iMyanmarHouse.com - Best Property Website for Myanmar
×


















စနေ


Credit: followpage

# Unicode Version ဖြင့် ဖတ်ရန် #
စနေသားသမီးတွေက လူ့ဘဝကိုစရောက်ပီဆိုကတည်းကစိတ်ကြီးတတ်ကြပါတယ် ဒေါသဖြစ်ပီဆိုရင်လည်းအရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကိုနာကျင်အောင်လုပ်တတ်တယ်

ပြောချင်တဲ့စကားကို သွယ်ဝိုက်မပြောတတ်ဘဲ
တိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောတတ်တာ စနေပါ

အစွဲအလန်းကြီးတယ် အမှတ်တရတွေကိုသတိရနေတတ်တယ်ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်ကြဘူး

ဒေါသကြီးရင်လည်း သူများနဲ့မတူအောင်ပါပဲ
စိတ်ကြီးတယ်မဟုတ်မခံတတ်ဘူး အချိန်ခနလေးနဲ့ဒေါသအရမ်းထွက်တတ်ပေမဲ့ဟုန်းခနဲထတောက်တဲ့မီးလိုပဲ

ဒေါသတွေကခနပဲ ကြာကြာတော့စိတ်ထဲမထားတတ်ဘူးကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်သနားတတ်တဲ့စိတ်ထားရှိကြတယ်

မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့စိတ်ထားစနေမှာအပြည့်အဝရှိတယ်
အနေအေးပေမဲ့ကိုယ့်ကိုလာခင်တဲ့လူတွေနဲ့ဆို ဖော်ရွေစွာနေတတ်တာစနေပါ


သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်းလိုချင်ကြတယ်မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်းခံချင်ကြတာလည်း စနေပါ

စိတ်ဆိုးနေရင်မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ်ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန်စဉ်းစားတတ်ပီး စိတ်မကောင်းဖြစ်နေတတ်တာလည်းစနေပါဘဲ

ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ရန်ဖြစ်ပီးမခေါ်ကြရင်ကိုယ်ကဘယ်တော့မှအရင်စမခေါ်ချင်ကြဘူး

မာနအိုးတွေပါသူ့ဘက်ကစခေါ်ပီဆိုရင်လည်း သူ့ထက်2ဆခင်မင်ပြတတ်တာစနေ

ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူးအချို့သောအရာတွေကို လျှို့ဝှက်ထားတတ်တယ်



ကိုယ်လုပ်တဲ့ကိစ္စတွေတိုင်းကိုလက်ကြောတင်းအောင်အကောင်းဆုံး လုပ်ကြပါတယ် ကိုယ်လုပ်ထားတဲ့အရာတွေကိုအကောင်းပြောတာဘဲ ခံချင်ကြတာလည်းစနေပဲ

သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ်ဆန်ဆန်တွေကိုနှစ်သက်ကြတယ်တခါတလေ တယောက်ထဲရှိရင်သီချင်းတွေညည်းနေတတ်တယ်
အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအနကောက်တတ်ကြတယ်

အမျှော်အမြင်ကြီးတယ် တိုးတက်ချင်တဲ့စိတ်တွေအင်မတန်ရှိတယ်စိတ်သဘောထားကောင်းတတ်ကြတာ စနေပါ

စနေ

အချစ်ရေးမှာတော့ ကိုယ့်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံရပေမဲ့ခေတ္တယာယီတော့ ဝေးနေတတ်ကြတယ် …!!

Credit: followpage
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top