iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူျဖစ္ေနေစဦးေတာ့။ တစ္ဦးနဲ႔တစ္ဦး အဆင္မေျပ၊ ျငင္းခုန္ရန္ျဖစ္ရတာ၊ ဘာမဟုတ္တာေလးေတြနဲ႔ သေဘာထားမတိုက္ဆိုင္မႈကိစၥေတြ ခဏခဏ ေျဖရွင္းရတယ္ဆုိရင္ သင္ဟာ သင့္အခ်စ္ေရးကို စိတ္ကုန္လာမွာပါ။

အဲ့ဒီလိုမွ မဟုတ္ပဲ သင့္အခ်စ္ေရးအတြက္ သင္ဟာ သူ႕ကိုသာ အဆံုးထိ လက္တြဲဖုိ႔ေတာင္ ေသခ်ာေနၿပီဆုိရင္ေတာ့ ဒီလိုအခ်က္ကေလးေတြေၾကာင့္ ျဖစ္ပါလိမ့္မယ္။

၁။ နွစ္ဦးသားအႀကိဳက္တူတာေလးေတြ ေ၀မွ်တတ္ၾကတယ္။

ကိုယ္၀ါသနာပါတဲ့ အားကစား၊ ကုိယ္ႀကိဳက္တဲ့သီခ်င္းအမ်ိဳးအစား၊ ကိုယ္ဖတ္တဲ့စာအုပ္မ်ိဳးစတာေတြကို သူနဲ႔အတူ အၿမဲေ၀မွ်တတ္တယ္။ သူ႕အႀကိဳက္ကိုလည္း ကိုယ္ကအေလးထားတတ္တယ္ဆုိရင္ ဒါဟာေရရွည္သြားမယ့္အတြဲေတြရဲ႕ ပံုစံပါပဲ။

၂။ သူႀကိဳက္တာေတြ ကိုယ္လိုက္မႀကိဳက္ႏိုင္လည္း ကိစၥမရွိဘူး။

ကိုယ္ႀကိဳက္တာ သူမႀကိဳက္လုိ႔ သူကေရာ၊ သင္ကပါ စိတ္ဆိုးတာမ်ိဳးေတြ မရွိဘူး။ ျပသနာမျဖစ္ဘူး။ လက္ခံနားလည္ေပးတတ္တာမ်ိဳးကလည္း ႏွစ္ဦးသားၿမဲေစမယ့္ အခ်က္ပါပဲ။

၃။ ဘယ္သူ႕ကိုမွ မေျပာဖူးတဲ့ သင့္လွ်ိဳ႕၀ွက္ခ်က္ေတြ သူ႕ကိုေျပာျပတတ္တယ္။

အရင္တုန္းက ထားခဲ့၊ တြဲခဲ့ဖူးတဲ့ ခ်စ္သူရည္းစားေတြကို သင္တစ္ခါမွ မေျပာျပျဖစ္ခဲ့တဲ့ သင့္ကိုယ္ေရးကိုယ္တာ ကိစၥေတြကို သူကို အကုန္ဖြင့္ဟျဖစ္တယ္ဆုိတာ သူ႕ကိုသင္ဘယ္ေလာက္ယံုၾကည္ေနတယ္ဆုိတာ ျပသလိုက္တာပါပဲ။

၄။ အခ်ိန္တုိင္းလိုလို သူ႕လက္ကလည္း ကိုယ့္ဆီမွာ၊ ကိုယ္လက္ကလည္း သူ႕ဆီမွာ ျဖစ္တတ္တဲ့အထိပဲ။

အထိအေတြ႕ဟာ အေရးမႀကီးဘူးဆိုေပမယ့္ သူ႕ပခံုးေလးကိုင္ထားတာ၊ သူက ကုိယ့္ပါးေလး လာဆြဲတာမ်ိဳးေတြဟာ သမီးရည္းစားေတြရဲ႕ ခ်စ္ျခင္းသေကၤတေတြပါ။ မရွိလုိ႔ ဘယ္ျဖစ္မလဲ။

၅။ စိတ္လႈပ္ရွားစရာ၊ ေပ်ာ္ရႊင္စရာ ဘယ္ကိစၥမဆို သူနဲ႔အတူပဲ ျဖတ္သန္းခ်င္တယ္၊ ရင္ဆုိင္ခ်င္တယ္။

