iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းဟာ ထိခိုက္ဒဏ္ရာနဲ႔မကင္းၾကဘူးဆိုတာကေတာ့ ေျပာေနစရာေတာင္မလိုေလာက္ပါဘူးေနာ္။ ဒီလိုထိခိုက္ဒဏ္ရာရလာရင္လည္း အနာကိုေဆးေၾကာတာ၊ေဆးထည့္တာ၊ ပလာစတာကပ္တာမ်ဳိးေတြလုပ္ရမယ္ဆိုတာကိုေတာ့ လူတိုင္းလိုလိုသိၾကပါတယ္။ အနာကို ပလာစတာကပ္တယ္ဆိုတဲ့ေနရာမွာလည္ အနာအမ်ိဳးအစားေပၚလိုက္ျပီး ကပ္ရတဲ့ ပလာစတာေတြ မတူၾကပါဘူး။ ဒီတစ္ေခါက္ေတာ့ ဘယ္လိုထိခိုက္ဒဏ္ရာမ်ိဳးဆို ဘယ္ပလာစတာကို အသံုးျပဳဖို႔လိုမလဲဆိုတာနဲ႔ ဘယ္လိုထိခိုက္ဒဏ္ရာမ်ိဳးဆိုရင္ ပတ္တီးစည္းသင့္လဲဆိုတာေလးေတြကို ျပည့္ျပည့္စံုစံုေလးေျပာျပေပးမယ္ေနာ္။

အနာေပၚမွာ ပလာစတာကပ္တာ၊ ပတ္တီးစည္းတာေတြက အနာထဲကို ပိုးမဝင္ေအာင္ကာကြယ္ေပးတဲ့အျပင္ အနာေၾကာင့္ျဖစ္တဲ့မလိုလားအပ္တဲ့ေနာက္ဆက္တြျဲပႆနာေတြကိုလည္း ကာကြယ္ျပီးသားျဖစ္ေစပါတယ္။ အနာက်က္ေအာင္လည္း အေထာက္အပံ့ေပးပါေသးတယ္။
ပလာစတာဆိုတာ

ပလာစတာ၊ ပတ္တီးဆိုတာက ထိခုိက္ဒဏ္ရာထဲကို ျပင္ပက ဖုန္မႈန္႔ေတြ၊အညစ္အေၾကးေတြနဲ႔ ဘက္တီးရီးယားေတြမဝင္ေရာက္ေအာင္ကာကြယ္ေပးတဲ့အရာေတြပါ။ ပတ္တီးေတြကေတာ့ ထိခိုက္မိထားတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ႕ လႈပ္ရွားမႈကို ထိန္းညွိေပးတဲ့အရာမ်ိဳးပါ။ ပလာစတာေတြ၊ ပတ္တီးေတြကို ထိခိုက္ဒဏ္ရာေတြအေပၚမွာ တိုက္ရိုက္အသံုးျပဳေပးလို႔ရပါတယ္။ ဆြဲဆန္႔ႏိုင္တဲ့ ပတ္တီးေတြကိုေတာ့ အဆစ္ေတြထိခိုက္မိတဲ့အခါ ေရာင္ရမ္းမႈေလ်ာ႔က်ေစဖို႔သံုးလို႔ရပါတယ္။ ပတ္တီးေတြကို အနာေသြးတိတ္ေအာင္ အနာေပၚကို ခပ္ဖြဖြေလးဖိထားတဲ့အခါမ်ိဳးမွာလည္း သံုးလို႔ရပါေသးတယ္။ ပလာစတာေတြကိုလည္း ထိခိုက္မိတဲ့ေနရာကိုလိုက္ျပီး အသံုးျပဳရတာခ်င္းမတူပါဘူး။ ဘယ္လုိေတြမ်ားကြာျခားတာလဲဆိုတာကို ဆက္ၾကည့္လိုက္ရေအာင္ပါ။
ပလာစတာအမ်ိဳးမ်ိဳး

အနာကပ္ ပလာစတာ –  အေသးစားထိခိုက္ဒဏ္ရာရတာမ်ိဳးအတြက္ကေတာ့ ရိုးရိုးအနာကပ္ပလာစတာနဲ႔တင္လံုေလာက္ပါတယ္။ ေတြ႔ေနက် ပလာစတာမ်ိဳးပါပဲ။ ဖေယာင္းစကၠဴေလးခြာျပီး သန္႔စင္ထားတဲ့ ထိခိုက္ဒဏ္ရာေပၚမွာ ကပ္လိုက္ရံုပါ။

