iMyanmarHouse.com - Best Property Website for Myanmar
×








အသည်း ကို ဆေးပေး




အသားအရ ကြည်လင်လှပ


အရိုးကို သန်မာစေ










Credit : MyFood

မုန်လာဥနီ က ရာသီမရွေး စားသုံးလို့ရပြီး ဈေးလည်းသက်သာပါတယ်။ ဈေးသက်သာပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါဘဲ။

မုန်လာဥနီ ဖျော်ရည် ရဲ့ အကျိုးကျေးဇူး

ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေး

မုန်လာဥနီ မှာ ဗီတာမင်ဓာတ် တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ့်ခံစနစ် ကို မြှင့်တင်ပေးပါတယ်။

ဗီတာမင်အေ က အရေပြားမှာရှိတဲ့ ဆဲလ်တွေနဲ့ Mucosal Membranes တွေကို ထိန်းညှိပေးပြီး သွေးဖြူဥ ဆဲလ်တွေကို ဖွံ့ဖြိုးစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင်အေ က ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့ ဆဲလ် တွေကို ထိန်းညှိပေးပါတယ်။

ဗီတာမင်စီ က သွေးဖြူဥ ဆဲလ် တွေကို ထုတ်လုပ်ပေးပြီး မပျက်စီးအောင်ကူညီပေးပါတယ်။

အဲ့ဒီအပြင် သွေးဖြူဥ ဆဲလ် တွေကို ထုတ်လုပ်ပေးပြီး ရောင်ရမ်းတာတွေ လျော့ချပေးတဲ့ ဇန့်၊ သံဓာတ် နဲ့ ကော့ပါးဓာတ်တွေ ပါဝင်ပါတယ်။

အသည်း ကို ဆေးပေး

မုန်လာဥနီ မှာပါဝင်တဲ့ အမျှင်ဓာတ် တွေက အသည်း မှာရှိတဲ့ အဆိပ်အတောက် တွေကို ဖယ်ရှားပေးပြီး အသည်း နဲ့ပတ်သက်တဲ့ ရောဂါတွေအတွက်ကောင်းပါတယ်။

ကိုလက်စထရော နဲ့ သွေးအတွင်း သကြားဓာတ် ကို ထိန်းသိမ်းပေး

မုန်လာဥနီမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး သွေးအတွင်းသကြားဓာတ်မြင့်မားမှုကို လျှော့ချပေးနိုင်ပါတယ်။

အသားအရ ကြည်လင်လှပ

မုန်လာဥနီ မှာပါဝင်တဲ့ Antioxidant ဓာတ်တစ်မျိုးဖြစ်တဲ့ Beta-Carotene ဓာတ်က ခန္ဓာကိုယ်အတွင်းရှိ Free Radicals နဲ့ အဆီ တွေကို ဖယ်ရှားပေးပါတယ်။ အိုမင်းရင့်ရော်မငတွေနဲ့ နေလောင်ဒဏ်တွေကို ကုသပေးပါတယ်။

အရိုးကို သန်မာစေ

မုန်လာဥနီ မှာ ဗီတာမင် K၊ ဗီတာမင် D နဲ့ကယ်ဆီယမ်ဓာတ်တို့ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးသိပ်သည်းအားကို ကောင်းစေပြီး အရိုးကျိုးသူများအတွက်လည်း အရိုးပြန်ဆက်ရလွယ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေ

မုန်လာဥနီမှာ ဗီတာမင်ဘီတွေဖြစ်တဲ့ Thiamin, Riboflavin, Niacin, Vitamin B6, Folate ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

အဲ့ဒီဓာတ်တွေက ခန္ဓာကိုယ် အတွင်းက သိုလောင်ထားတဲ့ အဆီဓာတ်တွေ၊ ပရိုတင်း နဲ့ကာဗိုဟိုက်ဒရိုတ်တွေကို ဖြိုခွဲပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

ခံတွင်း ကျန်းမာရေး အတွက်ကောင်းမွန်

မုန်လာဥနီ မှာ သွားပိုးပေါက်တွေကို ကာကွယ်ပေးပြီး ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။

ကင်ဆာ ရောဂါ ကို ကာကွယ်ပေး

မုန်လာဥနီမှာ Beta-Carotene ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး၊ Carcinogen-Metabolizing အင်ဇိုင်းတွေကြောင့် ကင်ဆာ ဆဲလ်တွေကို သေစေနိုင်ပါတယ်။

မုန်လာဥနီ ဖျော်ရည် သို့မဟုတ် မုန်လာဥနီကို နေ့တိုင်းစားရင် အဆုတ်ကင်ဆာ၊ ဆီးကျိတ်နဲ့ သွေးကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top