iMyanmarHouse.com - Best Property Website for Myanmar
×

ယခုႏွစ္ကဲ့သို႔ အေအး လြန္ကဲေသာ ေဆာင္းရာသီတြင္ အသားအေရ
ေျခာက္ေသြ႕ျခင္းမွာ မလြဲမေသြ ႀကံဳေတြ႕ရမည့္ ျပႆနာ တစ္ခု ျဖစ္သည္။

ေဆာင္းရာသီတြင္ အပူခ်ိန္ က်ဆင္းျခင္း၊ ေလထုထဲ၌ ေရေငြ႕ ပါ၀င္မႈ နည္းျခင္း၊ ေအးစက္ေသာ ေလျပင္းမ်ား တုိက္ခတ္ျခင္းတုိ႔က သင့္အသား အေရရဲ႕အဆီဓာတ္ကို ခန္းေျခာက္ေစၿပီး အသားအေရ ေျခာက္ေသြ႕ျခင္းကို ျဖစ္ပြား ေစပါသည္။ ထုိ႔ေၾကာင့္ အသားအေရ ေျခာက္ေသြ႕ျခင္း မျဖစ္ေစရန္

(၁) အသားအေရကို ေရဓာတ္ျပန္လည္ ျဖည့္တင္းေပးေသာ ပစၥည္းမ်ားသံုးပါ။

ထုိကဲ့သို႔ ေရဓာတ္ျပန္ ျဖည့္ေပးေသာ (moisturizer) မ်ားကို ေရြးရာ၌ ေရကို အေျခခံေသာ ပစၥည္းမ်ားထက္ အဆီကို အေျခခံေသာ moisturizerကို ပိုသံုး သင့္ပါသည္။ သို႔မွသာ ယင္းအဆီက သင့္ရဲ႕အေရျပားေပၚတြင္ အလႊာပါး တစ္ခု ျဖစ္ေပၚေစၿပီး ေရဓာတ္ဆံုး႐ံႈးမႈကို အျခား လိုးရွင္း ေတြထက္ ပိုေလ်ာ့ နည္းေစပါသည္။

(၂) ေရမ်ားမ်ားေသာက္ပါ။

ေဆာင္းတြင္း၌ အသားအေရ ေျခာက္ေသြ႕ျခင္းကို ကာကြယ္ရန္ တစ္ရက္ကို ေရတစ္ လီတာမွ ႏွစ္လီတာခန္႔ ေသာက္သံုး သင့္ပါသည္။ ထုိ႔အတူ အရည္ရႊမ္း ေသာအသီးမ်ား ျဖစ္သည့္ပန္းသီး၊ သခြားသီးကဲ့သု႔ိ အသီးမ်ားအား စားသံုးသင့္ ပါသည္။ ထုိအစာမ်ားက သင့္ရဲ႕အစာ စားခ်င္စိတ္ကို ထိန္းခ်ဳပ္ ေပးႏိုင္သည့္ အျပင္ သင့္အသား အေရကို တစ္ေနကုန္ ေရဓာတ္ျပည့္၀ ေနေစ ပါသည္။

(၃) ေနေရာင္ကာ ခရင္မ္သံုးပါ။

ေနေရာင္ကာ ခရင္မ္ကို ေႏြရာသီမွာပဲ သံုးရမည့္ ဆိုသည့္အေတြးကို ေခါင္းထဲက ထုတ္ပစ္ လုိက္ပါ။ ေဆာင္းရာသီ ေနေရာင္ ကလည္း သင့္အသား အေရကို ပ်က္စီး ေစႏုိင္ပါသည္။ ထုိ႔ေၾကာင့္ လမ္းမထြက္မီ ေနေရာင္ကာ ခရင္မ္ကို မ်က္ႏွာနဲ႔ အျခားေနေရာင္ႏွင့္ ထိေတြ႕သည့္ ေနရာမ်ားကို လိမ္းထား သင့္ပါသည္။ အကယ္၍ အခ်ိန္ၾကာၾကာေန မည္ဆိုလွ်င္ ထပ္မံလိမ္း သင့္ပါသည္။

(၄) ငါးမွရရိွေသာ အဆီေဆးမ်ားကို သံုးပါ။

ေလ့လာမႈ တစ္ခုအရ ငါးမွရေသာ အုိမီဂါ-၃ အဆီေဆးလံုးက အလြန္အကၽြံ ေျခာက္ေသြ႕ေနေသာ အသားအေရ ရွိသူမ်ားတြင္ပင္ ရက္သတၱပတ္ အနည္းငယ္အတြင္း အသားအေရကို ျပန္လည္ စိုျပည္ လာေၾကာင္း ေတြ႕ရသည္။

