iMyanmarHouse.com - Best Property Website for Myanmar
×

အရင္တုန္းကေတာ့ အခ်စ္ေရးဆုိ သိပ္ၿပီးစဥ္းစားတာမဟုတ္ဘူး ဒီလိုပဲ တြဲလိုက္ ျပတ္လိုက္တာပဲ။ အီစီကလီေတြေရာ ခဏတျဖဳတ္တြဲၿပီး ျဖတ္ခဲ့တာေတြေရာ အမ်ားႀကီး။ ရည္းစားထား႐ံုေလာက္က လက္ခံလို႔ရေပမဲ့ ေပြခဲ့႐ႈပ္ခဲ့တာေတြက တကယ္ခ်စ္တဲ့လူနဲ႔ ဆံုရတဲ့အခါမွာ အေလးအနက္စဥ္းစားစရာေတြ ျဖစ္လာပါၿပီ။ တကယ္ျမတ္ျမတ္ႏိုးႏုိးခ်စ္ရမယ့္သူ ေပၚလာတဲ့အခါ သူ႕အေၾကာင္းေတြသိခ်င္လာတယ္။ သူကလည္း ကိုယ့္အေၾကာင္းေတြကို သိခ်င္မွာပဲ။ အဲ့ဒီအခါ ကိုယ္ဆိုးခဲ့၊ ေပြခဲ့သမွ် ထုတ္ေျပာလိုက္မွာလား။

ဒီလိုမ်ိဳး ကိုယ့္အတိတ္က ေပြခဲ့ဆုိးခဲ့တာေတြကို ဖြင့္ဟဝန္ခံလိုက္ရင္
ေကာင္းက်ိဳးေတြအေနနဲ႔ ဘာေတြျဖစ္ႏုိင္မလဲ?

၁။ လွ်ိဳ႕ဝွက္ခ်က္လို စိတ္ပင္ပန္းခံဖံုးကြယ္စရာမလိုဘူး

သူသိသြားရင္ စိတ္ဆိုးသြားမွာ၊ မခ်စ္ေတာ့မွာ စိုးရိမ္တာနဲ႔ ဖံုးကြယ္ထားရတာ စိတ္ပင္ပန္းစရာေကာင္းတယ္။ ကိုယ့္ကိုမုန္းတီးေနသူေတြကလည္း ခ်စ္သူဆီကိုသြားၿပီး ခၽြန္တြန္းလုပ္ ေအာက္ဖဲလွန္မွာကိုလည္း စိုးရိမ္ေနရတယ္။ အတိတ္ဆိုတာ ျပင္လို႔လည္းရတာမဟုတ္မယ့္အတူတူ ခ်စ္သူဆီမွာ ကိုယ္တိုင္ဝန္ခံထားလိုက္ေတာ့ စိတ္ေအးေအးထားလို႔ရမယ္။ သူ႔ဆီက ယံုၾကည္မႈလည္း ပိုရလာႏိုင္တယ္။

၂။ အတိတ္နဲ႔လက္႐ွိ ကြာျခားေနပါၿပီ

အရင္ကေတာ့ ဆုိးခဲ့တယ္ ေပြခဲ့တယ္။ ဒါေပမဲ့ ခုခ်ိန္မွာ လိမၼာေနပါၿပီ။ အရင္လို မေပြမ႐ႈပ္ေတာ့ဘဲ ေျခၿငိမ္ၿငိမ္နဲ႔ လက္႐ွိအခ်စ္ကိုပဲ တန္ဖိုးထားတယ္ဆုိတာ သူသိေအာင္ ျပသပါ။ ကိုယ့္အတြက္ အမွတ္ေကာင္းရတာေပါ့။

