iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္း ဝမ္းဗိုက္ခ်ပ္ခ်ပ္ေလးကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။ ဒါေပမယ့္ လူတိုင္း ဝမ္းဗိုက္ခ်ပ္ခ်ပ္ေလးရဖို႔ ဇြဲမရွိၾကပါဘူး။ ဝမ္းဗိုက္ခ်ပ္ခ်ပ္ေလးရဖို႔ဆိုရင္ အစာအဟာရ သင့္တင့္မွ်တေအာင္စားဖို႕လိုသလို ကယ္လိုရီမ်ားတဲ့ အစားအစာကို ေလွ်ာ့စားသင့္ပါတယ္။

အခု ဝမ္းဗိုက္ခ်ပ္ေစမယ့္ ရိုးရွင္းလြယ္ကူတဲ့ ေလ့က်င့္ခန္းကို မွ်ေဝေပးသြားပါမယ္။

၁။ Plank

Plank ေထာက္တာဟာ ဝမ္းဗိုက္ကအဆီကိုသာမက လက္ေမာင္းကအဆီေတြကိုေရာ တကိုယ္လံုးက အဆီေတြကိုပါက်ေစၿပီး ခႏၶာကိုယ္ အခ်ိဳးအစားလွပေစပါတယ္။ အခုပံုမွာျပထားသလုိပဲ ခါးနဲ႔ ေက်ာကို မတ္မတ္ထားၿပီး ေထာက္ေပးပါ။ စကၠန္႔ ၃၀ ေလာက္ေနေပးရပါမယ္။ ၿပီးရင္ တိုးတိုးၿပီးလုပ္သြားပါ။ ၄ ေၾကာ့လုပ္ပါ။

၂။ အိပ္ထမတင္

အိပ္ထမတင္ ေလ့က်င့္ခန္းကို လုပ္ေပးရမွာပါ။ သင့္ဗိုက္က ၾကြက္သားေတြအတြက္ မ်ားစြာ အေထာက္အကူျဖစ္ေစပါတယ္။ အခုပံုမွာျပထားသလို ဒူးႏွစ္ဖက္ကိုေထာက္ၿပီး အိပ္ထမတင္ လုပ္ေပးရမွာပါ။ ၁၅ ႀကိမ္ ၄ ေၾကာ့လုပ္ေပးပါ။

၃။ စက္ဘီးနင္းေလ့က်င့္ခန္း

စက္ဘီးနင္းဆိုေပမယ့္ တကယ္မနင္းပါဘူး။ အခုပံုမွာျပထားသလို ပက္လက္အိပ္ၿပီး လက္ႏွစ္ဖက္ကို ေၾကာမွာ ကပ္ထားပါ။ ၿပီးရင္ ညာဒူးနဲ႔ ဘယ္လက္တေဒါင္၊ ဘယ္ဒူးနဲ႔ ညာလက္တေဒါင္ကို ထိေပးသလို လုပ္ေပးပါ။ ဘယ္ညာကို ၁ ႀကိမ္လို႔မွတ္ပါ။ အႀကိမ္ ၂၀ လုပ္ေပးၿပီး ၄ ေၾကာ့လုပ္ေပးပါ။

၄။ Lower Abs

အရင္ဆံုး ေက်ာလွဲေနပါ။ ၿပီးရင္ ေျခေထာက္ႏွစ္ဖက္ကို တန္းတန္းဆန္႔ထားၿပီး အေပၚကို မတင္ေပးပါ။ ျပန္ခ်တဲ့အခါမွာၾကမ္းျပင္ကို မထိေအာင္ ခ်ေပးပါ။ ၁၅ ႀကိမ္ ၄ ေၾကာ့လုပ္ေပးပါ။