(၅) အလြန္ပူေသာ ေရမ်ားကုိ ေရွာင္ပါ။

ေဆာင္းရာသီတြင္ ေရေႏြးကို အသံုးျပဳျခင္းက အလြန္ဇိမ္ရွိ လွေသာ္လည္း ေဆာင္းရာသီမွာ ေရေႏြးကို သံုး၍ ေရခ်ိဳးျခင္း၊ မ်က္ႏွာသစ္ျခင္းကို မလုပ္ရပါ။ ဤကဲ့သို႔ လုပ္ျခင္းက မ်က္ႏွာရွိ ဆံျခည္မွ်င္ ေသြးေၾကာမ်ား ေပါက္ေစ၍ အဆီလႊာကို ပ်က္စီးေစျခင္း၊ ေရဓာတ္ဆံုး႐ံႈးမႈကို အလြန္အကၽြံ ျဖစ္ေစပါသည္။ ထုိ႔ေၾကာင့္ ဂ်ိဳဂ်ိဳဘား (သုိ႔မဟုတ္) ဗာဒံေစ့ဆီ အနည္းငယ္ခန္႔ကို ခ်ိဳးမည့္ ေရထဲသုိ႔ ထည့္ေပးျခင္းက ေဆာင္းရာသီမွာ သင့္အသား အေရကို အာဟာရ ျပည့္ေစမွာပါ။

(၆) သင့္ရဲ႕ ေျခာက္ေသြ႕ကဲြအက္ေနသည့္ ႏႈတ္ခမ္းမ်ားကို မလ်က္ပါႏွင့္။

ဤကဲ့သုိ႔ ျပဳလုပ္ျခင္းက သင့္ႏႈတ္ခမ္းကို ပိုေျခာက္ေစပါသည္။ ဤကဲ့သို႔ လ်က္မည့္အစား ႏႈတ္ခမ္းဆီ၊ လုိးရွင္း သုိ႔မဟုတ္ သံလြင္ဆီႏွင့္ ပ်ားရည္ အနည္းငယ္ ေရာၿပီး ႏႈတ္ခမ္းကို သုတ္ထား သင့္ပါသည္။

(၇) လက္မ်ားကုိ ဂ႐ုစုိက္ပါ။

အိပ္ရာ မ၀င္မီ လုိရွင္း တစ္မ်ိဳးမ်ိဳး သံုးၿပီး အိပ္သင့္ ပါသည္။

(၈) ေျခဖေနာင့္ကြဲျခင္းကို ဂ႐ုစုိက္ပါ။

ေဆာင္းရာသီတြင္ ေျခဖေနာင့္ ကြဲျခင္းက အလြန္နာက်င္သည့္ ေ၀ဒနာကို ခံစား ရႏုိင္ပါသည္။ ထုိနာက်င္ ေနျခင္းကို သက္သာေစရန္ ေရေႏြးေႏြးထဲတြင္ ေျခေထာက္ကို စိမ္ေပး သင့္ပါသည္။ ထို႔ေနာက္ ေျခေထာက္အား moisturizes (သုိ႔မဟုတ္) မာဆက္ခရင္မ္ တစ္မ်ိဳးမ်ိဳးအား လိမ္းေပးၿပီး ညင္သာစြာ ႏွိပ္နယ္ ေပးသင့္ပါသည္။ ေျခစြပ္ပြပြမ်ားနဲ႔ ဖိနပ္ ေခ်ာင္ေခ်ာင္မ်ားကို သံုးသင့္ပါသည္။

Credit:Health Updates Journal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ယခုနှစ်ကဲ့သို့ အအေး လွန်ကဲသော ဆောင်းရာသီတွင် အသားအရေ
ခြောက်သွေ့ခြင်းမှာ မလွဲမသွေ ကြုံတွေ့ရမည့် ပြဿနာ တစ်ခု ဖြစ်သည်။

ဆောင်းရာသီတွင် အပူချိန် ကျဆင်းခြင်း၊ လေထုထဲ၌ ရေငွေ့ ပါဝင်မှု နည်းခြင်း၊ အေးစက်သော လေပြင်းများ တိုက်ခတ်ခြင်းတို့က သင့်အသား အရေရဲ့အဆီဓာတ်ကို ခန်းခြောက်စေပြီး အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွား စေပါသည်။ ထို့ကြောင့် အသားအရေ ခြောက်သွေ့ခြင်း မဖြစ်စေရန်

(၁) အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသော ပစ္စည်းများသုံးပါ။

ထိုကဲ့သို့ ရေဓာတ်ပြန် ဖြည့်ပေးသော (moisturizer) များကို ရွေးရာ၌ ရေကို အခြေခံသော ပစ္စည်းများထက် အဆီကို အခြေခံသော moisturizerကို ပိုသုံး သင့်ပါသည်။ သို့မှသာ ယင်းအဆီက သင့်ရဲ့အရေပြားပေါ်တွင် အလွှာပါး တစ်ခု ဖြစ်ပေါ်စေပြီး ရေဓာတ်ဆုံးရှုံးမှုကို အခြား လိုးရှင်း တွေထက် ပိုလျော့ နည်းစေပါသည်။

