iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ဆိုးဝါးတဲ့ခ်စ္သူ တစ္ေယာက္ျဖစ္ေနၿပီလို႔ သင္စဥ္းစားဖူးပါသလား။ အကယ္၍ သင္တို႔ရဲ႕အခ်စ္ေရးဟာၾကမ္းတမ္းေနတယ္ ဒါေပမယ့္အေျဖကို ႐ွာမေတြ႕ဘူးဆိုရင္ေတာ့ သင့္ကိုသင္ ျပန္လည္းစမ္းစစ္ၾကည့္သင့္ပါၿပီ။ သင္ဟာ ဆိုးဝါးတဲ့ ခ်စ္သူတစ္ေယာက္ျဖစ္ေနၿပီဆိုတာ ေျပာႏိုင္တဲ့အခ်က္ ၅ ခ်က္႐ွိပါတယ္။
၁။ အရာရာတိုင္းဟာ သင့္ကိစၥပဲျဖစ္ေနျခင္း

သင္တို႔ႏွစ္ေယာက္ဟာ ဘာပဲစီစဥ္ထားထား အရာရာတိုင္းဟာ သင့္ အေရးကိစၥပဲအျမဲျဖစ္ေနတတ္ပါတယ္။ သင္တို႔ႏွစ္ေယာက္ လုပ္မယ့္ အရာေတြမလုပ္ခင္မွာ သင့္ရဲ႕ခြင့္ျပဳခ်က္ေတြကို ယူေနရတာမ်ိဳးေတြ၊သူ႔မွာဘာကိစၥပဲ႐ွိပါေစ သင့္ရဲ႕ေဘးမွာ တစ္ေန႔လံုး႐ွိေနေစခ်င္တာမ်ိဳးေတြ၊ သင္ဟာသူတို႔ရဲ႕အေရးအႀကီးဆံုးနဲ႔ ပထမဦးစားေပး ျဖစ္ခ်င္တာမ်ိဳးေတြပဲျဖစ္ပါတယ္။
၂။ ပြစိပြစိအျမဲ ေျပာေနျခင္း

ကြၽႏု္ပ္တို႔အားလံုးဟာ ျပန္ခံေျပာတတ္ၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕လူေတြဟာ အဲဒီ လိုေျပာတဲ့ေနရာမွာ ေတာ္ေတာ္ဆိုးပါတယ္။ သင္ဟာတစ္ေယာက္ေယာက္က သူတို႔ရဲ႕ျပသနာေတြကို တစ္ေန႔လံုးထိုင္ေျပာေနတာကို နားမေထာင္ခ်င္လိုမ်ိဳးပဲေပါ့ ။ သင့္ရဲ႕ခ်စ္သူဟာလည္းအဲဒီလိုပဲခံစားရမွာျဖစ္ပါတယ္။ သူကိုယ္တိုင္ကဘာမွမလုပ္ပဲ အျပစ္ထိုင္ေျပာေနတာကို နားေထာင္ရတာေလာက္ ၿငီးေငြ႔စရာေကာင္းတာမ႐ွိပါဘူး။ သင္ဟာလံုးဝကို အျပစ္ထိုင္ေျပာတတ္သူႀကီးဆိုရင္ေတာ့ သင့္ရဲ႕ခ်စ္သူကေတာ့ ဘာမွေျပာမွာမဟုတ္ ေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ အဲဒါဟာသင္တို႔ရဲ႕ဆက္ဆံေရးကိုလံုးဝဖ်က္ဆီးေနတာနဲ႔ အတူတူပဲျဖစ္ပါတယ္။
၃။ သူ႔ကို ေျပာင္းလဲဖို႔ ႀကိဳးစားျခင္း

သင့္ရဲ႕ခ်စ္သူဟာ သင့္ခ်စ္သူပါပဲ၊ သင္ဟာလည္းသင္ပါပဲ။ အကယ္၍ သင္တို႔ရဲ႕ဆက္ဆံေရးမွာ ေျပာင္းလဲဖို႔လိုလာရင္ အဲဒီလိုေျပာင္း လဲတာဟာ သဘာဝအတိုင္းေလးပဲျဖစ္သင့္ပါတယ္။ တြန္းအားတစ္ခုခုေၾကာင္ ့မျဖစ္သင့္ပါဘူး။ လူတစ္ေယာက္ကို ေျပာင္း လဲဖို႔ႀကိဳးစားတာ လံုးဝအဓိပၸါယ္မ႐ွိပါဘူး။ အထူးသျဖင့္ သင္ခ်စ္ေနတဲ့သူကိုေပါ့။
၄။ သူ႔ကို ပြင့္ပြင့္လင္းလင္းေဝဖန္ျခင္း