၅။ Knees to the Chest

အရင္ဆံုး ပက္လက္အိပ္ၿပီး ေျခေထာက္ႏွစ္ဖက္ကို တန္းတန္းဆန္႔ေပးပါ။ ၿပီးရင္ ၾကမ္းျပင္ကေန နည္းနည္းမေပးထားၿပီး ဒူးေကြးကာ အေပၚကို မတင္ေပးပါ။ ၿပီးရင္ ျပန္ခ်ပါ။ ၁၅ ႀကိမ္ ၅ ေၾကာ့လုပ္ေပးပါ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်း ဝမ်းဗိုက်ချပ်ချပ်လေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် လူတိုင်း ဝမ်းဗိုက်ချပ်ချပ်လေးရဖို့ ဇွဲမရှိကြပါဘူး။ ဝမ်းဗိုက်ချပ်ချပ်လေးရဖို့ဆိုရင် အစာအဟာရ သင့်တင့်မျှတအောင်စားဖို့လိုသလို ကယ်လိုရီများတဲ့ အစားအစာကို လျှော့စားသင့်ပါတယ်။

အခု ဝမ်းဗိုက်ချပ်စေမယ့် ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းကို မျှဝေပေးသွားပါမယ်။

၁။ Plank

Plank ထောက်တာဟာ ဝမ်းဗိုက်ကအဆီကိုသာမက လက်မောင်းကအဆီတွေကိုရော တကိုယ်လုံးက အဆီတွေကိုပါကျစေပြီး ခန္ဓာကိုယ် အချိုးအစားလှပစေပါတယ်။ အခုပုံမှာပြထားသလိုပဲ ခါးနဲ့ ကျောကို မတ်မတ်ထားပြီး ထောက်ပေးပါ။ စက္ကန့် ၃၀ လောက်နေပေးရပါမယ်။ ပြီးရင် တိုးတိုးပြီးလုပ်သွားပါ။ ၄ ကြော့လုပ်ပါ။

၂။ အိပ်ထမတင်

အိပ်ထမတင် လေ့ကျင့်ခန်းကို လုပ်ပေးရမှာပါ။ သင့်ဗိုက်က ကြွက်သားတွေအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ အခုပုံမှာပြထားသလို ဒူးနှစ်ဖက်ကိုထောက်ပြီး အိပ်ထမတင် လုပ်ပေးရမှာပါ။ ၁၅ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၃။ စက်ဘီးနင်းလေ့ကျင့်ခန်း

စက်ဘီးနင်းဆိုပေမယ့် တကယ်မနင်းပါဘူး။ အခုပုံမှာပြထားသလို ပက်လက်အိပ်ပြီး လက်နှစ်ဖက်ကို ကြောမှာ ကပ်ထားပါ။ ပြီးရင် ညာဒူးနဲ့ ဘယ်လက်တဒေါင်၊ ဘယ်ဒူးနဲ့ ညာလက်တဒေါင်ကို ထိပေးသလို လုပ်ပေးပါ။ ဘယ်ညာကို ၁ ကြိမ်လို့မှတ်ပါ။ အကြိမ် ၂၀ လုပ်ပေးပြီး ၄ ကြော့လုပ်ပေးပါ။

၄။ Lower Abs

အရင်ဆုံး ကျောလှဲနေပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို တန်းတန်းဆန့်ထားပြီး အပေါ်ကို မတင်ပေးပါ။ ပြန်ချတဲ့အခါမှာကြမ်းပြင်ကို မထိအောင် ချပေးပါ။ ၁၅ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၅။ Knees to the Chest

အရင်ဆုံး ပက်လက်အိပ်ပြီး ခြေထောက်နှစ်ဖက်ကို တန်းတန်းဆန့်ပေးပါ။ ပြီးရင် ကြမ်းပြင်ကနေ နည်းနည်းမပေးထားပြီး ဒူးကွေးကာ အပေါ်ကို မတင်ပေးပါ။ ပြီးရင် ပြန်ချပါ။ ၁၅ ကြိမ် ၅ ကြော့လုပ်ပေးပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top