iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ စာဖတ္သူေတြထဲမွာ ခရီးသြား ဝါသနာပါတ့ဲသူေတြရွိၾကလားရွင့္။

ဒီဇင္ဘာလမွာ ပိတ္ရက္ေတြကလည္း မ်ားေတာ့ အားလပ္ရက္မွာ ခရီးသြားၾကမယ့္သူေတြအတြက္ ျပင္ဦးလြင္ ပန္းပြဲေတာ္ကို သြားေရာက္လည္ပတ္ဖို႔ ေျပာလိုက္ပါရေစေနာ္။

ပန္းၿမိဳ႕ေတာ္လို႔ တင္စားၾကတဲ့ ျပင္ဦးလြင္ၿမိဳ႕ရဲ႕ ႏွစ္စဥ္က်င္းပၿမဲ ပန္းပြဲေတာ္ကို ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္ေန႔ကေန စတင္လို႔ က်င္းပေနၿပီျဖစ္ပါတယ္။

ေအးျမတဲ့ ရာသီဥတုကို ပိုင္ဆိုင္ထားတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့အျပင္ ပန္းဥယ်ဥ္ေတြ စံုစံုလင္လင္နဲ႕မို႕ ပန္းၿမိဳ႕ေတာ္လို႔ တင္စားၾကတဲ့ ျပင္ဦးလြင္ကို တခ်ိန္က ေမၿမိဳ႕လို႔ ေခၚဆိုခဲ့ၾကတာပါ။

ပန္းပြဲေတာ္ဆိုတဲ့အတိုင္း ေရာင္ေသြးစံုလင္တဲ့ ပန္းမ်ိဳးစံု အလွဆင္ထားတဲ့ ကန္ေတာ္ႀကီးဥယ်ာဥ္ႀကီးက လာသမွ် ဧည့္သည္ေတြကို ေအးခ်မ္းစြာႀကိဳဆိုလို႔ေနပါတယ္။

ပန္းေတြကေတာ့ အစံုပါပဲ။ ပန္းအႏုပညာရွင္ေတြကလည္း ပန္းပြဲေတာ္မွာ လက္စြမ္းျပလို႔ ပန္းနဲ႔ အလွဆင္ထားတဲ့ လိပ္ျပာပံုေတြ၊ အလွံပံုေတြ၊ လွည္းရထားပံုေတြ၊ ပန္းေတြနဲ႔ အလွဆင္ထားတဲ့ မုဒ္ဦးေတြ အရမ္းကိုလွပလြန္းတဲ့ ပန္းေတြကို ၾကည့္ရႈ႕ခဲ့ရတာမို႕ တကယ္ကို တန္တဲ့ သြားသင့္တဲ့ ပြဲေတာ္ေလးတစ္ခုျဖစ္ပါတယ္။

ပထမဆံုးရက္ဆိုေတာ့ ကန္ေတာ္ႀကီးဥယ်ာဥ္ထဲမွာ တခ်ိဳ႕ မပြင့္ေသးတဲ့ ပန္းေတြလည္းရွိပါေသးတယ္။ စာေရးသူကေတာ့ လကုန္ရက္ပိုင္းသြားရင္ ပိုၿပီး လွမယ္လို႔ ခံစားရပါတယ္။ ပန္းပြဲေတာ္လာရင္းေစ်းဝယ္ခ်င္တဲ့သူေတြအတြက္လည္း ပြဲေတာ္မွာ ဆိုင္ခန္းေလးေတြ ဖြင့္လွစ္ေပးထားတာ ေတြ႕ရပါတယ္။

စာေရးသူတို႔ သြားျဖစ္တာ ဖြင့္ပြဲရက္ဆိုေပမယ့္ လူေတြက ႀကိတ္ႀကိတ္တိုးပါပဲ။ ဓာတ္ပံုေတာင္ မနည္းရိုက္ယူခဲ့ရပါတယ္။

ပန္းပြဲေတာ္ရဲ႕ ဂီတေဖ်ာ္ေျဖပြဲကိုေတာ့ ဒီဇင္ဘာလ ၂၄ ရက္ေန႔နဲ႔ ၂၅ ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ပါတယ္။