၃။ ႐ိုးသားမႈ

Relationship တစ္ခု တည္ေဆာက္တယ္ဆုိတာ အေပ်ာ္တြဲတာလိုမ်ိဳး မဟုတ္တဲ့အတြက္ အျပန္အလွန္ နားလည္မႈေတြ၊ ခ်စ္ခင္မႈေတြနဲ႔ ႐ုိးသားမႈေတြ လိုပါတယ္။ ကိုယ့္ဘက္က ႐ိုးသားတဲ့အတြက္ ကိုယ့္အခ်စ္ကို ကိုယ္တုိင္ပဲ စိတ္ေက်နပ္ရတယ္။ သူကလည္း ကိုယ္႐ိုးသားတယ္ဆုိတာ သိသြားမယ္။

ေပြခဲ့႐ႈပ္ခဲ့တာေတြကို ထုတ္ေျပာလိုက္လို႔ ပိုဆိုးသြားတာမ်ိဳးေရာ ျဖစ္ႏိုင္သလား?

၁။ ေတြးထင္ထားတာေတြ ေျပာင္းလဲသြားႏိုင္တယ္

ဒါကေတာ့ မျဖစ္မေန ႀကိဳေတြးထားရမယ့္ကိစၥပါ။ ကိုယ့္ကို ဒီလိုလူမ်ိဳးမွန္း သူသိသြားရင္ သူ႔အျမင္ေတြေျပာင္းသြားႏုိင္ပါတယ္။ အေကာင္းဆံုးကိုေမွ်ာ္လင့္ၿပီး အဆိုးဆံုးကိုရင္ဆိုင္ႏိုင္ဖုိ႔ ျပင္ထားပါ။ ကိုယ္ကလည္း သူ႕ကို ေမးလို႔ သူ႕ဘက္က ပြင့္ပြင့္လင္းလင္း ေျပာျပလာတဲ့အခါ သူဘယ္လုိမ်ိဳးဆိုတာကို ေဝဖန္အကဲျဖတ္တာမ်ိဳး မလုပ္သင့္ဘူး။ ခဏတာေပ်ာ္ပါးဖူးတာေတြ႐ွိတယ္ ဒါေပမဲ့ အေရအတြက္အတိအက်ကို မေျပာခ်င္ဘူးဆုိလည္း အတင္းအက်ပ္ေမးမေနပါနဲ႔။ ျဖစ္ဖူးခဲ့တယ္လို႔ ဝန္ခံၿပီးရင္ အတိတ္ကို အတိတ္မွာပဲထားေပးလိုက္ပါ။

၂။ လက္႐ွိခ်စ္သူကကိုယ့္ကိုအရမ္းထိန္းခ်ဳပ္လြန္းတဲ့လကၡဏာ

တစ္ေယာက္တည္းကိုခ်စ္ ၊ အဲ့ဒီတစ္ေယာက္န႔ဲပဲညားၿပီး ေသတဲ့အထိ ေပါင္းသင္းသြားတယ္ဆိုတာ အရမ္းကို႐ွားပါတယ္။ အနည္းဆံုးေတာ့ အခ်စ္ဦးနဲ႔ အခ်စ္ဆံုးဆိုတာ ႐ွိၾကေသးတာပဲ။ ကိုယ့္ဘက္က သူ႔ကို အရမ္းခ်စ္တာသိလုိ႔ သူက အတိတ္ကကိစၥေတြကို စစ္စစ္ေပါက္ေပါက္ အတင္းအက်ပ္ေမးေနတာလည္း ျဖစ္ႏုိင္တယ္။ ကိုယ္ကအရမ္းခ်စ္တဲ့အခါ သူက အႏိုင္ယူခ်င္တယ္။ ကိုယ့္ကို ထိန္းခ်ဳပ္ခ်င္တယ္ေလ။ ဒီလိုစိတ္မ်ိဳးနဲ႔ဆို ေရ႐ွည္တြဲလို႔လည္း အဆင္ေျပဖုိ႔မလြယ္ဘူးဆုိတာ မွတ္ထားပါ။