လူေတာ္ေတာ္မ်ားမ်ားကေတာ့ အက်ိဳး႐ွိတဲ့အကူအညီေပးႏိုင္တဲ့ေဝဖန္မႈေတြကို လက္ခံၾကပါတယ္။ ဒါေပမယ့္ သင္ဟာ သင့္ရဲ႕ခ်စ္သူကိုလူအမ်ားေ႐ွ႕မွာ ပြင့္ပြင့္လင္းလင္းေဝဖန္ေနရင္ေတာ့ အဲ့ဒါလံုးဝကိုမေကာင္းပါဘူး။ သင့္ရဲ႕ေဝဖန္မႈဟာအက်ိဳး႐ွိတယ္လို႔ ထင္ေကာင္းထင္ႏိုင္ေပမယ့္ သင့္ရဲ႕ေဝဖန္မႈပံုစံေၾကာင္ ့႐ွိၿပီးသား အေကာင္းျမင္စိတ္ေတာင္ ေပ်ာက္သြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ သင္ေဝဖန္ေတာ့မယ္ဆိုရင္ သက္ေတာင့္သက္သာျဖစ္ေစၿပီး အျပဳသေဘာေဆာင္တာမ်ိဳးကို ႏွစ္ကိုယ္ၾကားပဲေျပာသင့္ပါတယ္။
၅။ သင္ဟာ ေပါင္းသင္းဆက္ဆံေရးမွာ အားနည္းခ်က္ရွိျခင္း

သင္ဟာ သင္ခ်စ္သူနဲ႔ ေျပလည္တဲ့ ဆက္ဆံေရးတစ္ခု ပိုင္ဆုိင္ဖို႔ဆုိရင္ ေကာင္းမြန္တဲ့ စကားေျပာဆုိမႈရွိရမယ္ဆိုတာကို သိေပမယ့္ သင္ဟာ ဆက္ဆံေရးမေကာင္းဘူး။ သင္ဟာတစ္ခုခုအဆင္မေျပတဲ့အခါ သင့္ရဲ႕ခံစားခ်က္ေတြကိုဖြင့္ေျပာျပေလ့မ႐ွိဘူး။ အဆင္မေျပတဲ့အခ်ိန္မွာ သင္ကိုယ္တိုင္ကလည္း ျပႆနာေတြ သယ္လာေလ့႐ွိတယ္။သင့္ရဲ႕ခံစားခ်က္ကိုလူခ်င္းေတြ႔ၿပီးေျပာရတာထက္ စာ႐ိုက္ေျပာရတာကို ပိုႏွစ္သက္တယ္။ ဒါေတြဟာ သင့္ကို ခ်စ္သူေကာင္းတစ္ေယာက္မျဖစ္နုိင္ေအာင္ တားဆီးေနတဲ့ အရာေတြျဖစ္တယ္။

Credit:hellosayarwon
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သင်ဟာ ဆိုးဝါးတဲ့ချစ်သူ တစ်ယောက်ဖြစ်နေပြီလို့ သင်စဉ်းစားဖူးပါသလား။ အကယ်၍ သင်တို့ရဲ့အချစ်ရေးဟာကြမ်းတမ်းနေတယ် ဒါပေမယ့်အဖြေကို ရှာမတွေ့ဘူးဆိုရင်တော့ သင့်ကိုသင် ပြန်လည်းစမ်းစစ်ကြည့်သင့်ပါပြီ။ သင်ဟာ ဆိုးဝါးတဲ့ ချစ်သူတစ်ယောက်ဖြစ်နေပြီဆိုတာ ပြောနိုင်တဲ့အချက် ၅ ချက်ရှိပါတယ်။
၁။ အရာရာတိုင်းဟာ သင့်ကိစ္စပဲဖြစ်နေခြင်း

သင်တို့နှစ်ယောက်ဟာ ဘာပဲစီစဉ်ထားထား အရာရာတိုင်းဟာ သင့် အရေးကိစ္စပဲအမြဲဖြစ်နေတတ်ပါတယ်။ သင်တို့နှစ်ယောက် လုပ်မယ့် အရာတွေမလုပ်ခင်မှာ သင့်ရဲ့ခွင့်ပြုချက်တွေကို ယူနေရတာမျိုးတွေ၊သူ့မှာဘာကိစ္စပဲရှိပါစေ သင့်ရဲ့ဘေးမှာ တစ်နေ့လုံးရှိနေစေချင်တာမျိုးတွေ၊ သင်ဟာသူတို့ရဲ့အရေးအကြီးဆုံးနဲ့ ပထမဦးစားပေး ဖြစ်ချင်တာမျိုးတွေပဲဖြစ်ပါတယ်။
၂။ ပွစိပွစိအမြဲ ပြောနေခြင်း