လက္ေခ်ာင္း ေျခေခ်ာင္းေလးေတြမွာ ျဖစ္တဲ့ အနာတရေတြအတြက္ H ပံုစံ knuckle bandage – လက္ေခ်ာင္း၊ေျခေခ်ာင္းေလးေတြမွာ ထိခိုက္ဒဏ္ရာရသြားတဲ့အခါ ေကြးလို႔ဆန္႕လို႔လြယ္ေအာင္လုပ္ေပးထားတဲ့ ပလာစတာတစ္မ်ိဳးပါ။ အဂၤလိပ္အကၡရာ H ပံုစံေလးပါ။ ဒဏ္ရာေပၚမွာ ပံုစံတက်ျဖစ္ေနေစမယ့္ ပလာစတာတစ္မ်ိဳးပါ။ ပလာစတာကပ္ထားလို႔ အေကြးအဆန္႔လုပ္ရခက္မွာကိုလည္း ပူစရာမလိုပါဘူး။

ျပတ္ရွဒဏ္ရာနဲ႔ ဓားရွမိတဲ့ ဒဏ္ရာေတြအတြက္ လိပ္ျပာပံုစံ ပလာစတာ – ဒီပလာစတာမ်ိဳးကို ျပတ္ရွဒဏ္ရာျဖစ္တဲ့အခါ အေရျပားခ်င္းျပန္ဆက္ေစဖို႔အသံုးျပဳၾကပါတယ္။ ေသြးေတြကို စုပ္ယူေပးတာမ်ိဳးမရွိသလို အနာထဲကို ပိုးမဝင္ေအာင္လည္း အကာအကြယ္မေပးႏိုင္ပါဘူး။ ေကာ္မပါတဲ့ ပလာစတာအလယ္ပိုင္းကို ဒဏ္ရာေပၚတည့္တည့္ထားျပီး ဒဏ္ရာေပၚကို ကန္႔လန္႔ျဖတ္ျပီးကပ္ရမွာျဖစ္ပါတယ္။ ဒီပလာစတာသံုးမယ္ဆိုရင္ အေပၚက ပတ္တီးစသန္႔သန္႔ေလးကို စကၠၠဴတိတ္နဲ႔ အနည္းဆံုး ၂၄ နာရီကပ္ထားေပးရပါမယ္။ ပိုးမဝင္ေအာင္ကာကြယ္တဲ့သေဘာပါ။

အပူေလာင္နာေတြအတြက္ ပိတ္ပတ္တီးနဲ႔ adhesive tape – အေသးစားအပူေလာင္ဒဏ္ရာမ်ိဳးရခဲ့မယ္ဆိုရင္ ေနအိမ္မွာပဲ ပိတ္နဲ႔လုပ္ ထားတဲ့ပတ္တီး၊adhesive tape ေတြကိုသံုးျပီးအနာကို ထိန္းသိမ္းေပးလို႔ရပါတယ္။ ပိုးသတ္ထားတဲ့ ပိတ္ပတ္တီးစကို သန္႔စင္ထားတဲ့ အပူေလာင္ဒဏ္ရာေပၚကို ခပ္ဖြဖြေလးအုပ္ေပးျပီး အေပၚကေန adhesive tape ကိုထပ္ပတ္ေပးလိုက္ပါ။

ဆီပူေလာင္၊ ေရေႏြးပူေလာင္ဒဏ္ရာေတြအတြက္ moleskin type bandage – ဆီပူ၊ေရေႏြးပူေလာင္တာေၾကာင့္ ျဖစ္တဲ့ေရၾကည္ဖုေတြေပါက္ထြက္တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ အလယ္မွာ အဝိုင္းပံုစံေလးပါျပီး အဝိုင္းရာတည့္တည့္ေလးမွာ အပူေလာင္ဖုကိုထားျပီးကပ္ရမွာပါ။ အပူေလာင္တာေၾကာင့္ျဖစ္တဲ့ေရၾကည္ဖုကို မေတ္ာတဆပြတ္မိတာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ ဒီပလာစတာက အနာပိုးမဝင္ေအာင္မကာကြယ္ေပးႏိုင္တာေၾကာင့္ အေပၚကေန ပံုမွန္ကပ္ေနက် ပလာစတာတစ္ခု ထပ္ကပ္ေပးထားဖို႔ေတာ့လိုပါမယ္။
ျပင္းထန္တဲ့ဒဏ္ရာေတြအတြက္ ပတ္တီးသံုးမယ္