ခရီးတစ္ခုခုသြားတာမ်ိဳး၊ စိတ္လႈပ္ရွားစရာ အခိုက္အတန္႔အားလံုးသူနဲ႔အတူ ကုန္ဆံုးခ်င္တာမ်ိဳး စတာေတြဟာ သူနဲ႔အတူ အသက္ႀကီးတဲ့အထိ ဒီလိုအရာေတြနဲ႔ ကုန္ဆံုးဖုိ႔ ရည္ရြယ္ထားလို႔ေပါ့။

၆။ ရန္ျဖစ္လုိက္ရင္လည္း ေသခ်ာညႈိႏႈိင္းျခင္းနဲ႔သာ အဆံုးသတ္ၾကတယ္။

ခ်စ္သူႏွစ္ဦး ရန္ျဖစ္တယ္ဆုိရင္လည္း အႏိုင္၊ အရႈံးတစ္ဦးနဲ႔တစ္ဦး ဖဲ့ဖုိ႔၊ ေျပာဆိုဖုိ႔ထက္ ညႈိႏႈိင္းၿပီးေရွ႕႔ဆက္ဖုိ႔သာ ဦးတည္ၾကတယ္ဆိုရင္ ဒါဟာ အတြဲဆယ္တြဲမွာ တစ္တြဲေလာက္သာ လုပ္ႏိုင္တဲ့အလုပ္ကို သင္တုိ႔လုပ္လိုက္တာပါပဲ။

၇။ တစ္ဦးမိသားစုကို တစ္ဦးက ခ်စ္ျမတ္ႏိုးၾကတယ္။

သာမာန္အားျဖင့္ ခ်စ္သူကို ခ်စ္တယ္ဆုိရင္ေတာင္ သူ႕မိသားစု၀င္ေတြကိုပါ ေမတၱာမထားတတ္ၾကပါဘူး။ ဒီလိုမွမဟုတ္ပဲ သင္တုိ႔ႏွစ္ဦးဟာ တစ္ဦးရဲ႕မိသားစု၀င္ေတြကိုေတာင္ တစ္ဦးက ခ်စ္ခင္တယ္၊ ႏွစ္လိုတယ္ဆုိရင္ ဒါဟာ ဘယ္ေတာ့မွ မျပတ္ႏိုင္ေတာ့တဲ့ အတြဲတစ္တြဲျဖစ္လာမွာပါ။

၈။ တစ္ဦးရဲ႕သူငယ္ခ်င္းကို တစ္ဦးက ခင္ၾကတယ္။

ကိုယ့္သူငယ္ခ်င္း၊ သူ႕သူငယ္ခ်င္းေတြနဲ႔ပါ ႏွစ္ဦးစလံုးအဆင္ေျပဖုိ႔ဆိုတာ သိပ္မလြယ္ကူပါဘူး။ ဒီလိုမဟုတ္ဘဲ အားလံုးနဲ႔ အဆင္ေျပခင္မင္ေနၿပီဆုိရင္ေတာ့ ဒါဟာ သင္တို႔အတြဲအတြက္ ေကာင္းမြန္တဲ့ အနာဂတ္ရွိေနၿပီဆိုတာ ေသခ်ာေစတာပါပဲ။

၉။ ေရရွည္အတြက္ စိတ္ကူး၊ စဥ္းစားဆံုးျဖတ္ခ်က္ေတြ တူညီၾကတယ္။

ဘယ္အခ်ိန္ဘယ္လိုေလး၊ ဘာလုပ္ၾကမယ္၊ ဘာေတြစီစဥ္ၾကမယ္ဆိုတဲ့ အၾကမ္းဖ်င္းစီမံခ်က္ေတြ တူညီေနၾကတယ္ဆိုတာ ႏွစ္ဦးစလံုး တစ္ဦးနဲ႔တစ္ဦး ဘယ္ေတာ့မွ မခြဲဘူးဆိုတာ သက္ေသျပတာပဲေပါ့။

