iMyanmarHouse.com - Best Property Website for Myanmar
×

ဘီယာဟာ ကမာၻမွာ သက္တမ္းအၾကာဆံုး လူႀကိဳက္အမ်ားဆံုး အေဖ်ာ္ယမကာတစ္ခု ျဖစ္ပါတယ္။ ဘီယာခ်က္လုပ္ရာမွာ အဓိကပါ၀င္တဲ့ ပစၥည္းေတြဟာ အဟာရဓာတ္ေတြ မ်ားစြာပါ၀င္တဲ့အတြက္ ဘီယာမွာ က်န္းမာေရးကို အေထာက္အကူျဖစ္ေစႏိုင္တဲ့ အက်ိဳးအာနိသင္ေတြ ရွိေနပါတယ္။ ဒါဆို ဘီယာေသာက္တိုင္း က်န္းမာမွာလား။ ဒါေတာ့ အာမမခံႏိုင္ပါဘူး။ ဘီယာေသာက္ျခင္းရဲ႕ ေကာင္းက်ိဳး ဆိုးက်ိဳးေတြကို သိထားရင္ေတာ့ အေကာင္းဆံုးပါပဲ။

ဘီယာ၏ ေကာင္းက်ိဳးမ်ား
ဘီယာဟာ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြရဲ႕ ရင္းျမစ္တစ္ခုျဖစ္ပါတယ္။
ဟုတ္ပါတယ္။ ဘီယာမွာ ဗီတာမင္ ဘီ အုပ္စုနဲ႔ မဂၢနီဆီယမ္ဓာတ္ေတြ အမ်ားႀကီးပါ၀င္ပါတယ္။ ဘီယာခ်က္လုပ္ရာမွာ ပါ၀င္တဲ့ ဘာလီေစ့ကလည္း ဓာတ္တိုးဆန္႔က်င္တဲ့ အက်ိဳးအာနိသင္ရွိတဲ့ ပစၥည္းတစ္ခု ျဖစ္ပါတယ္။

ႏွလံုးေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္
အယ္ကိုေဟာကို ေဆးျဖစ္၀ါးျဖစ္မွီ၀ဲမယ္ဆိုရင္ ႏွလံုးနဲ႔ပတ္သက္တဲ့ ေရာဂါေတြကို ကာကြယ္ေပးႏိုင္တာကို သိၿပီးသား ျဖစ္မွာပါ။ ဘီယာကို ပံုမွန္ေရခိ်န္နဲ႔ေသာက္သံုးသူေတြဟာ လံုး၀မေသာက္သံုးသူ၊ အလြန္အကၽြံေသာက္သံုးသူေတြထက္ ႏွလံုးေရာဂါျဖစ္ပြားမႈႏႈန္း နည္းပါးတာကို ေလ့လာေတြ႕ရွိၿပီး ျဖစ္ပါတယ္။

ကိုလက္စထေရာဓာတ္ကို ခ်ိန္ညွိေပးႏုိင္တယ္
အယ္ကိုေဟာဓာတ္ကို မယုတ္မလြန္မွီ၀ဲမယ္ဆိုရင္ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳ ကိုလက္စထေရာဓာတ္ျဖစ္တဲ့ HDL Cholesterol ကို တိုးပြားေစပါတယ္။ ဘီယာကို အတန္အသင့္ေသာက္သံုးျခင္းကလည္း ခႏၶာကိုယ္အတြက္ ေဘးျဖစ္ေစတဲ့ LDL Cholesterol ကို ေလ်ာ့နည္းေစၿပီး HDL Cholesterol ကို တိုးတက္ေစပါတယ္။

ဆီးေက်ာက္တည္ျခင္းကို ကာကြယ္ႏိုင္တယ္
ဘီယာေသာက္သံုးျခင္းဟာ ဆီးေက်ာက္တည္ျခင္းျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

X Rays ဓာတ္ေရာင္ျခည္သင့္မႈကို ကာကြယ္ႏိုင္တယ္
ဘီယာေသာက္သံုးျခင္းဟာ X Rays နဲ႔ အျခားဓာတ္ေရာင္ျခည္ေၾကာင့္ ခႏၶာကိုယ္အတြင္း ထိခိုက္ပ်က္စီးမႈေတြကို ကာကြယ္ေလ်ာ့နည္းေစတယ္လို႔ ဂ်ပန္သုေသသနပညာရွင္ေတြက ေဖာ္ထုတ္ခဲ့ပါတယ္။

ဘီယာ၏ ဆိုးက်ိဳးမ်ား
အခုေဖာ္ျပမယ့္ ဘီယာေသာက္ျခင္းရဲ႕ ဆိုးက်ိဳးေတြကေတာ့ တစ္ေန႔ကို ဘီယာႏွစ္ခြက္နဲ႔ အထက္ေသာက္သံုးတတ္သူေတြမွာ ျဖစ္တတ္တဲ့ ဆိုးက်ိဳးေတြျဖစ္ပါတယ္။