စာေရးသူတို႔က ျပင္ဦးလြင္ပန္းပြဲေတာ္မစခင္ တစ္ရက္ႀကိဳၿပီး ျပင္ဦးလြင္သြားခဲ့ၿပီးေတာ့ ၿမိဳ႕အႏွံ႕ေလွ်ာက္လည္ခဲ့ပါတယ္။

ျပင္ဦးလြင္ၿမိဳ႕ရဲ႕ အထင္ကရေနရာေတြျဖစ္တဲ့ ပိတ္ခ်င္းေျမာင္လိႈဏ္ဂူ၊ ဒီဇင္ဘာၿခံ၊ မဟာအံ့ထူးကံသာဘုရား၊ ပြဲေကာက္ေရတံခြန္၊ တရုတ္ဘံုေက်ာင္းေတြကို သြားေရာက္လည္ပတ္ခဲ့သလို၊ အိမ္အျပန္အတြက္လည္း လက္ေဆာင္ေတြအမ်ားႀကီးဝယ္ျဖစ္ခဲ့ပါတယ္။

အဲဒီေန႔ည တစ္ရက္ ျပင္ဦးလြင္မွာအိပ္ျဖစ္ခဲ့ၿပီး ေနာက္ေန႔ေတာ့ ပန္းပြဲေတာ္ဝင္လည္ခဲ့ပါတယ္။ ပန္းပြဲေတာ္လည္ပတ္ၿပီးတာနဲ႔ မႏၱေလးၿမိဳ႕ကို ခ်ီတက္ခဲ့ၾကၿပီး မႏၱေလးၿမိဳ႕ရွိ အထင္ကရ ေနရာေတြကို သြားေရာက္ခဲ့ပါတယ္။

စာဖတ္သူတို႔လည္း ေအးခ်မ္းတဲ့ ျပင္ဦးလြင္ၿမိဳ႕ရဲ႕ အလွကို ခံစားရင္ ပန္းပြဲေတာ္နဲ႔အတူ ျပင္ဦးလြင္ၿမိဳ႕အႏွံ႕၊ မႏၱေလးၿမိဳ႕အႏွံ႔ကို သြားေရာက္လည္ပတ္လို႔ရပါတယ္ေနာ္။ ပန္းပြဲေတာ္ကေတာ့ ဒီဇင္ဘာလကုန္ထိ ရွိေနဦးမွာျဖစ္ပါတယ္။

အခုပံုေတြကေတာ့ ျပင္ဦးလြင္ပန္းပြဲေတာ္က ပံုေတြပဲ တင္ေပးလိုက္ပါတယ္ေနာ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာပါနော်။ စာဖတ်သူတွေထဲမှာ ခရီးသွား ဝါသနာပါတဲ့သူတွေရှိကြလားရှင့်။

ဒီဇင်ဘာလမှာ ပိတ်ရက်တွေကလည်း များတော့ အားလပ်ရက်မှာ ခရီးသွားကြမယ့်သူတွေအတွက် ပြင်ဦးလွင် ပန်းပွဲတော်ကို သွားရောက်လည်ပတ်ဖို့ ပြောလိုက်ပါရစေနော်။

ပန်းမြို့တော်လို့ တင်စားကြတဲ့ ပြင်ဦးလွင်မြို့ရဲ့ နှစ်စဉ်ကျင်းပမြဲ ပန်းပွဲတော်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ စတင်လို့ ကျင်းပနေပြီဖြစ်ပါတယ်။

အေးမြတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ မြို့တစ်မြို့ဖြစ်တဲ့အပြင် ပန်းဥယျဉ်တွေ စုံစုံလင်လင်နဲ့မို့ ပန်းမြို့တော်လို့ တင်စားကြတဲ့ ပြင်ဦးလွင်ကို တချိန်က မေမြို့လို့ ခေါ်ဆိုခဲ့ကြတာပါ။

ပန်းပွဲတော်ဆိုတဲ့အတိုင်း ရောင်သွေးစုံလင်တဲ့ ပန်းမျိုးစုံ အလှဆင်ထားတဲ့ ကန်တော်ကြီးဥယျာဉ်ကြီးက လာသမျှ ဧည့်သည်တွေကို အေးချမ်းစွာကြိုဆိုလို့နေပါတယ်။