ကျွနု်ပ်တို့အားလုံးဟာ ပြန်ခံပြောတတ်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေဟာ အဲဒီ လိုပြောတဲ့နေရာမှာ တော်တော်ဆိုးပါတယ်။ သင်ဟာတစ်ယောက်ယောက်က သူတို့ရဲ့ပြသနာတွေကို တစ်နေ့လုံးထိုင်ပြောနေတာကို နားမထောင်ချင်လိုမျိုးပဲပေါ့ ။ သင့်ရဲ့ချစ်သူဟာလည်းအဲဒီလိုပဲခံစားရမှာဖြစ်ပါတယ်။ သူကိုယ်တိုင်ကဘာမှမလုပ်ပဲ အပြစ်ထိုင်ပြောနေတာကို နားထောင်ရတာလောက် ငြီးငွေ့စရာကောင်းတာမရှိပါဘူး။ သင်ဟာလုံးဝကို အပြစ်ထိုင်ပြောတတ်သူကြီးဆိုရင်တော့ သင့်ရဲ့ချစ်သူကတော့ ဘာမှပြောမှာမဟုတ် ပေမယ့် သေချာတာတစ်ခုကတော့ အဲဒါဟာသင်တို့ရဲ့ဆက်ဆံရေးကိုလုံးဝဖျက်ဆီးနေတာနဲ့ အတူတူပဲဖြစ်ပါတယ်။
၃။ သူ့ကို ပြောင်းလဲဖို့ ကြိုးစားခြင်း

သင့်ရဲ့ချစ်သူဟာ သင့်ချစ်သူပါပဲ၊ သင်ဟာလည်းသင်ပါပဲ။ အကယ်၍ သင်တို့ရဲ့ဆက်ဆံရေးမှာ ပြောင်းလဲဖို့လိုလာရင် အဲဒီလိုပြောင်း လဲတာဟာ သဘာဝအတိုင်းလေးပဲဖြစ်သင့်ပါတယ်။ တွန်းအားတစ်ခုခုကြောင့်မဖြစ်သင့်ပါဘူး။ လူတစ်ယောက်ကို ပြောင်း လဲဖို့ကြိုးစားတာ လုံးဝအဓိပ္ပါယ်မရှိပါဘူး။ အထူးသဖြင့် သင်ချစ်နေတဲ့သူကိုပေါ့။
၄။ သူ့ကို ပွင့်ပွင့်လင်းလင်းဝေဖန်ခြင်း

လူတော်တော်များများကတော့ အကျိုးရှိတဲ့အကူအညီပေးနိုင်တဲ့ဝေဖန်မှုတွေကို လက်ခံကြပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ချစ်သူကိုလူအများရှေ့မှာ ပွင့်ပွင့်လင်းလင်းဝေဖန်နေရင်တော့ အဲ့ဒါလုံးဝကိုမကောင်းပါဘူး။ သင့်ရဲ့ဝေဖန်မှုဟာအကျိုးရှိတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် သင့်ရဲ့ဝေဖန်မှုပုံစံကြောင့်ရှိပြီးသား အကောင်းမြင်စိတ်တောင် ပျောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် သင်ဝေဖန်တော့မယ်ဆိုရင် သက်တောင့်သက်သာဖြစ်စေပြီး အပြုသဘောဆောင်တာမျိုးကို နှစ်ကိုယ်ကြားပဲပြောသင့်ပါတယ်။
၅။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းချက်ရှိခြင်း

သင်ဟာ သင်ချစ်သူနဲ့ ပြေလည်တဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ဖို့ဆိုရင် ကောင်းမွန်တဲ့ စကားပြောဆိုမှုရှိရမယ်ဆိုတာကို သိပေမယ့် သင်ဟာ ဆက်ဆံရေးမကောင်းဘူး။ သင်ဟာတစ်ခုခုအဆင်မပြေတဲ့အခါ သင့်ရဲ့ခံစားချက်တွေကိုဖွင့်ပြောပြလေ့မရှိဘူး။ အဆင်မပြေတဲ့အချိန်မှာ သင်ကိုယ်တိုင်ကလည်း ပြဿနာတွေ သယ်လာလေ့ရှိတယ်။သင့်ရဲ့ခံစားချက်ကိုလူချင်းတွေ့ပြီးပြောရတာထက် စာရိုက်ပြောရတာကို ပိုနှစ်သက်တယ်။ ဒါတွေဟာ သင့်ကို ချစ်သူကောင်းတစ်ယောက်မဖြစ်နိုင်အောင် တားဆီးနေတဲ့ အရာတွေဖြစ်တယ်။
Credit:hellosayarwon
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top