၃။ အေရအတြက္က အဓိကမက်ဘူး

ကိုယ္က ဘယ္ႏွစ္ေယာက္နဲ႔ပဲ ပတ္သက္ခဲ့ပါတယ္ေျပာေျပာ သူ႕ဘက္က ထင္ခ်င္သလိုထင္မွာ။ ေလွ်ာ့ေျပာလည္း ထူးမွာမဟုတ္ဘူးဆုိတာ မေမ့ပါနဲ႔။ လူနည္းနည္းနဲ႔ပဲ ႐ႈပ္ခဲ့တာျဖစ္ေစ လူအမ်ားႀကီးနဲ႔ပဲ ႐ႈပ္ခဲ့တာျဖစ္ေစ သူ႕ရဲ႕တု႔ံျပန္မႈကေတာ့ အတူတူပဲျဖစ္မွာပါ။

ဘယ္လိုမ်ိဳး ထုတ္ေျပာမလဲ

ကိုယ့္အတိတ္က ဆိုးခဲ့တာေတြကို ထုတ္ေျပာမယ္ဆုိရင္ ဘယ္လိုမ်ိဳးေျပာမလဲဆုိတာက အေရးႀကီးတယ္။ ေျပာမျပခင္မွာ သူကလည္းသိခ်င္၊ ကိုယ္ကလည္း ေျပာခ်င္ေနတယ္ဆုိတာ ေသခ်ာဖုိ႔လိုပါတယ္။ ဒါမွမဟုတ္ဘဲ ဟိုဘက္က မသိခ်င္ဘဲနဲ႔ ကိုယ္ကအရင္ ေစာေစာစီးစီးေျပာလိုက္ရင္ သူစိတ္ပ်က္သြားမွာေသခ်ာတယ္။ ခ်စ္သက္တမ္းကလည္း မၾကာေသးဘဲနဲ႔ ဒီလိုေတြကို ေစာေစာစီးစီးသိလိုက္ရေတာ့ စိုးရိမ္ေၾကာက္လန္႔ၿပီး သင့္ကိုအဆက္ျဖတ္သြားႏိုင္လို႔ပါ။ ကိုယ္သာဆုိရင္ေရာ သူ႕ရဲ႕ ေပြခဲ့ရႈပ္ခဲ့တဲ့အေၾကာင္းေတြကို သိလုိက္ရရင္ ဘယ္လိုေနမလဲဆုိတာ ကိုယ္ခ်င္းစာစိတ္နဲ႔ အရင္စဥ္းစားၿပီးမွ ဖြင့္ဟဝန္ခံဖုိ႔လိုပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရင်တုန်းကတော့ အချစ်ရေးဆို သိပ်ပြီးစဉ်းစားတာမဟုတ်ဘူး ဒီလိုပဲ တွဲလိုက် ပြတ်လိုက်တာပဲ။ အီစီကလီတွေရော ခဏတဖြုတ်တွဲပြီး ဖြတ်ခဲ့တာတွေရော အများကြီး။ ရည်းစားထားရုံလောက်က လက်ခံလို့ရပေမဲ့ ပွေခဲ့ရှုပ်ခဲ့တာတွေက တကယ်ချစ်တဲ့လူနဲ့ ဆုံရတဲ့အခါမှာ အလေးအနက်စဉ်းစားစရာတွေ ဖြစ်လာပါပြီ။ တကယ်မြတ်မြတ်နိုးနိုးချစ်ရမယ့်သူ ပေါ်လာတဲ့အခါ သူ့အကြောင်းတွေသိချင်လာတယ်။ သူကလည်း ကိုယ့်အကြောင်းတွေကို သိချင်မှာပဲ။ အဲ့ဒီအခါ ကိုယ်ဆိုးခဲ့၊ ပွေခဲ့သမျှ ထုတ်ပြောလိုက်မှာလား။

ဒီလိုမျိုး ကိုယ့်အတိတ်က ပွေခဲ့ဆိုးခဲ့တာတွေကို ဖွင့်ဟဝန်ခံလိုက်ရင်
ကောင်းကျိုးတွေအနေနဲ့ ဘာတွေဖြစ်နိုင်မလဲ?

