iMyanmarHouse.com - Best Property Website for Myanmar
×

ဒါကြ်န္မ ဇာတ္လမ္းပါ။ သူ႔အလိုလိုျဖစ္လာတဲ႔ အခ်စ္အေၾကာင္းေပါ႔။

လြန္ခဲ႔တဲ႔ ၃ႏွစ္တုန္းက ကြ်န္မအသက္ဟာ ၂၃ႏွစ္။ အေတာ္လည္း ေၾကကြဲခဲ႔ရတယ္။ ခ်မ္းသာၿပီး ျပစ္မႈမ႐ွိတဲ႔ လူတစ္ေယာက္၊ သူက ကြ်န္မကို လက္ထပ္ခ်င္ခဲ႔တယ္။ ကြ်န္မလိုသမွ်လည္း အကုန္ေပးခဲ႔တယ္။

 ဒါမဲ႔ တစ္ေန႔၊ ဧၿပီ ၁ရက္ေန႔ေပါ႔။ ကြ်န္မ သူ႔ကိုခ်န္ရစ္ထားခဲ႔တာ ဟာသတစ္ခုလိုပါပဲ။ အေၾကာင္း႐ွိလို႔ပါ။ တကယ္႔ကို အတည္ႀကီးရယ္။ သူက ကြ်န္မကို ပိုင္ဆိုင္ခ်င္လို႔တဲ႔။ သူ႔ဆီက ထြက္သြားရတာ အလုပ္ျပဳတ္သြားတာနဲ႔ အတူတူပဲ။ (ကြ်န္မက သူ႔ဆီမွာ အလုပ္လုပ္ေနတာေလ။) ကြ်န္မရဲ႕ အခ်စ္၊ ကြ်န္မရဲ႕ သက္ေတာင္႔သက္သာ႐ွိမႈ နဲ႔ ပိုက္ဆံ။

ေနာက္လူတစ္ေယာက္ေၾကာင္႔ ကြ်န္မေလ သူ႔ကို ထားရစ္ခဲ႔ႏိုင္တယ္။ ကြ်န္မဘ၀ထဲက တတိယေျမာက္လူေပါ႔။ သူနဲ႔ အ႐ူးအမူးကို ခ်စ္ၾကတာ။ ကြ်န္မ သူ႔ကို တကယ္႔ကို ျမတ္ႏိုးပါတယ္။ ကြ်န္မတို႔တြဲလာၿပီး ႏွစ္လၾကာေတာ႔ သူ႔ရည္းစားေဟာင္းက သူ႔ကို ဆက္သြယ္လာၿပီး သူမမွာ ကိုယ္၀န္႐ွိေနေၾကာင္း ေျပာလာတယ္။ သူ ေၾကာင္သြားတယ္။ ေျခမကိုင္မိ လက္မကိုင္မိ ေတြျဖစ္လာတယ္။ သူ ဘာလုပ္လို႔ ဘာကိုင္ရမွန္းလဲ မသိေတာ႔ဘူး။ သူမဆီသြားရမလား၊ ကြ်န္မနဲ႔ပဲ ေနရမလား။ အဆံုးမွာေတာ႔ ကြ်န္မကို ထားသြားပါတယ္။

ကြ်န္မ တစ္ေယာက္တည္းပဲ က်ိတ္ငိုလိုက္တယ္။ လေပါင္းမ်ားစြာၾကာေအာင္ေပါ႔။ ႏွစ္ေပါက္သြားတဲ႔အထိလည္း ျဖစ္လိမ္႔မယ္။

တျခားေယာက်ာ္းေတြနဲ႔ ကြ်န္မ တြဲစျပဳလာတယ္။ ၿပီးေတာ႔ သူတို႔ နာၾကင္ရေအာင္လုပ္တယ္။ တစ္ႏွစ္အတြင္းမွာပဲ ေယာက်ာ္း ၅ေယာက္နဲ႔ေပါ႔။ ေနာက္ၿပီးေတာ႔ အဆိုး႐ြားဆံုးေတြ ျဖစ္လာေအာင္ ခ်န္ထားရစ္ခဲ႔လိုက္တယ္။ သူတို႔ငိုလာေအာင္၊ ကြ်န္မဆီ အႏူးအညြတ္ေတာင္းပန္လာေအာင္ လုပ္ခဲ႔တယ္။

