iMyanmarHouse.com - Best Property Website for Myanmar
×

ၾကြက္တက္ ရတဲ့ အေၾကာင္း အရင္း ေျမာက္မ်ားစြာ ရွိပါတယ္။ အျဖစ္ အမ်ားဆံုး အခ်က္ေတြ ကေတာ့ ဗီတာမင္ခ်ိဳ႕တဲ့ တာနဲ႔ ၾကြက္သား အသံုးျပဳ လႈပ္ရွားမႈ မ်ားလြန္းတာ ေတြေၾကာင့္ ျဖစ္ပါတယ္။

အထူးသျဖင့္ ၾကြက္သားေတြကို အလြန္ အကၽြံ အသံုးျပဳ ရတဲ့ အားကစား သမားလို လူမ်ိဳးေတြမွာ အျဖစ္မ်ား ပါတယ္။

ေျခေထာက္မွာ ေသြးေလွ်ာက္ မႈအား မေကာင္း လို႔လည္း ျဖစ္တတ္ ပါတယ္။ ေရဓာတ္ ခန္းေျခာက္ လို႔လည္း ျဖစ္တတ္ၿပီး မဂၢနီဆီယမ္၊ ကယ္လ္ဆီယမ္နဲ႔ ပိုတက္ဆီယမ္ ဓာတ္ေတြ ခ်ိဳ႕တဲ့ တာေၾကာင့္လည္း ျဖစ္တတ္ ပါတယ္။

ေဆးဝါး ၾကာရွည္ ေသာက္သံုး ျခင္းကေန ျဖစ္လာတဲ့ ေဘးထြက္ ဆုိးက်ိဳးေတြ ေၾကာင့္လည္း ျဖစ္တတ္ ပါတယ္။

ၾကြက္တက္လာတဲ့ အခါ ဒီအခ်က္ေတြနဲ႔ ခ်က္ခ်င္း ကုသလို႔ ရပါတယ္။

အေၾကာဆန္႔ပါ

ၾကြက္တက္ လာတဲ့ အခါ အေၾကာဆန္႔ဖို႔ ႀကိဳးစားပါ။ အေၾကာဆန္႔တယ္ ဆိုတဲ့ ေနရာမွာ ရႈပ္ရႈပ္ ေထြးေထြး လုပ္စရာ မလိုပါဘူး။ နံရံ တစ္ခုမွာ ကပ္ရပ္ၿပီး ေျခေထာက္ကို ဆန္႔ထားရင္ပဲ အဆင္ေျပ ပါတယ္။

ေျဖေလ်ာ့ျခင္း

ၾကြက္သား ေျဖေလ်ာ့ျခင္း ကလည္း အကူအညီ ျဖစ္ပါတယ္။ ၾကြက္တက္ လာတဲ့ အခါ ၾကြက္သားေတြကို ညႇစ္ထား တာမ်ိဳးက ပိုဆိုးေစပါတယ္။ ဒီ့အစား ေျခေထာက္ ၾကြက္သားေတြကို ေျဖေလွ်ာ့ ခြင့္ျပဳပါ။

ႏွိပ္ပါ

ၾကြက္တက္ ခ်ိန္မွာ သင္နဲ႔ အတူ အျခား တစ္ေယာက္ရွိတယ္ ဆိုရင္ ၾကြက္တက္တဲ့ ေနရာကို ႏွိပ္ေပးပါ။ ၾကြက္တက္မႈကို ေျပေလ်ာ့ ေစၿပီး ေနာက္ပိုင္း ျဖစ္ပြားမယ့္ နာက်င္မႈကို တုိက္ခိုက္ ရာမွာ အကူအညီ ျဖစ္ပါတယ္။

ေျခမခ်ိဳး

အရိုးရွင္းဆံုး နည္းလမ္း ကေတာ့ ၾကြက္တက္ လာတဲ့ အခါ ေျခမကို ခ်ိဳးေပးတာ ျဖစ္ပါတယ္။ ခ်ိဳးတဲ အခါမွာ ေျခမေတြကို ေျပေလ်ာ့ သြားေအာင္ လွည့္ေပး ရမွာလည္း ျဖစ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ကြွက်တက် ရတဲ့ အကြောင်း အရင်း မြောက်များစွာ ရှိပါတယ်။ အဖြစ် အများဆုံး အချက်တွေ ကတော့ ဗီတာမင်ချို့တဲ့ တာနဲ့ ကြွက်သား အသုံးပြု လှုပ်ရှားမှု များလွန်းတာ တွေကြောင့် ဖြစ်ပါတယ်။

အထူးသဖြင့် ကြွက်သားတွေကို အလွန် အကျွံ အသုံးပြု ရတဲ့ အားကစား သမားလို လူမျိုးတွေမှာ အဖြစ်များ ပါတယ်။

ခြေထောက်မှာ သွေးလျှောက် မှုအား မကောင်း လို့လည်း ဖြစ်တတ် ပါတယ်။ ရေဓာတ် ခန်းခြောက် လို့လည်း ဖြစ်တတ်ပြီး မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေ ချို့တဲ့ တာကြောင့်လည်း ဖြစ်တတ် ပါတယ်။

ဆေးဝါး ကြာရှည် သောက်သုံး ခြင်းကနေ ဖြစ်လာတဲ့ ဘေးထွက် ဆိုးကျိုးတွေ ကြောင့်လည်း ဖြစ်တတ် ပါတယ်။

ကြွက်တက်လာတဲ့ အခါ ဒီအချက်တွေနဲ့ ချက်ချင်း ကုသလို့ ရပါတယ်။

အကြောဆန့်ပါ

ကြွက်တက် လာတဲ့ အခါ အကြောဆန့်ဖို့ ကြိုးစားပါ။ အကြောဆန့်တယ် ဆိုတဲ့ နေရာမှာ ရှုပ်ရှုပ် ထွေးထွေး လုပ်စရာ မလိုပါဘူး။ နံရံ တစ်ခုမှာ ကပ်ရပ်ပြီး ခြေထောက်ကို ဆန့်ထားရင်ပဲ အဆင်ပြေ ပါတယ်။

ဖြေလျော့ခြင်း

ကြွက်သား ဖြေလျော့ခြင်း ကလည်း အကူအညီ ဖြစ်ပါတယ်။ ကြွက်တက် လာတဲ့ အခါ ကြွက်သားတွေကို ညှစ်ထား တာမျိုးက ပိုဆိုးစေပါတယ်။ ဒီ့အစား ခြေထောက် ကြွက်သားတွေကို ဖြေလျှော့ ခွင့်ပြုပါ။

နှိပ်ပါ

ကြွက်တက် ချိန်မှာ သင်နဲ့ အတူ အခြား တစ်ယောက်ရှိတယ် ဆိုရင် ကြွက်တက်တဲ့ နေရာကို နှိပ်ပေးပါ။ ကြွက်တက်မှုကို ပြေလျော့ စေပြီး နောက်ပိုင်း ဖြစ်ပွားမယ့် နာကျင်မှုကို တိုက်ခိုက် ရာမှာ အကူအညီ ဖြစ်ပါတယ်။

ခြေမချိုး

အရိုးရှင်းဆုံး နည်းလမ်း ကတော့ ကြွက်တက် လာတဲ့ အခါ ခြေမကို ချိုးပေးတာ ဖြစ်ပါတယ်။ ချိုးတဲ အခါမှာ ခြေမတွေကို ပြေလျော့ သွားအောင် လှည့်ပေး ရမှာလည်း ဖြစ်ပါတယ်။


Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top