(၂) ရေများများသောက်ပါ။

ဆောင်းတွင်း၌ အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ရန် တစ်ရက်ကို ရေတစ် လီတာမှ နှစ်လီတာခန့် သောက်သုံး သင့်ပါသည်။ ထို့အတူ အရည်ရွှမ်း သောအသီးများ ဖြစ်သည့်ပန်းသီး၊ သခွားသီးကဲ့သု့ိ အသီးများအား စားသုံးသင့် ပါသည်။ ထိုအစာများက သင့်ရဲ့အစာ စားချင်စိတ်ကို ထိန်းချုပ် ပေးနိုင်သည့် အပြင် သင့်အသား အရေကို တစ်နေကုန် ရေဓာတ်ပြည့်၀ နေစေ ပါသည်။

(၃) နေရောင်ကာ ခရင်မ်သုံးပါ။

နေရောင်ကာ ခရင်မ်ကို နွေရာသီမှာပဲ သုံးရမည့် ဆိုသည့်အတွေးကို ခေါင်းထဲက ထုတ်ပစ် လိုက်ပါ။ ဆောင်းရာသီ နေရောင် ကလည်း သင့်အသား အရေကို ပျက်စီး စေနိုင်ပါသည်။ ထို့ကြောင့် လမ်းမထွက်မီ နေရောင်ကာ ခရင်မ်ကို မျက်နှာနဲ့ အခြားနေရောင်နှင့် ထိတွေ့သည့် နေရာများကို လိမ်းထား သင့်ပါသည်။ အကယ်၍ အချိန်ကြာကြာနေ မည်ဆိုလျှင် ထပ်မံလိမ်း သင့်ပါသည်။

(၄) ငါးမှရရှိသော အဆီဆေးများကို သုံးပါ။

လေ့လာမှု တစ်ခုအရ ငါးမှရသော အိုမီဂါ-၃ အဆီဆေးလုံးက အလွန်အကျွံ ခြောက်သွေ့နေသော အသားအရေ ရှိသူများတွင်ပင် ရက်သတ္တပတ် အနည်းငယ်အတွင်း အသားအရေကို ပြန်လည် စိုပြည် လာကြောင်း တွေ့ရသည်။

(၅) အလွန်ပူသော ရေများကို ရှောင်ပါ။

ဆောင်းရာသီတွင် ရေနွေးကို အသုံးပြုခြင်းက အလွန်ဇိမ်ရှိ လှသော်လည်း ဆောင်းရာသီမှာ ရေနွေးကို သုံး၍ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်းကို မလုပ်ရပါ။ ဤကဲ့သို့ လုပ်ခြင်းက မျက်နှာရှိ ဆံခြည်မျှင် သွေးကြောများ ပေါက်စေ၍ အဆီလွှာကို ပျက်စီးစေခြင်း၊ ရေဓာတ်ဆုံးရှုံးမှုကို အလွန်အကျွံ ဖြစ်စေပါသည်။ ထို့ကြောင့် ဂျိုဂျိုဘား (သို့မဟုတ်) ဗာဒံစေ့ဆီ အနည်းငယ်ခန့်ကို ချိုးမည့် ရေထဲသို့ ထည့်ပေးခြင်းက ဆောင်းရာသီမှာ သင့်အသား အရေကို အာဟာရ ပြည့်စေမှာပါ။

(၆) သင့်ရဲ့ ခြောက်သွေ့ကွဲအက်နေသည့် နှုတ်ခမ်းများကို မလျက်ပါနှင့်။

ဤကဲ့သို့ ပြုလုပ်ခြင်းက သင့်နှုတ်ခမ်းကို ပိုခြောက်စေပါသည်။ ဤကဲ့သို့ လျက်မည့်အစား နှုတ်ခမ်းဆီ၊ လိုးရှင်း သို့မဟုတ် သံလွင်ဆီနှင့် ပျားရည် အနည်းငယ် ရောပြီး နှုတ်ခမ်းကို သုတ်ထား သင့်ပါသည်။

(၇) လက်များကို ဂရုစိုက်ပါ။

အိပ်ရာ မဝင်မီ လိုရှင်း တစ်မျိုးမျိုး သုံးပြီး အိပ်သင့် ပါသည်။

(၈) ခြေဖနောင့်ကွဲခြင်းကို ဂရုစိုက်ပါ။

ဆောင်းရာသီတွင် ခြေဖနောင့် ကွဲခြင်းက အလွန်နာကျင်သည့် ဝေဒနာကို ခံစား ရနိုင်ပါသည်။ ထိုနာကျင် နေခြင်းကို သက်သာစေရန် ရေနွေးနွေးထဲတွင် ခြေထောက်ကို စိမ်ပေး သင့်ပါသည်။ ထို့နောက် ခြေထောက်အား moisturizes (သို့မဟုတ်) မာဆက်ခရင်မ် တစ်မျိုးမျိုးအား လိမ်းပေးပြီး ညင်သာစွာ နှိပ်နယ် ပေးသင့်ပါသည်။ ခြေစွပ်ပွပွများနဲ့ ဖိနပ် ချောင်ချောင်များကို သုံးသင့်ပါသည်။

Credit:Health Updates Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top