ကြ်န္မ ဘာမွ မခံစားရဘူး။ ကြ်န္မဟာ ကမာၻေပၚမွာ အရက္စက္ဆံုး သက္႐ွိတစ္ေယာက္ ျဖစ္ခဲ႔တယ္။ ကြ်န္မ အသည္းကြဲခဲ႔ၿပီး ဘ၀ႀကီးဟာ ဘာမွ်အဓိပၸါယ္မ႐ွိတာကို ေတြ႔ခဲ႔ရတယ္။ ဒါေပမဲ႔ တိက်တဲ႔ အခ်က္တစ္ခ်က္ေၾကာင္႔ ကြ်န္မ စိတ္ေလွ်ာ႔လိုက္ပါတယ္။ ကြ်န္မကို ထားရစ္ခဲ႔တဲ႔သူ႔ကိုလဲ ေမ႔လိုက္တယ္။ အဲ႔ဒီ႔မိန္းမအတြက္နဲ႔ ကြ်န္မကိုထားရစ္ခဲ႔တဲ႔ သူဟာ အဲ႔ဒီ႔မိန္းမနဲ႔ပဲ လက္ထပ္သြားတယ္။ သူ႔ကို ထာ၀ရ ဆံုး႐ႈံးလိုက္ရတယ္။ ကြ်န္မဘ၀ ေ႐ွ႕ဆက္ေလွ်ာက္ရဖို႔ ႐ွိေသးတယ္ဆိုတာကိုလည္း သိခဲ႔တယ္။ ကြ်န္မ လိပ္ျပာကို ကယ္တင္ဖို႔အတြက္ ပံုမွန္အတိုင္း ျပန္ေနသြားရမယ္ဆိုတာကိုေပါ႔။

ကုိယ္႔ကိုကိုယ္ ထိန္းေက်ာင္းႏိုင္ခဲ႔ၿပီးေနာက္မွာ ‘ကိုပါ’ ေပၚလာခဲ႔တယ္။ ကြ်န္မက အေအးဆိုင္တစ္ခုမွာ ေရာက္ေနခဲ႔တာ။ သူက ခ်ဥ္းကပ္လာၿပီး ကြ်န္မကို စကားေတြေျပာလာပါတယ္။ နံနက္ ၄နာရီထိလည္း အတူတူ အခ်ိန္ျဖဳန္းခဲ႔ၾကတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္လို႔ကို မ၀ႏိုင္ၾကဘူး။ အစပိုင္းမွာေတာ႔ အခက္အခဲေတြ ႐ွိခဲ႔ၾကတယ္။ သူကလည္း သူနဲ႔ ၅ႏွစ္တြဲခဲ႔တဲ႔ ခ်စ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ႔ရတဲ႔သူ။ ဒီေတာ႔ သူလည္း ကြ်န္မနဲ႔ အျဖစ္တူတယ္ေပါ႔။ သူဘယ္လို ခံစားခဲ႔ရမယ္ဆိုတာ နဲ႔ အတည္ၿငိမ္ဆံုးျဖစ္ေအာင္ ဘယ္ေလာက္ အခ်ိန္ယူခဲ႔ရမယ္ဆိုတာ ကြ်န္မ အေကာင္းဆံုးသိခဲ႔တယ္။ တစ္ဖက္သတ္ အခ်စ္အတြက္ ပူပန္ေသာက တက္ခဲ႔ရတာေတြ ငရဲအလားခံစားခဲ႔ရတာေတြက ကြ်န္မနဲ႔ ထပ္တူပါပဲ။ ဒါေတြနဲ႔ပတ္သက္လို႔ ခုေတာ႔ ကြ်န္မ စိတ္မဆင္းရဲရေတာ႔ပါဘူး။ ကြ်န္မ လံုး၀စိတ္ခ်ယံုၾကည္ထားႏိုင္တဲ႔သူဟာ ကြ်န္မေဘးမွာ ႐ွိေနၿပီေလ။ သူ႔ကို ခ်စ္တယ္။ သူမ႐ွိဘဲ ေနရမယ္႔ ဘ၀ႀကီးကို စဥ္းေတာင္မစဥ္းစားႏိုင္ဘူး။ ၃လတာကာလအတြင္း ကြ်န္မတို႔ လက္ထပ္ဖို႔ အစီအစဥ္႐ွိပါတယ္။ ကြ်န္မတို႔ ဆံုခဲ႔တဲ႔ ႏွစ္ႏွစ္ျပည္႔အခ်ိန္ေပါ႔။ လုိက္႐ွာေနစရာမလုိပါဘဲ၊ ငိုယိုပူဆာေနစရာ မလိုပါဘဲနဲ႔ ေပ်ာ္႐ႊင္မႈဆိုတာဟာ ကြ်န္မတို႔ႏွစ္ေယာက္ဆီကို အလိုလိုေရာက္လာခဲ႔တယ္။ တကယ္လိုတာက ကြ်န္မတို႔ကိုယ္တိုင္ ၿငိမ္းခ်မ္းေနဖို႔ပါပဲ