၁။ လျှို့ဝှက်ချက်လို စိတ်ပင်ပန်းခံဖုံးကွယ်စရာမလိုဘူး

သူသိသွားရင် စိတ်ဆိုးသွားမှာ၊ မချစ်တော့မှာ စိုးရိမ်တာနဲ့ ဖုံးကွယ်ထားရတာ စိတ်ပင်ပန်းစရာကောင်းတယ်။ ကိုယ့်ကိုမုန်းတီးနေသူတွေကလည်း ချစ်သူဆီကိုသွားပြီး ချွန်တွန်းလုပ် အောက်ဖဲလှန်မှာကိုလည်း စိုးရိမ်နေရတယ်။ အတိတ်ဆိုတာ ပြင်လို့လည်းရတာမဟုတ်မယ့်အတူတူ ချစ်သူဆီမှာ ကိုယ်တိုင်ဝန်ခံထားလိုက်တော့ စိတ်အေးအေးထားလို့ရမယ်။ သူ့ဆီက ယုံကြည်မှုလည်း ပိုရလာနိုင်တယ်။

၂။ အတိတ်နဲ့လက်ရှိ ကွာခြားနေပါပြီ

အရင်ကတော့ ဆိုးခဲ့တယ် ပွေခဲ့တယ်။ ဒါပေမဲ့ ခုချိန်မှာ လိမ္မာနေပါပြီ။ အရင်လို မပွေမရှုပ်တော့ဘဲ ခြေငြိမ်ငြိမ်နဲ့ လက်ရှိအချစ်ကိုပဲ တန်ဖိုးထားတယ်ဆိုတာ သူသိအောင် ပြသပါ။ ကိုယ့်အတွက် အမှတ်ကောင်းရတာပေါ့။

၃။ ရိုးသားမှု

Relationship တစ်ခု တည်ဆောက်တယ်ဆိုတာ အပျော်တွဲတာလိုမျိုး မဟုတ်တဲ့အတွက် အပြန်အလှန် နားလည်မှုတွေ၊ ချစ်ခင်မှုတွေနဲ့ ရိုးသားမှုတွေ လိုပါတယ်။ ကိုယ့်ဘက်က ရိုးသားတဲ့အတွက် ကိုယ့်အချစ်ကို ကိုယ်တိုင်ပဲ စိတ်ကျေနပ်ရတယ်။ သူကလည်း ကိုယ်ရိုးသားတယ်ဆိုတာ သိသွားမယ်။

ပွေခဲ့ရှုပ်ခဲ့တာတွေကို ထုတ်ပြောလိုက်လို့ ပိုဆိုးသွားတာမျိုးရော ဖြစ်နိုင်သလား?

၁။ တွေးထင်ထားတာတွေ ပြောင်းလဲသွားနိုင်တယ်

ဒါကတော့ မဖြစ်မနေ ကြိုတွေးထားရမယ့်ကိစ္စပါ။ ကိုယ့်ကို ဒီလိုလူမျိုးမှန်း သူသိသွားရင် သူ့အမြင်တွေပြောင်းသွားနိုင်ပါတယ်။ အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးကိုရင်ဆိုင်နိုင်ဖို့ ပြင်ထားပါ။ ကိုယ်ကလည်း သူ့ကို မေးလို့ သူ့ဘက်က ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့အခါ သူဘယ်လိုမျိုးဆိုတာကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်သင့်ဘူး။ ခဏတာပျော်ပါးဖူးတာတွေရှိတယ် ဒါပေမဲ့ အရေအတွက်အတိအကျကို မပြောချင်ဘူးဆိုလည်း အတင်းအကျပ်မေးမနေပါနဲ့။ ဖြစ်ဖူးခဲ့တယ်လို့ ဝန်ခံပြီးရင် အတိတ်ကို အတိတ်မှာပဲထားပေးလိုက်ပါ။

