပါ။ ဘီးက်ဲက်ဲနဲ႔ ဆံပင္အဖ်ားကို မထိခိုက္ေစတဲ့ ဘီမ်ိဳး သံုးေပးသင့္ပါတယ္။

၆။ ဆံပင္အပူေပးစက္ေတြကိုေရွာင္မယ္

ဆံပင္ေလမႈတ္စက္ေတြ၊ အပူေပးစက္ေတြကို တတ္ႏိုင္ရင္ေရွာင္ေပးပါ။ တကယ္လို႔မျဖစ္မေနသံုးမယ္ဆိုရင္လည္း အပူခ်ိန္ေလွ်ာ့သံုးေပးသင့္ပါတယ္။

၇။ အာဟာရဓာတ္ညီညႊတ္မွ်တေအာင္စားပါ
က်န္းမာေရးအတြက္ေရာ အလွပအတြက္ပါ အာဟာရဓာတ္ညီညြတ္မွ်တေအာင္စားေပးဖို႔လိုအပ္ပါတယ္ေနာ္။

၈။ ေရမ်ားမ်ားေသာက္ပါ

ဆံပင္အဖ်ားႏွစ္ခြျဖစ္တာဟာ ေရဓာတ္ခမ္းေျခာက္တာေၾကာင့္လည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ သင့္ဆံေကသာဟာ တျခားခႏၶာကိုယ္အစိတ္အပိုင္းလိုပဲ ေရဓာတ္လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ေရမ်ားမ်ားေသာက္ပါ။

၉။ ဦးေရျပားကို ႏွိပ္နယ္ေပးပါ

ေရမခ်ိဳးခင္ ၅ မိနစ္ ေလာက္ဦးေရျပားကုိ လက္ေခ်ာင္းေလးေတြနဲ႔ ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးသင့္ပါတယ္။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာစေဖို့အတွက် ကပ်ကြေးတစ်ခုကိုင်ပြီး အမြဲလိုလို ထိုင်ညှပ်တတ်လေ့ရှိပါသလား။ ဒါဆိုရင်တော့ အဲဒီလိုဒုက္ခကနေ ကင်းဝေးနိုင်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆံပင်အဖျားလေးတွေကို အဆီလိမ်းပေးပါ

သံလွင်ဆီ အုန်းဆီတို့လို သဘာဝဆီကို လိမ်းပေးနိုင်ပါတယ်။

၂။ ၃ လတစ်ခါ ဆံပင်အဖျားကို ဆိုင်မှာ သွားတိပါ
ဆံပင်အရှည်ထားတဲ့သူတွေအတွက်တော့ နည်းနည်းစိတ်မကောင်းဖြစ်စရာဆိုပေမယ့် ဆံပင်ရှည်လာမှ အဖျားနှစ်ခွတွေတပုံကြီးဖြစ်နေတာထက် စာရင်တော့ ပိုကောင်းပါတယ်နော်။ ဆံပင်အဖျားနှစ်ခွကို ၃ လတစ်ခါ ပုံမှန်ညှပ်ပေးပါ။ ဆိုင်မှာ ဆံပင်ညှပ်ပညာရှင်တွေနဲ့ ညှပ်ပေးသင့်ပါတယ်။

၃။ သဘာဝခေါင်းလျှော်ရည်သုံးပါ

ဗောက်ထတာပဲဖြစ်ဖြစ် ဆံပင်အဖျားနျစ်ခွဖြစ်တာပဲဖြစ်ဖြစ် သဘာဝခေါင်းလျှော်ရည်ကို သုံးပေးတာ ပိုကောင်းပါတယ်။

၄။ သဘာဝနည်းအတိုင်း ပေါင်းတင်မယ်

သံလွင်ဆီ ၊ အုန်းဆီ၊ ထောပတ်သီးတို့နဲ့ပေါင်းတင်ပေးလို့ရသလို၊ ကြက်ဥအနှစ်နဲ့လည်း ပေါင်းတင်ပေးလို့ရပါတယ်။

၅။ ဘီးကို သေချာရွေးချယ်ပါ
ဆံပင်ကိုဖြီးတဲ့ ခေါင်းဘီးကို သေချာရွေးချယ်ပါ။ ဘီးကျဲကျဲနဲ့ ဆံပင်အဖျားကို မထိခိုက်စေတဲ့ ဘီမျိုး သုံးပေးသင့်ပါတယ်။

၆။ ဆံပင်အပူပေးစက်တွေကိုရှောင်မယ်
ဆံပင်လေမှုတ်စက်တွေ၊ အပူပေးစက်တွေကို တတ်နိုင်ရင်ရှောင်ပေးပါ။ တကယ်လို့မဖြစ်မနေသုံးမယ်ဆိုရင်လည်း အပူချိန်လျှော့သုံးပေးသင့်ပါတယ်။

၇။ အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပါ

ကျန်းမာရေးအတွက်ရော အလှပအတွက်ပါ အာဟာရဓာတ်ညီညွတ်မျှတအောင်စားပေးဖို့လိုအပ်ပါတယ်နော်။

၈။ ရေများများသောက်ပါ
ဆံပင်အဖျားနှစ်ခွဖြစ်တာဟာ ရေဓာတ်ခမ်းခြောက်တာကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သင့်ဆံကေသာဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းလိုပဲ ရေဓာတ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပါ။

၉။ ဦးရေပြားကို နှိပ်နယ်ပေးပါ

ရေမချိုးခင် ၅ မိနစ် လောက်ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးသင့်ပါတယ်။
Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top