iMyanmarHouse.com - Best Property Website for Myanmar
×


သံလွင်ဆီ


ပဲနို့


ဗီတာမင်


လေ့ကျင့်ခန်းလုပ်ပါ


Credit:Mystyle



#Unicode Version#
အမျိုးသမီးတွေမှာ ဆွဲဆောင်မှုအရှိဆုံးအရာက ခန္ဓာကိုယ်အချိုးအစားဖြစ်ပါတယ်။ ရှိသင့်တဲ့နေရာမှာရှိပြီး အချိုးအစား လှပနေမယ်ဆိုရင် သင့်ကို ပိုပြီးယုံကြည်မှုရှိစေသလို ဆွဲဆောင်မှုရှိစေပါတယ်။ အမျိုးသမီးတို့ရဲ့ အလှလို့ဆိုလိုက်ရင် ရင်သားနဲ့ တင်သားအလှကလည်း တစ်ခုအပါအဝင်ပါပဲ။ အဲဒီအလှတရားတွေကတော့ သင့်ရဲ့ မျိုးရိုး၊ ဟော်မုန်း၊ ကိုယ်အလေးချိန်နဲ့လည်း သက်ဆိုင်ပါတယ်။ ဒီတခါပြောပြမှာကတော့ သင့်ကို အကိတ်လိုဖြစ်စေမယ့် နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ သံလွင်ဆီမှာ Phytoestrogen ပါဝင်ပြီး သင့်ရင်သားကို သဘာဝအတိုင်း ကြီးထွားလာစေပါတယ်။ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် ရေမချိုးခင် ရင်သားမှာ လိမ်းပေးရင် ရင်သားကို သဘာဝအတိုင်း ကြီးထွားစေလာမှာပါ။

ပဲနို့

ပဲနို့ကလည်း သင့်ကို သဘာဝအတိုင်း အကိတ်ဖြစ်စေမှာပါ။ ပဲနို့ တစ်နေ့ကို ၁ ခွက် (သို့) ၂ ခွက်သောက်ပေးပါ။

ဗီတာမင်

ဗီတာမင်ဓာတ်တွေပါတဲ့ အစားအစာတွေကို စားပေးပါ။ ဗီတာမင်ဟာလည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို ရင်သားကိုလည်း ရေဓာတ်ပြည့်ဝစေပါတယ်။ ကိုလက်စထရော ပမာဏကို ပုံမှန်ဖြစ်စေသလို ဟော်မုန်းကိုလည်း မျှတစေပြီး ဘေးထွက်ဆိုးကျိုးမရှိဘဲ သင့်ကို အကိတ်ဖြစ်စေမှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

ရင်သားကို အကိတ်ဖြစ်စေတဲ့လေ့ကျင့်ခန်း၊ တင်သားကို အကိတ်ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးပါ။ ရင်သားအတွက်ဆိုရင် ဒိုက်ထိုးတာ၊ Chest တွန်းတာတို့လုပ်ပေးနိုင်ပါတယ်။ တင်သားအတွက်ဆိုရင် ထိုင်ထလုပ်တာ မျိုးလုပ်နိုင်ပါတယ်။

Credit:Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top