pressure bandage – ျပင္းထန္တဲ့ ျပတ္ရွဒဏ္ရာေတြ ထိခိုက္ဒဏ္ရာေတြအတြက္ အသင့္ေတာ္ဆံုးကေတာ့ pressure bandage ပါပဲ။ ဒီပတ္တီးမွာ အနာေပၚကို အုပ္ထားေပးရမယ့္အပိုင္းနဲ႔ ပတ္တီးစည္းလို႔လြယ္ေအာင္လုပ္ထားေပးတဲ့ အပိုင္းလည္းပါဝင္ပါတယ္။ ဒဏ္ရာၾကီးေတြက ပိုးမဝင္ေစေအာင္ကာကြယ္ေပးျပီး  အနာက်က္ေအာင္လည္း အေထာက္အပံ့ေပးပါတယ္။ ဒဏ္ရာကေန ေသြးအရမ္းမထြက္ေစဖို႔အတြက္ အသင့္ေတာ္ဆံုးပါ။

triangle bandage – အရိုးက်ိဳးသြားတဲ့အခါ ေနသားတက် အရိုးျပန္ဆက္ေစဖို႔ နဲ႔ အဆစ္လြဲသြားတာမ်ိဳးေတြအတြက္ အသံုးျပဳေပးႏိုင္တဲ့ ပတ္တီးတစ္မ်ိဳးပါ။ ၾတိဂံပံုစံေခါက္လို႔ရတဲ့ ပတ္တီးမ်ိဳးပါ။ လည္ပင္းမွာသိုင္းျပီး ထိခိုက္မိထားတဲ့ လက္ကို ပတ္တီးသိုင္းထားတဲ့အထဲမွာထည့္ရမွာပါ။ အရိုးေတြကို ေနသားတက်ျဖစ္ေစဖို႔ အေထာက္အပံ့ေပးပါတယ္။

gauze roll – second degree burn ေတြအတြက္အသံုးျပဳလို႔ရပါတယ္။ second degree burn ေပၚမွာ ပတ္တီးစေလးကိုအုပ္ေပးပါ။ နာက်င္နီရဲေရာင္ရမ္းေနတဲ့ အနာေပၚမွာ ပိတ္သားပတ္တီးစေလးကိုအုပ္ေပးျပီး အေပၚကေန gauze roll ကိုအသံုးျပဳေပးရပါမယ္။ gauze roll က ေသြးလည္ပတ္မႈကို ျပတ္ေတာက္ေစတာမ်ိဳးမရွိသလို အနာပိုးဝင္ေစတာမ်ိဳးမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ အနာကို နာက်င္ေရာင္ရမ္းတာမ်ိဳးမျဖစ္ေအာင္နဲ႔ အနာက်က္ေအာင္ပါအေထာက္အပံ့ေပးပါေသးတယ္။

tensor bandage – နက္လြန္းတဲ့ ျပတ္ရွဒဏ္ရာေတြ နဲ႔ အၾကီးစားမေတာ္တဆထိခိုက္မႈေတြအတြက္ အသံုးျပဳရတဲ့ ပတ္တီးမ်ိဳးပါ။ ထူထဲျပီး က်ံဳ႕ႏိုင္ဆန္႔ႏိုင္တာေၾကာင့္ ေသြးထြက္မ်ားတာမ်ိဳးအတြက္ အသံုးဝင္တဲ့ ပတ္တီးမ်ိဳးပါ။ ဒဏ္ရာအရမ္းနက္ျပီး ေသြးတအားထြက္ေနတဲ့အခါမ်ိဳးမွာ အနာေပၚကို ပိတ္သားပတ္တီးစေလးအုပ္ေပးျပီး အေပၚက tensor bandage အသံုးျပဳေပးရပါမယ္။ ျပီးရင္ေတာ့ ဒဏ္ရာရ ထားတဲ့ကိုယ္အဂၤါအစိတ္အပိုင္းကို ႏွလံုးအထက္နားထိေရာက္ေအာင္ေျမွာက္ထားေပးရပါမယ္။ ေသြးထြက္နည္းသြားေစဖို႔အတြက္ပါ။ ေသြးတိတ္ေစဖို႔အတြက္လည္း tensor bandage ကလုပ္ေဆာင္ေပးပါတယ္။