Credit: sithuwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒါကျွန်မ ဇာတ်လမ်းပါ။ သူ့အလိုလိုဖြစ်လာတဲ့ အချစ်အကြောင်းပေါ့။

လွန်ခဲ့တဲ့ ၃နှစ်တုန်းက ကျွန်မအသက်ဟာ ၂၃နှစ်။ အတော်လည်း ကြေကွဲခဲ့ရတယ်။ ချမ်းသာပြီး ပြစ်မှုမရှိတဲ့ လူတစ်ယောက်၊ သူက ကျွန်မကို လက်ထပ်ချင်ခဲ့တယ်။ ကျွန်မလိုသမျှလည်း အကုန်ပေးခဲ့တယ်။

 ဒါမဲ့ တစ်နေ့၊ ဧပြီ ၁ရက်နေ့ပေါ့။ ကျွန်မ သူ့ကိုချန်ရစ်ထားခဲ့တာ ဟာသတစ်ခုလိုပါပဲ။ အကြောင်းရှိလို့ပါ။ တကယ့်ကို အတည်ကြီးရယ်။ သူက ကျွန်မကို ပိုင်ဆိုင်ချင်လို့တဲ့။ သူ့ဆီက ထွက်သွားရတာ အလုပ်ပြုတ်သွားတာနဲ့ အတူတူပဲ။ (ကျွန်မက သူ့ဆီမှာ အလုပ်လုပ်နေတာလေ။) ကျွန်မရဲ့ အချစ်၊ ကျွန်မရဲ့ သက်တောင့်သက်သာရှိမှု နဲ့ ပိုက်ဆံ။

နောက်လူတစ်ယောက်ကြောင့် ကျွန်မလေ သူ့ကို ထားရစ်ခဲ့နိုင်တယ်။ ကျွန်မဘဝထဲက တတိယမြောက်လူပေါ့။ သူနဲ့ အရူးအမူးကို ချစ်ကြတာ။ ကျွန်မ သူ့ကို တကယ့်ကို မြတ်နိုးပါတယ်။ ကျွန်မတို့တွဲလာပြီး နှစ်လကြာတော့ သူ့ရည်းစားဟောင်းက သူ့ကို ဆက်သွယ်လာပြီး သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ပြောလာတယ်။ သူ ကြောင်သွားတယ်။ ခြေမကိုင်မိ လက်မကိုင်မိ တွေဖြစ်လာတယ်။ သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိတော့ဘူး။ သူမဆီသွားရမလား၊ ကျွန်မနဲ့ပဲ နေရမလား။ အဆုံးမှာတော့ ကျွန်မကို ထားသွားပါတယ်။

ကျွန်မ တစ်ယောက်တည်းပဲ ကျိတ်ငိုလိုက်တယ်။ လပေါင်းများစွာကြာအောင်ပေါ့။ နှစ်ပေါက်သွားတဲ့အထိလည်း ဖြစ်လိမ့်မယ်။

တခြားယောကျာ်းတွေနဲ့ ကျွန်မ တွဲစပြုလာတယ်။ ပြီးတော့ သူတို့ နာကြင်ရအောင်လုပ်တယ်။ တစ်နှစ်အတွင်းမှာပဲ ယောကျာ်း ၅ယောက်နဲ့ပေါ့။ နောက်ပြီးတော့ အဆိုးရွားဆုံးတွေ ဖြစ်လာအောင် ချန်ထားရစ်ခဲ့လိုက်တယ်။ သူတို့ငိုလာအောင်၊ ကျွန်မဆီ အနူးအညွတ်တောင်းပန်လာအောင် လုပ်ခဲ့တယ်။