၁၀။ တစ္ဦးကဘာေျပာမလဲဆိုတာ တစ္ဦးကႀကိဳသိေနတတ္ၾကတယ္။

တစ္ခါတစ္ေလ သူေျပာမယ့္စကားကို သူ႕ဘာသာသူ ျပန္စဥ္းစားေနရခ်ိန္ ကိုယ္က၀င္ၿပီး အဆံုးသတ္ေပးလိုက္တာမ်ိဳး ႀကံဳဖူးပါသလား။ သူေျပာမယ့္အရာကိုေတာင္ ကိုယ္က ႀကိဳသိ၊ ႀကိဳေတြးတတ္ေနျခင္းဟာ သင္တုိ႔ႏွစ္ေယာက္ရဲ႕စိတ္ ဘယ္ေလာက္နီးစပ္ေနသလဲဆိုတာ ျပသေနတာပါ။

Credit: loveshop
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူဖြစ်နေစေဦးတော့။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ၊ ငြင်းခုန်ရန်ဖြစ်ရတာ၊ ဘာမဟုတ်တာလေးတွေနဲ့ သဘောထားမတိုက်ဆိုင်မှုကိစ္စတွေ ခဏခဏ ဖြေရှင်းရတယ်ဆိုရင် သင်ဟာ သင့်အချစ်ရေးကို စိတ်ကုန်လာမှာပါ။

အဲ့ဒီလိုမှ မဟုတ်ပဲ သင့်အချစ်ရေးအတွက် သင်ဟာ သူ့ကိုသာ အဆုံးထိ လက်တွဲဖို့တောင် သေချာနေပြီဆိုရင်တော့ ဒီလိုအချက်ကလေးတွေကြောင့် ဖြစ်ပါလိမ့်မယ်။

၁။ နှစ်ဦးသားအကြိုက်တူတာလေးတွေ ဝေမျှတတ်ကြတယ်။

ကိုယ်ဝါသနာပါတဲ့ အားကစား၊ ကိုယ်ကြိုက်တဲ့သီချင်းအမျိုးအစား၊ ကိုယ်ဖတ်တဲ့စာအုပ်မျိုးစတာတွေကို သူနဲ့အတူ အမြဲဝေမျှတတ်တယ်။ သူ့အကြိုက်ကိုလည်း ကိုယ်ကအလေးထားတတ်တယ်ဆိုရင် ဒါဟာရေရှည်သွားမယ့်အတွဲတွေရဲ့ ပုံစံပါပဲ။

၂။ သူကြိုက်တာတွေ ကိုယ်လိုက်မကြိုက်နိုင်လည်း ကိစ္စမရှိဘူး။

ကိုယ်ကြိုက်တာ သူမကြိုက်လို့ သူကရော၊ သင်ကပါ စိတ်ဆိုးတာမျိုးတွေ မရှိဘူး။ ပြသနာမဖြစ်ဘူး။ လက်ခံနားလည်ပေးတတ်တာမျိုးကလည်း နှစ်ဦးသားမြဲစေမယ့် အချက်ပါပဲ။

၃။ ဘယ်သူ့ကိုမှ မပြောဖူးတဲ့ သင့်လျှို့ဝှက်ချက်တွေ သူ့ကိုပြောပြတတ်တယ်။

အရင်တုန်းက ထားခဲ့၊ တွဲခဲ့ဖူးတဲ့ ချစ်သူရည်းစားတွေကို သင်တစ်ခါမှ မပြောပြဖြစ်ခဲ့တဲ့ သင့်ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သူကို အကုန်ဖွင့်ဟဖြစ်တယ်ဆိုတာ သူ့ကိုသင်ဘယ်လောက်ယုံကြည်နေတယ်ဆိုတာ ပြသလိုက်တာပါပဲ။

၄။ အချိန်တိုင်းလိုလို သူ့လက်ကလည်း ကိုယ့်ဆီမှာ၊ ကိုယ်လက်ကလည်း သူ့ဆီမှာ ဖြစ်တတ်တဲ့အထိပဲ။

အထိအတွေ့ဟာ အရေးမကြီးဘူးဆိုပေမယ့် သူ့ပခုံးလေးကိုင်ထားတာ၊ သူက ကိုယ့်ပါးလေး လာဆွဲတာမျိုးတွေဟာ သမီးရည်းစားတွေရဲ့ ချစ်ခြင်းသင်္ကေတတွေပါ။ မရှိလို့ ဘယ်ဖြစ်မလဲ။

၅။ စိတ်လှုပ်ရှားစရာ၊ ပျော်ရွှင်စရာ ဘယ်ကိစ္စမဆို သူနဲ့အတူပဲ ဖြတ်သန်းချင်တယ်၊ ရင်ဆိုင်ချင်တယ်။

