iMyanmarHouse.com - Best Property Website for Myanmar
×

တင်းတိပ် မှဲ့ခြောက်တွေ အမည်းစက်တွေဟာ အသားအရေ ခြောက်သွေ့သူတွေမှာ အများအားဖြင့်တွေ့ရလေ့ရှိပါတယ်။ အရွယ်ရောက်လာပြီဆိုရင် လူတိုင်း ကြည်လင်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ မျက်နှာပေါ်က အမည်းစက်တွေ တင်းတိပ် မှဲ့ခြောက်တွေကို သက်သာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ မုန်လာဥနီနဲ့ ဒိန်ချဉ်

မုန်လာဥနီဟာ သဘာဝအတိုင်း အမည်းစက်တွေကို သက်သာပျေက်ကင်းစေပါတယ်။ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး သင့်အသားအရေကို နုပျိုစိုပြေစေသလို နေရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာလည်း Lactic Acid ပါဝင်လို့ သင့်အသားအရေကို ဖြူဝင်းစေပြီး PH ပမာဏကို မျှတစေပါတယ်။

ပါဝင်ပစ္စည်း
မုန်လာဥနီကြိတ်ပြီးသား စားပွဲတင်ဇွန်း ၃ ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေကိုထည့်လိုက်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပါ။ မလိမ်းခင်မှာ မျက်နှာကို သေချာသန့်စင်ပေးရပါမယ်။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပြီး မျက်နှာကို ခြောက်အောင်သုတ်ပေးပါ။ အဲဒီနောက် ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။ တစ်ပတ်တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

၂။ နနွင်းနဲ့ ပျားရည်

ပျားရည်မှာ Antioxidant နဲ့ ရေဓာတ်ဖြည့်တင်းပေးတဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်ပြီး နနွင်းဟာလည်း သင့်အသားအရေပေါ်က အမည်းစက်တွေ၊ အရေးကြောင်းတွေကို သက်သာစေပါတယ်။

ပါဝင်ပစ္စည်း

နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေပေးပါ။ ပြီးရင် မျက်နှာကိုသေချာသစ်လိုက်ပြီးမှ မျက်နှာပေါ်မှာလိမ်းပေးပါ။ နာရီဝက်လောက်ထားပြီးရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top