iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Thithtoolwin

မာလကာ သီး ကိုတော့ လူတော်တော်များက ကြိုက်နှစ်သက်ကြပါတယ်။ သို့ပေမယ့် အသီးရဲ့ဆေးဘက်ဝင်ပုံထက် အသီးရဲ့အရသာကိုပဲ သိကြတဲ့လူက ပိုများပါတယ်။ ဒါကြောင့် ဒီနေ့မှာ မာလကာသီးတွေမှ ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကို ဖော်ပြပေးသွားပါမယ်။

ကိုယ်အလေးချိန်လည်းချချင်တဲ့ အစားအသောက်လည်း မပြတ်ချင်တဲ့သူတွေအတွက် မာလကာသီးက အသင့်တော်ဆုံးပါပဲ။ မာလကာသီးရဲ့တခြားအသီးတွေနဲ့မတူတဲ့အချက်ကတော့ သကြားဓါတ် ၊ ကာဘွန်ဟိုက်ဒရိုတ်နဲ့ ကယ်လိုရီပါဝင်မှု နည်းပါးတာဖြစ်ပြီး ပုံမှန်စားသုံးပါက ကိုလက်စရောတိုးပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

အမျှင်ဓါတ်မပါတဲ့ သစ်သီးတွေမှာ သကြားဓါတ်ပါဝင်မှု များပြားနေလို့ စားသုံးမယ်ဆိုရင် သွေဖိအားကို များစေနိုင်ပါတယ်။ ဒါပေမယ့် မာလကာသီးကတော့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးဖြစ်လို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးဖိအားကို လျော့ချပေးနိုင်စွမ်းရှိတဲ့အပြင် ဆီးချိုရောပါကိုပါ တားဆီးပေးနိုင်ပါတယ်။

မာလကာသီးမှာ ဗီတာမင်အေဓါတ် ပါဝင်နေတဲ့အတွက် အမြင်အာရုံအတွက် အထူးကောင်းမွန်စေနိုင်ပြီး အအေးမိ နှာစေး ချောင်းဆိုးကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဗီတာမင်စီဓါတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလို ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ အကျိုးရှိနေတဲ့ မာလကာသီးကို နေ့စဉ် ပုံမှန်လေးစာသုံးပေးရင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top