အခုေလာက္ဆိုရင္ ဒဏ္ရာအေနအထား၊ ထိခိုက္မိတဲ့ေနရာေပၚမွာလိုက္ျပီး ပလာစတာေတြ၊ပတ္တီးေတြကို အသံုးျပဳရတာခ်င္းမတူဘူးဆိုတာကို သိေလာက္ျပီထင္ပါတယ္။ အားလံုးအတြက္ အသံုးတည့္ပါေစေၾကာင္း။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်းဟာ ထိခိုက်ဒဏ်ရာနဲ့မကင်းကြဘူးဆိုတာကတော့ ပြောနေစရာတောင်မလိုလောက်ပါဘူးနော်။ ဒီလိုထိခိုက်ဒဏ်ရာရလာရင်လည်း အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာမျိုးတွေလုပ်ရမယ်ဆိုတာကိုတော့ လူတိုင်းလိုလိုသိကြပါတယ်။ အနာကို ပလာစတာကပ်တယ်ဆိုတဲ့နေရာမှာလည် အနာအမျိုးအစားပေါ်လိုက်ပြီး ကပ်ရတဲ့ ပလာစတာတွေ မတူကြပါဘူး။ ဒီတစ်ခေါက်တော့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆို ဘယ်ပလာစတာကို အသုံးပြုဖို့လိုမလဲဆိုတာနဲ့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ပတ်တီးစည်းသင့်လဲဆိုတာလေးတွေကို ပြည့်ပြည့်စုံစုံလေးပြောပြပေးမယ်နော်။

အနာပေါ်မှာ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေက အနာထဲကို ပိုးမဝင်အောင်ကာကွယ်ပေးတဲ့အပြင် အနာကြောင့်ဖြစ်တဲ့မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အနာကျက်အောင်လည်း အထောက်အပံ့ပေးပါသေးတယ်။
ပလာစတာဆိုတာ

ပလာစတာ၊ ပတ်တီးဆိုတာက ထိခိုက်ဒဏ်ရာထဲကို ပြင်ပက ဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်အောင်ကာကွယ်ပေးတဲ့အရာတွေပါ။ ပတ်တီးတွေကတော့ ထိခိုက်မိထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုကို ထိန်းညှိပေးတဲ့အရာမျိုးပါ။ ပလာစတာတွေ၊ ပတ်တီးတွေကို ထိခိုက်ဒဏ်ရာတွေအပေါ်မှာ တိုက်ရိုက်အသုံးပြုပေးလို့ရပါတယ်။ ဆွဲဆန့်နိုင်တဲ့ ပတ်တီးတွေကိုတော့ အဆစ်တွေထိခိုက်မိတဲ့အခါ ရောင်ရမ်းမှုလျော့ကျစေဖို့သုံးလို့ရပါတယ်။ ပတ်တီးတွေကို အနာသွေးတိတ်အောင် အနာပေါ်ကို ခပ်ဖွဖွလေးဖိထားတဲ့အခါမျိုးမှာလည်း သုံးလို့ရပါသေးတယ်။ ပလာစတာတွေကိုလည်း ထိခိုက်မိတဲ့နေရာကိုလိုက်ပြီး အသုံးပြုရတာချင်းမတူပါဘူး။ ဘယ်လိုတွေများကွာခြားတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။
ပလာစတာအမျိုးမျိုး

အနာကပ် ပလာစတာ –  အသေးစားထိခိုက်ဒဏ်ရာရတာမျိုးအတွက်ကတော့ ရိုးရိုးအနာကပ်ပလာစတာနဲ့တင်လုံလောက်ပါတယ်။ တွေ့နေကျ ပလာစတာမျိုးပါပဲ။ ဖယောင်းစက္ကူလေးခွာပြီး သန့်စင်ထားတဲ့ ထိခိုက်ဒဏ်ရာပေါ်မှာ ကပ်လိုက်ရုံပါ။