ဘီယာ ဗိုက္ထြက္လာျခင္း
ဘီယာကို အလြန္အကၽြံေသာက္သံုးတတ္တဲ့ အမ်ိဳးသားေတြမွာ ၀မ္းဗိုက္ဆူျဖိဳးၿပီး ဘီယာဗိုက္ထြက္လာတတ္ပါတယ္။ အတန္အသင့္ေသာက္သံုးျခင္းကေတာ့ အ၀လြန္ျခင္းကို မျဖစ္ေစပါဘူး။

ေလခ်ဥ္တက္ျခင္း
ဘီယာဟာ အစာေခ်ရည္ထြက္ျခင္းကို လႈံ႔ေဆာ္ေပးႏိုင္တဲ့ ပစၥည္းေတြ ပါ၀င္တာေၾကာင့္ ေလခ်ဥ္တက္ျခင္းနဲ႔ ရင္ပူျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။

ေသြးတက္ျခင္း
ေန႔စဥ္ ဘီယာေသာက္သံုးျခင္းဟာ ေသြးဖိအားကို တိုးလာေစႏိုင္ပါတယ္။

မူးယစ္ျခင္း
ဘီယာမွာ အယ္ကိုေဟာဓာတ္ပါ၀င္တာေၾကာင့္ အလြန္အကၽြံေသာက္ရင္ မူးလာမွာျဖစ္ပါတယ္။ ဒီလိုမူးယစ္လာၿပီဆိုရင္ ယာဥ္တိုက္မႈနဲ႔ အျခားမေတာ္တဆမႈေတြ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။

ေသြးၾကြရမ္းကားျခင္း
ဘီယာအရွိန္ေလးတက္လာၿပီး မူးယစ္လာၿပီးဆိုရင္ တစ္ခ်ိဳ႕ေတြက ရမ္းကားတတ္လာပါတယ္။ သူတို႔မ်က္လံုးထဲမွာ ဘယ္သူ႔ကိုမဆို အႏိုင္ယူႏိုင္မယ္လို႔ ထင္ေနတတ္ပါတယ္။ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္မလာေအာင္ ထိန္းသိမ္းႏိုင္တာ အေကာင္းဆံုးပါပဲ။

ေရဓာတ္ခမ္းေျခာက္ျခင္း
သင္ ေသာက္သံုးလိုက္တဲ့ ဘီယာရဲ႕ (၁၀)ရာခိုင္ႏႈန္းေလာက္ကပဲ ဆီးျပန္သြားပါတယ္။ က်န္တဲ့ (၉၀)ရာခိုင္ႏႈန္းကို ခႏၶာကိုယ္ကေန ရွင္းထုတ္ဖို႔အတြက္ အသည္းက ေရဓာတ္ကို ပိုမိုလိုအပ္ပါတယ္။ ဒီအခါမွာ ဦးေႏွာက္အပါအ၀င္ ခႏၶာကိုယ္ရဲ႕အျခားကိုယ္အဂၤါအစိတ္အပိုင္းေတြမွာ ရွိတဲ့ ေရဓာတ္ကို ယူၿပီး သန္႔စင္မႈလုပ္ပါတယ္။ ဒါ့ေၾကာင့္ ေခါင္းကိုက္တတ္တာျဖစ္ပါတယ္။ ဘီယာတစ္ခြက္နဲ႔တစ္ခြက္ၾကားမွာ ေရတစ္ခြက္ေသာက္ေပးရင္ ဒီလိုမျဖစ္ေအာင္ ကူညီႏိုင္ပါတယ္။

အရက္နာက်ျခင္း
ညဖက္မွာ အလြန္အကၽြံေသာက္သံုးမိရင္ မနက္က်ရင္ ခံရမွာ ျဖစ္ပါတယ္။ ေခါင္းအံုတာ၊ ေခါင္းကိုက္တာ၊ ခံတြင္းပ်က္တာ စတာေတြ ၾကံဳေတြ႕ရမွာပါ။
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဘီယာဟာ ကမ္ဘာမှာ သက်တမ်းအကြာဆုံး လူကြိုက်အများဆုံး အဖျော်ယမကာတစ်ခု ဖြစ်ပါတယ်။ ဘီယာချက်လုပ်ရာမှာ အဓိကပါဝင်တဲ့ ပစ္စည်းတွေဟာ အဟာရဓာတ်တွေ များစွာပါဝင်တဲ့အတွက် ဘီယာမှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တဲ့ အကျိုးအာနိသင်တွေ ရှိနေပါတယ်။ ဒါဆို ဘီယာသောက်တိုင်း ကျန်းမာမှာလား။ ဒါတော့ အာမမခံနိုင်ပါဘူး။ ဘီယာသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိထားရင်တော့ အကောင်းဆုံးပါပဲ။

ဘီယာ၏ ကောင်းကျိုးများ
ဘီယာဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဘီယာမှာ ဗီတာမင် ဘီ အုပ်စုနဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဘီယာချက်လုပ်ရာမှာ ပါဝင်တဲ့ ဘာလီစေ့ကလည်း ဓာတ်တိုးဆန့်ကျင်တဲ့ အကျိုးအာနိသင်ရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တယ်
အယ်ကိုဟောကို ဆေးဖြစ်ဝါးဖြစ်မှီဝဲမယ်ဆိုရင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တာကို သိပြီးသား ဖြစ်မှာပါ။ ဘီယာကို ပုံမှန်ရေချိန်နဲ့သောက်သုံးသူတွေဟာ လုံးဝမသောက်သုံးသူ၊ အလွန်အကျွံသောက်သုံးသူတွေထက် နှလုံးရောဂါဖြစ်ပွားမှုနှုန်း နည်းပါးတာကို လေ့လာတွေ့ရှိပြီး ဖြစ်ပါတယ်။