ကျွန်မ ဘာမှ မခံစားရဘူး။ ကျွန်မဟာ ကမ္ဘာပေါ်မှာ အရက်စက်ဆုံး သက်ရှိတစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်မ အသည်းကွဲခဲ့ပြီး ဘဝကြီးဟာ ဘာမျှအဓိပ္ပါယ်မရှိတာကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ တိကျတဲ့ အချက်တစ်ချက်ကြောင့် ကျွန်မ စိတ်လျှော့လိုက်ပါတယ်။ ကျွန်မကို ထားရစ်ခဲ့တဲ့သူ့ကိုလဲ မေ့လိုက်တယ်။ အဲ့ဒီ့မိန်းမအတွက်နဲ့ ကျွန်မကိုထားရစ်ခဲ့တဲ့ သူဟာ အဲ့ဒီ့မိန်းမနဲ့ပဲ လက်ထပ်သွားတယ်။ သူ့ကို ထာဝရ ဆုံးရှုံးလိုက်ရတယ်။ ကျွန်မဘ၀ ရှေ့ဆက်လျှောက်ရဖို့ ရှိသေးတယ်ဆိုတာကိုလည်း သိခဲ့တယ်။ ကျွန်မ လိပ်ပြာကို ကယ်တင်ဖို့အတွက် ပုံမှန်အတိုင်း ပြန်နေသွားရမယ်ဆိုတာကိုပေါ့။

ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်ခဲ့ပြီးနောက်မှာ ‘ကိုပါ’ ပေါ်လာခဲ့တယ်။ ကျွန်မက အအေးဆိုင်တစ်ခုမှာ ရောက်နေခဲ့တာ။ သူက ချဉ်းကပ်လာပြီး ကျွန်မကို စကားတွေပြောလာပါတယ်။ နံနက် ၄နာရီထိလည်း အတူတူ အချိန်ဖြုန်းခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ကို မဝနိုင်ကြဘူး။ အစပိုင်းမှာတော့ အခက်အခဲတွေ ရှိခဲ့ကြတယ်။ သူကလည်း သူနဲ့ ၅နှစ်တွဲခဲ့တဲ့ ချစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့သူ။ ဒီတော့ သူလည်း ကျွန်မနဲ့ အဖြစ်တူတယ်ပေါ့။ သူဘယ်လို ခံစားခဲ့ရမယ်ဆိုတာ နဲ့ အတည်ငြိမ်ဆုံးဖြစ်အောင် ဘယ်လောက် အချိန်ယူခဲ့ရမယ်ဆိုတာ ကျွန်မ အကောင်းဆုံးသိခဲ့တယ်။ တစ်ဖက်သတ် အချစ်အတွက် ပူပန်သောက တက်ခဲ့ရတာတွေ ငရဲအလားခံစားခဲ့ရတာတွေက ကျွန်မနဲ့ ထပ်တူပါပဲ။ ဒါတွေနဲ့ပတ်သက်လို့ ခုတော့ ကျွန်မ စိတ်မဆင်းရဲရတော့ပါဘူး။ ကျွန်မ လုံးဝစိတ်ချယုံကြည်ထားနိုင်တဲ့သူဟာ ကျွန်မဘေးမှာ ရှိနေပြီလေ။ သူ့ကို ချစ်တယ်။ သူမရှိဘဲ နေရမယ့် ဘဝကြီးကို စဉ်းတောင်မစဉ်းစားနိုင်ဘူး။ ၃လတာကာလအတွင်း ကျွန်မတို့ လက်ထပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်မတို့ ဆုံခဲ့တဲ့ နှစ်နှစ်ပြည့်အချိန်ပေါ့။ လိုက်ရှာနေစရာမလိုပါဘဲ၊ ငိုယိုပူဆာနေစရာ မလိုပါဘဲနဲ့ ပျော်ရွှင်မှုဆိုတာဟာ ကျွန်မတို့နှစ်ယောက်ဆီကို အလိုလိုရောက်လာခဲ့တယ်။ တကယ်လိုတာက ကျွန်မတို့ကိုယ်တိုင် ငြိမ်းချမ်းနေဖို့ပါပဲ

Credit: sithuwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top