လက်ချောင်း ခြေချောင်းလေးတွေမှာ ဖြစ်တဲ့ အနာတရတွေအတွက် H ပုံစံ knuckle bandage – လက်ချောင်း၊ခြေချောင်းလေးတွေမှာ ထိခိုက်ဒဏ်ရာရသွားတဲ့အခါ ကွေးလို့ဆန့်လို့လွယ်အောင်လုပ်ပေးထားတဲ့ ပလာစတာတစ်မျိုးပါ။ အင်္ဂလိပ်အက္ခရာ H ပုံစံလေးပါ။ ဒဏ်ရာပေါ်မှာ ပုံစံတကျဖြစ်နေစေမယ့် ပလာစတာတစ်မျိုးပါ။ ပလာစတာကပ်ထားလို့ အကွေးအဆန့်လုပ်ရခက်မှာကိုလည်း ပူစရာမလိုပါဘူး။

ပြတ်ရှဒဏ်ရာနဲ့ ဓားရှမိတဲ့ ဒဏ်ရာတွေအတွက် လိပ်ပြာပုံစံ ပလာစတာ – ဒီပလာစတာမျိုးကို ပြတ်ရှဒဏ်ရာဖြစ်တဲ့အခါ အရေပြားချင်းပြန်ဆက်စေဖို့အသုံးပြုကြပါတယ်။ သွေးတွေကို စုပ်ယူပေးတာမျိုးမရှိသလို အနာထဲကို ပိုးမဝင်အောင်လည်း အကာအကွယ်မပေးနိုင်ပါဘူး။ ကော်မပါတဲ့ ပလာစတာအလယ်ပိုင်းကို ဒဏ်ရာပေါ်တည့်တည့်ထားပြီး ဒဏ်ရာပေါ်ကို ကန့်လန့်ဖြတ်ပြီးကပ်ရမှာဖြစ်ပါတယ်။ ဒီပလာစတာသုံးမယ်ဆိုရင် အပေါ်က ပတ်တီးစသန့်သန့်လေးကို စက္က္ကူတိတ်နဲ့ အနည်းဆုံး ၂၄ နာရီကပ်ထားပေးရပါမယ်။ ပိုးမဝင်အောင်ကာကွယ်တဲ့သဘောပါ။

အပူလောင်နာတွေအတွက် ပိတ်ပတ်တီးနဲ့ adhesive tape – အသေးစားအပူလောင်ဒဏ်ရာမျိုးရခဲ့မယ်ဆိုရင် နေအိမ်မှာပဲ ပိတ်နဲ့လုပ် ထားတဲ့ပတ်တီး၊adhesive tape တွေကိုသုံးပြီးအနာကို ထိန်းသိမ်းပေးလို့ရပါတယ်။ ပိုးသတ်ထားတဲ့ ပိတ်ပတ်တီးစကို သန့်စင်ထားတဲ့ အပူလောင်ဒဏ်ရာပေါ်ကို ခပ်ဖွဖွလေးအုပ်ပေးပြီး အပေါ်ကနေ adhesive tape ကိုထပ်ပတ်ပေးလိုက်ပါ။

ဆီပူလောင်၊ ရေနွေးပူလောင်ဒဏ်ရာတွေအတွက် moleskin type bandage – ဆီပူ၊ရေနွေးပူလောင်တာကြောင့် ဖြစ်တဲ့ရေကြည်ဖုတွေပေါက်ထွက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အလယ်မှာ အဝိုင်းပုံစံလေးပါပြီး အဝိုင်းရာတည့်တည့်လေးမှာ အပူလောင်ဖုကိုထားပြီးကပ်ရမှာပါ။ အပူလောင်တာကြောင့်ဖြစ်တဲ့ရေကြည်ဖုကို မတေ်ာတဆပွတ်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒီပလာစတာက အနာပိုးမဝင်အောင်မကာကွယ်ပေးနိုင်တာကြောင့် အပေါ်ကနေ ပုံမှန်ကပ်နေကျ ပလာစတာတစ်ခု ထပ်ကပ်ပေးထားဖို့တော့လိုပါမယ်။
ပြင်းထန်တဲ့ဒဏ်ရာတွေအတွက် ပတ်တီးသုံးမယ်