၂။ လက်ရှိချစ်သူကကိုယ့်ကိုအရမ်းထိန်းချုပ်လွန်းတဲ့လက္ခဏာ

တစ်ယောက်တည်းကိုချစ် ၊ အဲ့ဒီတစ်ယောက်နဲ့ပဲညားပြီး သေတဲ့အထိ ပေါင်းသင်းသွားတယ်ဆိုတာ အရမ်းကိုရှားပါတယ်။ အနည်းဆုံးတော့ အချစ်ဦးနဲ့ အချစ်ဆုံးဆိုတာ ရှိကြသေးတာပဲ။ ကိုယ့်ဘက်က သူ့ကို အရမ်းချစ်တာသိလို့ သူက အတိတ်ကကိစ္စတွေကို စစ်စစ်ပေါက်ပေါက် အတင်းအကျပ်မေးနေတာလည်း ဖြစ်နိုင်တယ်။ ကိုယ်ကအရမ်းချစ်တဲ့အခါ သူက အနိုင်ယူချင်တယ်။ ကိုယ့်ကို ထိန်းချုပ်ချင်တယ်လေ။ ဒီလိုစိတ်မျိုးနဲ့ဆို ရေရှည်တွဲလို့လည်း အဆင်ပြေဖို့မလွယ်ဘူးဆိုတာ မှတ်ထားပါ။

၃။ အရေအတွက်က အဓိကမကျဘူး

ကိုယ်က ဘယ်နှစ်ယောက်နဲ့ပဲ ပတ်သက်ခဲ့ပါတယ်ပြောပြော သူ့ဘက်က ထင်ချင်သလိုထင်မှာ။ လျှော့ပြောလည်း ထူးမှာမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ လူနည်းနည်းနဲ့ပဲ ရှုပ်ခဲ့တာဖြစ်စေ လူအများကြီးနဲ့ပဲ ရှုပ်ခဲ့တာဖြစ်စေ သူ့ရဲ့တုံ့ပြန်မှုကတော့ အတူတူပဲဖြစ်မှာပါ။

ဘယ်လိုမျိုး ထုတ်ပြောမလဲ

ကိုယ့်အတိတ်က ဆိုးခဲ့တာတွေကို ထုတ်ပြောမယ်ဆိုရင် ဘယ်လိုမျိုးပြောမလဲဆိုတာက အရေးကြီးတယ်။ ပြောမပြခင်မှာ သူကလည်းသိချင်၊ ကိုယ်ကလည်း ပြောချင်နေတယ်ဆိုတာ သေချာဖို့လိုပါတယ်။ ဒါမှမဟုတ်ဘဲ ဟိုဘက်က မသိချင်ဘဲနဲ့ ကိုယ်ကအရင် စောစောစီးစီးပြောလိုက်ရင် သူစိတ်ပျက်သွားမှာသေချာတယ်။ ချစ်သက်တမ်းကလည်း မကြာသေးဘဲနဲ့ ဒီလိုတွေကို စောစောစီးစီးသိလိုက်ရတော့ စိုးရိမ်ကြောက်လန့်ပြီး သင့်ကိုအဆက်ဖြတ်သွားနိုင်လို့ပါ။ ကိုယ်သာဆိုရင်ရော သူ့ရဲ့ ပွေခဲ့ရှုပ်ခဲ့တဲ့အကြောင်းတွေကို သိလိုက်ရရင် ဘယ်လိုနေမလဲဆိုတာ ကိုယ်ချင်းစာစိတ်နဲ့ အရင်စဉ်းစားပြီးမှ ဖွင့်ဟဝန်ခံဖို့လိုပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top