iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ေအးျမတ္သူကေတာ့ အခုလက္ရွိမွာ တန္ဖုိးရုပ္ရွင္ဇာတ္ကားႀကီးကုိ ကုိရီးယားဒါရုိက္တာ နဲ႔ အတူ ရုိက္ကူးရမွာျဖစ္ၿပီး သူ႔အေနနဲ႔ လူမ်ဳိးျခားဒါရုိက္တာေတြနဲ႔ ဇာတ္ကားရုိက္တဲ့အခါ အခ်ိန္တိက်မႈနဲ႔ အလုပ္ေစ့စပ္ေသခ်ာမႈေတြကုိ အဓိကထားတယ္လုိ႔ Duwun Media ကေန ေျပာျပခဲ့ပါတယ္။

'' ေအးျမတ္သူက လက္ရွိမွာလည္း ယုိးဒယားကလူေတြနဲ႔လည္းရုိက္ျဖစ္တယ္၊ တခ်ဳိ႔ဇာတ္လမ္းတြဲေတြဆုိရင္ ယုိးဒယားက Crew ေတြနဲ႔ယုိးဒယား ႏိုင္ငံမွာ သြားရုိက္တယ္။ ရန္ကုန္မွာလည္း ရုိက္ျဖစ္တာရွိေတာ့ လူမ်ဳိးျခားနဲ႔အလုပ္လုပ္ရတာ အရမ္းႀကီး စိတ္ထဲထားရတာေတာ့ မရွိဘူး အဓိက က ကုိယ္သည္ အခ်ိန္ကုိ ပုိတိက်ရမယ္၊ အလုပ္လုပ္တဲ့ေနရာမွာ ပုိၿပီး ေစ့စပ္ရမယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔ရဲ႕ အျမင္မွာ ေအးျမတ္သူလုိ႔ မျမင္ပဲ ျမန္မာသရုပ္ေဆာင္တစ္ေယာက္လုိ႔ပဲ ျမင္တာေၾကာင့္ အဲ့ဒီအတြက္ေတာ့ သတိထားပါတယ္'' လုိ႔ ဆုိပါတယ္။

ေအးျမတ္သူအေနနဲ႔ အခုလက္ရွိရုိက္ကူးေတာ့မယ့္ တန္ဖုိး ရုပ္ရွင္ဇာတ္ကားႀကီးကုိ ကုိရီယားႏုိင္ငံသားဒါရုိက္တာနဲ႔ ရုိက္ကူးမွာျဖစ္တဲ့အတြက္ ဇာတ္ကားေလးရဲ႕ အေၾကာင္းကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

'' ေအးျမတ္သူကေတာ့ မိဘမဲ႔ တစ္ေကာင္ၾကြက္ မူးယစ္ေဆးေရာင္းခ်တ့ဲေကာင္မေလးတစ္ေယာက္။ ၿပီးေတာ့ အမွတ္တမဲ့ သူသံေယာဇဥ္ တြယ္မိတဲ့ ေကာင္ေလးနဲ႔ ဇာတ္လမ္းေလးေပါ့ေနာ္။ ဒီဇာတ္ေလးကုိဖတ္ရင္းနဲ႔ ရလုိက္တဲ့အရာတစ္ခုက ေလာကမွာ ဘယ္ေနရာမွာမွ အမႈိက္ဆုိ တာမရွိဘူး၊ ဘာမွအသုံးမတည့္တဲ့ သူဆုိတာမရွိဘူး။ အသုံးမဝင္တဲ့သူဆုိတာ မရွိဘူး လူတုိင္းလူတုိင္း၊ အရာဝတၳဳတုိင္းက သူ႔ေနရာနဲ႔သူ တစ္ခုစီ ကေတာ့ တန္ဖုိးရွိၾကတယ္။'' လုိ႔ ဆုိပါတယ္။