ကိုလက်စထရောဓာတ်ကို ချိန်ညှိပေးနိုင်တယ်
အယ်ကိုဟောဓာတ်ကို မယုတ်မလွန်မှီဝဲမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးပြု ကိုလက်စထရောဓာတ်ဖြစ်တဲ့ HDL Cholesterol ကို တိုးပွားစေပါတယ်။ ဘီယာကို အတန်အသင့်သောက်သုံးခြင်းကလည်း ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေတဲ့ LDL Cholesterol ကို လျော့နည်းစေပြီး HDL Cholesterol ကို တိုးတက်စေပါတယ်။

ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်တယ်
ဘီယာသောက်သုံးခြင်းဟာ ဆီးကျောက်တည်ခြင်းဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

X Rays ဓာတ်ရောင်ခြည်သင့်မှုကို ကာကွယ်နိုင်တယ်
ဘီယာသောက်သုံးခြင်းဟာ X Rays နဲ့ အခြားဓာတ်ရောင်ခြည်ကြောင့် ခန္ဓာကိုယ်အတွင်း ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်လျော့နည်းစေတယ်လို့ ဂျပန်သုသေသနပညာရှင်တွေက ဖော်ထုတ်ခဲ့ပါတယ်။

ဘီယာ၏ ဆိုးကျိုးများ
အခုဖော်ပြမယ့် ဘီယာသောက်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ တစ်နေ့ကို ဘီယာနှစ်ခွက်နဲ့ အထက်သောက်သုံးတတ်သူတွေမှာ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။

ဘီယာ ဗိုက်ထွက်လာခြင်း
ဘီယာကို အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဝမ်းဗိုက်ဆူဖြိုးပြီး ဘီယာဗိုက်ထွက်လာတတ်ပါတယ်။ အတန်အသင့်သောက်သုံးခြင်းကတော့ အဝလွန်ခြင်းကို မဖြစ်စေပါဘူး။

လေချဉ်တက်ခြင်း
ဘီယာဟာ အစာချေရည်ထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် လေချဉ်တက်ခြင်းနဲ့ ရင်ပူခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

သွေးတက်ခြင်း
နေ့စဉ် ဘီယာသောက်သုံးခြင်းဟာ သွေးဖိအားကို တိုးလာစေနိုင်ပါတယ်။

မူးယစ်ခြင်း
ဘီယာမှာ အယ်ကိုဟောဓာတ်ပါဝင်တာကြောင့် အလွန်အကျွံသောက်ရင် မူးလာမှာဖြစ်ပါတယ်။ ဒီလိုမူးယစ်လာပြီဆိုရင် ယာဉ်တိုက်မှုနဲ့ အခြားမတော်တဆမှုတွေ အများကြီးဖြစ်နိုင်ပါတယ်။

သွေးကြွရမ်းကားခြင်း
ဘီယာအရှိန်လေးတက်လာပြီး မူးယစ်လာပြီးဆိုရင် တစ်ချို့တွေက ရမ်းကားတတ်လာပါတယ်။ သူတို့မျက်လုံးထဲမှာ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်မယ်လို့ ထင်နေတတ်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာအောင် ထိန်းသိမ်းနိုင်တာ အကောင်းဆုံးပါပဲ။

ရေဓာတ်ခမ်းခြောက်ခြင်း
သင် သောက်သုံးလိုက်တဲ့ ဘီယာရဲ့ (၁၀)ရာခိုင်နှုန်းလောက်ကပဲ ဆီးပြန်သွားပါတယ်။ ကျန်တဲ့ (၉၀)ရာခိုင်နှုန်းကို ခန္ဓာကိုယ်ကနေ ရှင်းထုတ်ဖို့အတွက် အသည်းက ရေဓာတ်ကို ပိုမိုလိုအပ်ပါတယ်။ ဒီအခါမှာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ရှိတဲ့ ရေဓာတ်ကို ယူပြီး သန့်စင်မှုလုပ်ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်တတ်တာဖြစ်ပါတယ်။ ဘီယာတစ်ခွက်နဲ့တစ်ခွက်ကြားမှာ ရေတစ်ခွက်သောက်ပေးရင် ဒီလိုမဖြစ်အောင် ကူညီနိုင်ပါတယ်။

အရက်နာကျခြင်း
ညဖက်မှာ အလွန်အကျွံသောက်သုံးမိရင် မနက်ကျရင် ခံရမှာ ဖြစ်ပါတယ်။ ခေါင်းအုံတာ၊ ခေါင်းကိုက်တာ၊ ခံတွင်းပျက်တာ စတာတွေ ကြုံတွေ့ရမှာပါ။
Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top