ပန်းတွေကတော့ အစုံပါပဲ။ ပန်းအနုပညာရှင်တွေကလည်း ပန်းပွဲတော်မှာ လက်စွမ်းပြလို့ ပန်းနဲ့ အလှဆင်ထားတဲ့ လိပ်ပြာပုံတွေ၊ အလှံပုံတွေ၊ လှည်းရထားပုံတွေ၊ ပန်းတွေနဲ့ အလှဆင်ထားတဲ့ မုဒ်ဦးတွေ အရမ်းကိုလှပလွန်းတဲ့ ပန်းတွေကို ကြည့်ရှု့ခဲ့ရတာမို့ တကယ်ကို တန်တဲ့ သွားသင့်တဲ့ ပွဲတော်လေးတစ်ခုဖြစ်ပါတယ်။

ပထမဆုံးရက်ဆိုတော့ ကန်တော်ကြီးဥယျာဉ်ထဲမှာ တချို့ မပွင့်သေးတဲ့ ပန်းတွေလည်းရှိပါသေးတယ်။ စာရေးသူကတော့ လကုန်ရက်ပိုင်းသွားရင် ပိုပြီး လှမယ်လို့ ခံစားရပါတယ်။ ပန်းပွဲတော်လာရင်းဈေးဝယ်ချင်တဲ့သူတွေအတွက်လည်း ပွဲတော်မှာ ဆိုင်ခန်းလေးတွေ ဖွင့်လှစ်ပေးထားတာ တွေ့ရပါတယ်။

စာရေးသူတို့ သွားဖြစ်တာ ဖွင့်ပွဲရက်ဆိုပေမယ့် လူတွေက ကြိတ်ကြိတ်တိုးပါပဲ။ ဓာတ်ပုံတောင် မနည်းရိုက်ယူခဲ့ရပါတယ်။

ပန်းပွဲတော်ရဲ့ ဂီတဖျော်ဖြေပွဲကိုတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

စာရေးသူတို့က ပြင်ဦးလွင်ပန်းပွဲတော်မစခင် တစ်ရက်ကြိုပြီး ပြင်ဦးလွင်သွားခဲ့ပြီးတော့ မြို့အနှံ့လျှောက်လည်ခဲ့ပါတယ်။

ပြင်ဦးလွင်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ပိတ်ချင်းမြောင်လှိုဏ်ဂူ၊ ဒီဇင်ဘာခြံ၊ မဟာအံ့ထူးကံသာဘုရား၊ ပွဲကောက်ရေတံခွန်၊ တရုတ်ဘုံကျောင်းတွေကို သွားရောက်လည်ပတ်ခဲ့သလို၊ အိမ်အပြန်အတွက်လည်း လက်ဆောင်တွေအများကြီးဝယ်ဖြစ်ခဲ့ပါတယ်။

အဲဒီနေ့ည တစ်ရက် ပြင်ဦးလွင်မှာအိပ်ဖြစ်ခဲ့ပြီး နောက်နေ့တော့ ပန်းပွဲတော်ဝင်လည်ခဲ့ပါတယ်။ ပန်းပွဲတော်လည်ပတ်ပြီးတာနဲ့ မန္တလေးမြို့ကို ချီတက်ခဲ့ကြပြီး မန္တလေးမြို့ရှိ အထင်ကရ နေရာတွေကို သွားရောက်ခဲ့ပါတယ်။

စာဖတ်သူတို့လည်း အေးချမ်းတဲ့ ပြင်ဦးလွင်မြို့ရဲ့ အလှကို ခံစားရင် ပန်းပွဲတော်နဲ့အတူ ပြင်ဦးလွင်မြို့အနှံ့၊ မန္တလေးမြို့အနှံ့ကို သွားရောက်လည်ပတ်လို့ရပါတယ်နော်။ ပန်းပွဲတော်ကတော့ ဒီဇင်ဘာလကုန်ထိ ရှိနေဦးမှာဖြစ်ပါတယ်။

အခုပုံတွေကတော့ ပြင်ဦးလွင်ပန်းပွဲတော်က ပုံတွေပဲ တင်ပေးလိုက်ပါတယ်နော်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top