တန္ဖုိးရုပ္ရွင္ဇာတ္ကားကုိေတာ့ ခါကာဘုိရာဇီ ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး ေတာင္ကုိရီးယားႏုိင္ငံ ဆုိးလ္ အႏုပညာ တကၠသိုလ္ မွာတက္ေရာက္ပညာသင္ၾကားေနတဲ့ ဒါရုိက္တာ John La Raw က ရုိက္ကူးပုံေဖာ္သြားမွာျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အကယ္ဒမီ ရန္ေအာင္၊ အကယ္ဒမီဇင္ဝုိင္း၊ အကယ္ဒမီ ထြန္းထြန္း၊ အကယ္ဒမီ မုိ႔မုိ႔ျမင့္ေအာင္၊ အကယ္ဒမီ ခင္ဇာျခည္ေက်ာ္ နဲ႔ ေအးျမတ္သူ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။

photo: ေအးျမတ္သူေဖ့စ္ဘုတ္
Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
သရုပ်ဆောင်အေးမြတ်သူကတော့ အခုလက်ရှိမှာ တန်ဖိုးရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယားဒါရိုက်တာ နဲ့ အတူ ရိုက်ကူးရမှာဖြစ်ပြီး သူ့အနေနဲ့ လူမျိုးခြားဒါရိုက်တာတွေနဲ့ ဇာတ်ကားရိုက်တဲ့အခါ အချိန်တိကျမှုနဲ့ အလုပ်စေ့စပ်သေချာမှုတွေကို အဓိကထားတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' အေးမြတ်သူက လက်ရှိမှာလည်း ယိုးဒယားကလူတွေနဲ့လည်းရိုက်ဖြစ်တယ်၊ တချို့ဇာတ်လမ်းတွဲတွေဆိုရင် ယိုးဒယားက Crew တွေနဲ့ယိုးဒယား နိုင်ငံမှာ သွားရိုက်တယ်။ ရန်ကုန်မှာလည်း ရိုက်ဖြစ်တာရှိတော့ လူမျိုးခြားနဲ့အလုပ်လုပ်ရတာ အရမ်းကြီး စိတ်ထဲထားရတာတော့ မရှိဘူး အဓိက က ကိုယ်သည် အချိန်ကို ပိုတိကျရမယ်၊ အလုပ်လုပ်တဲ့နေရာမှာ ပိုပြီး စေ့စပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အမြင်မှာ အေးမြတ်သူလို့ မမြင်ပဲ မြန်မာသရုပ်ဆောင်တစ်ယောက်လို့ပဲ မြင်တာကြောင့် အဲ့ဒီအတွက်တော့ သတိထားပါတယ်'' လို့ ဆိုပါတယ်။

အေးမြတ်သူအနေနဲ့ အခုလက်ရှိရိုက်ကူးတော့မယ့် တန်ဖိုး ရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီယားနိုင်ငံသားဒါရိုက်တာနဲ့ ရိုက်ကူးမှာဖြစ်တဲ့အတွက် ဇာတ်ကားလေးရဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' အေးမြတ်သူကတော့ မိဘမဲ့ တစ်ကောင်ကြွက် မူးယစ်ဆေးရောင်းချတဲ့ကောင်မလေးတစ်ယောက်။ ပြီးတော့ အမှတ်တမဲ့ သူသံယောဇဉ် တွယ်မိတဲ့ ကောင်လေးနဲ့ ဇာတ်လမ်းလေးပေါ့နော်။ ဒီဇာတ်လေးကိုဖတ်ရင်းနဲ့ ရလိုက်တဲ့အရာတစ်ခုက လောကမှာ ဘယ်နေရာမှာမှ အမှိုက်ဆို တာမရှိဘူး၊ ဘာမှအသုံးမတည့်တဲ့ သူဆိုတာမရှိဘူး။ အသုံးမဝင်တဲ့သူဆိုတာ မရှိဘူး လူတိုင်းလူတိုင်း၊ အရာဝတ္ထုတိုင်းက သူ့နေရာနဲ့သူ တစ်ခုစီ ကတော့ တန်ဖိုးရှိကြတယ်။'' လို့ ဆိုပါတယ်။

တန်ဖိုးရုပ်ရှင်ဇာတ်ကားကိုတော့ ခါကာဘိုရာဇီ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အနုပညာ တက္ကသိုလ် မှာတက်ရောက်ပညာသင်ကြားနေတဲ့ ဒါရိုက်တာ John La Raw က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ခင်ဇာခြည်ကျော် နဲ့ အေးမြတ်သူ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

photo: အေးမြတ်သူဖေ့စ်ဘုတ်

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top