ခရီးတစ်ခုခုသွားတာမျိုး၊ စိတ်လှုပ်ရှားစရာ အခိုက်အတန့်အားလုံးသူနဲ့အတူ ကုန်ဆုံးချင်တာမျိုး စတာတွေဟာ သူနဲ့အတူ အသက်ကြီးတဲ့အထိ ဒီလိုအရာတွေနဲ့ ကုန်ဆုံးဖို့ ရည်ရွယ်ထားလို့ပေါ့။

၆။ ရန်ဖြစ်လိုက်ရင်လည်း သေချာညှိုနှိုင်းခြင်းနဲ့သာ အဆုံးသတ်ကြတယ်။

ချစ်သူနှစ်ဦး ရန်ဖြစ်တယ်ဆိုရင်လည်း အနိုင်၊ အရှုံးတစ်ဦးနဲ့တစ်ဦး ဖဲ့ဖို့၊ ပြောဆိုဖို့ထက် ညှိုနှိုင်းပြီးရှေ့ဆက်ဖို့သာ ဦးတည်ကြတယ်ဆိုရင် ဒါဟာ အတွဲဆယ်တွဲမှာ တစ်တွဲလောက်သာ လုပ်နိုင်တဲ့အလုပ်ကို သင်တို့လုပ်လိုက်တာပါပဲ။

၇။ တစ်ဦးမိသားစုကို တစ်ဦးက ချစ်မြတ်နိုးကြတယ်။

သာမာန်အားဖြင့် ချစ်သူကို ချစ်တယ်ဆိုရင်တောင် သူ့မိသားစုဝင်တွေကိုပါ မေတ္တာမထားတတ်ကြပါဘူး။ ဒီလိုမှမဟုတ်ပဲ သင်တို့နှစ်ဦးဟာ တစ်ဦးရဲ့မိသားစုဝင်တွေကိုတောင် တစ်ဦးက ချစ်ခင်တယ်၊ နှစ်လိုတယ်ဆိုရင် ဒါဟာ ဘယ်တော့မှ မပြတ်နိုင်တော့တဲ့ အတွဲတစ်တွဲဖြစ်လာမှာပါ။

၈။ တစ်ဦးရဲ့သူငယ်ချင်းကို တစ်ဦးက ခင်ကြတယ်။

ကိုယ့်သူငယ်ချင်း၊ သူ့သူငယ်ချင်းတွေနဲ့ပါ နှစ်ဦးစလုံးအဆင်ပြေဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး။ ဒီလိုမဟုတ်ဘဲ အားလုံးနဲ့ အဆင်ပြေခင်မင်နေပြီဆိုရင်တော့ ဒါဟာ သင်တို့အတွဲအတွက် ကောင်းမွန်တဲ့ အနာဂတ်ရှိနေပြီဆိုတာ သေချာစေတာပါပဲ။

၉။ ရေရှည်အတွက် စိတ်ကူး၊ စဉ်းစားဆုံးဖြတ်ချက်တွေ တူညီကြတယ်။

ဘယ်အချိန်ဘယ်လိုလေး၊ ဘာလုပ်ကြမယ်၊ ဘာတွေစီစဉ်ကြမယ်ဆိုတဲ့ အကြမ်းဖျင်းစီမံချက်တွေ တူညီနေကြတယ်ဆိုတာ နှစ်ဦးစလုံး တစ်ဦးနဲ့တစ်ဦး ဘယ်တော့မှ မခွဲဘူးဆိုတာ သက်သေပြတာပဲပေါ့။

၁၀။ တစ်ဦးကဘာပြောမလဲဆိုတာ တစ်ဦးကကြိုသိနေတတ်ကြတယ်။

တစ်ခါတစ်လေ သူပြောမယ့်စကားကို သူ့ဘာသာသူ ပြန်စဉ်းစားနေရချိန် ကိုယ်ကဝင်ပြီး အဆုံးသတ်ပေးလိုက်တာမျိုး ကြုံဖူးပါသလား။ သူပြောမယ့်အရာကိုတောင် ကိုယ်က ကြိုသိ၊ ကြိုတွေးတတ်နေခြင်းဟာ သင်တို့နှစ်ယောက်ရဲ့စိတ် ဘယ်လောက်နီးစပ်နေသလဲဆိုတာ ပြသနေတာပါ။

Credit: loveshop

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top