pressure bandage – ပြင်းထန်တဲ့ ပြတ်ရှဒဏ်ရာတွေ ထိခိုက်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံးကတော့ pressure bandage ပါပဲ။ ဒီပတ်တီးမှာ အနာပေါ်ကို အုပ်ထားပေးရမယ့်အပိုင်းနဲ့ ပတ်တီးစည်းလို့လွယ်အောင်လုပ်ထားပေးတဲ့ အပိုင်းလည်းပါဝင်ပါတယ်။ ဒဏ်ရာကြီးတွေက ပိုးမဝင်စေအောင်ကာကွယ်ပေးပြီး  အနာကျက်အောင်လည်း အထောက်အပံ့ပေးပါတယ်။ ဒဏ်ရာကနေ သွေးအရမ်းမထွက်စေဖို့အတွက် အသင့်တော်ဆုံးပါ။

triangle bandage – အရိုးကျိုးသွားတဲ့အခါ နေသားတကျ အရိုးပြန်ဆက်စေဖို့ နဲ့ အဆစ်လွဲသွားတာမျိုးတွေအတွက် အသုံးပြုပေးနိုင်တဲ့ ပတ်တီးတစ်မျိုးပါ။ တြိဂံပုံစံခေါက်လို့ရတဲ့ ပတ်တီးမျိုးပါ။ လည်ပင်းမှာသိုင်းပြီး ထိခိုက်မိထားတဲ့ လက်ကို ပတ်တီးသိုင်းထားတဲ့အထဲမှာထည့်ရမှာပါ။ အရိုးတွေကို နေသားတကျဖြစ်စေဖို့ အထောက်အပံ့ပေးပါတယ်။

gauze roll – second degree burn တွေအတွက်အသုံးပြုလို့ရပါတယ်။ second degree burn ပေါ်မှာ ပတ်တီးစလေးကိုအုပ်ပေးပါ။ နာကျင်နီရဲရောင်ရမ်းနေတဲ့ အနာပေါ်မှာ ပိတ်သားပတ်တီးစလေးကိုအုပ်ပေးပြီး အပေါ်ကနေ gauze roll ကိုအသုံးပြုပေးရပါမယ်။ gauze roll က သွေးလည်ပတ်မှုကို ပြတ်တောက်စေတာမျိုးမရှိသလို အနာပိုးဝင်စေတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အနာကို နာကျင်ရောင်ရမ်းတာမျိုးမဖြစ်အောင်နဲ့ အနာကျက်အောင်ပါအထောက်အပံ့ပေးပါသေးတယ်။

tensor bandage – နက်လွန်းတဲ့ ပြတ်ရှဒဏ်ရာတွေ နဲ့ အကြီးစားမတော်တဆထိခိုက်မှုတွေအတွက် အသုံးပြုရတဲ့ ပတ်တီးမျိုးပါ။ ထူထဲပြီး ကျုံ့နိုင်ဆန့်နိုင်တာကြောင့် သွေးထွက်များတာမျိုးအတွက် အသုံးဝင်တဲ့ ပတ်တီးမျိုးပါ။ ဒဏ်ရာအရမ်းနက်ပြီး သွေးတအားထွက်နေတဲ့အခါမျိုးမှာ အနာပေါ်ကို ပိတ်သားပတ်တီးစလေးအုပ်ပေးပြီး အပေါ်က tensor bandage အသုံးပြုပေးရပါမယ်။ ပြီးရင်တော့ ဒဏ်ရာရ ထားတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းကို နှလုံးအထက်နားထိရောက်အောင်မြှောက်ထားပေးရပါမယ်။ သွေးထွက်နည်းသွားစေဖို့အတွက်ပါ။ သွေးတိတ်စေဖို့အတွက်လည်း tensor bandage ကလုပ်ဆောင်ပေးပါတယ်။

အခုလောက်ဆိုရင် ဒဏ်ရာအနေအထား၊ ထိခိုက်မိတဲ့နေရာပေါ်မှာလိုက်ပြီး ပလာစတာတွေ၊ပတ်တီးတွေကို အသုံးပြုရတာချင်းမတူဘူးဆိုတာကို သိလောက်ပြီထင်ပါတယ်။ အားလုံးအတွက် အသုံးတည့်ပါစေကြောင်း။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top