iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ အကယ္ဒမီ ေနတုိးကေတာ့ ၂၀၁၇ ခုႏွစ္အတြင္း ရုံတင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားေတြကလည္း အမ်ားႀကီးျဖစ္သလုိ၊ ရုိက္ကူးေနရ တဲ့ ရုပ္ရွင္ဇာတ္ကားေတြကလည္း အမ်ားႀကီးရွိတာေၾကာင့္ ပရိသတ္ေတြကုိ ထူးထူးျခားျခားအႏုပညာေတြ တင္ျပခြင့္ရတဲ့ ႏွစ္ျဖစ္တယ္လုိ႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' အဓိက ကေတာ့ ကုိယ္ေတြအေနနဲ႔ဆုိရင္ အႏုပညာလႈပ္ရွားမႈေတြ ထူးထူးျခားျခားတင္ျပခြင့္ရတဲ့ႏွစ္ေပါ့ေနာ္။ ကံေကာင္းျခင္း၊ ကံမေကာင္း ျခင္း ဆုိတာထက္ပရိသတ္ဆီကုိ ေရာက္သြားတဲ့အႏုပညာတစ္ခု၊ ပရိသတ္ဆီက ၾကားရတဲ့ တခ်ဳိ႕ Comment ေလးေတြ Result ေလးေတြက ေတာ္ေတာ္ေလးလည္း ပီတိျဖစ္စရာေကာင္းပါတယ္။ ကၽြန္ေတာ့္အတြက္ ပရိသတ္ဆီက အင္အားေတြရတဲ့ႏွစ္ေပါ့'' လုိ႔ သူကဆုိပါတယ္။

၂၀၁၈ ခုႏွစ္မွာလည္း အႏုပညာလႈပ္ရွားမႈေတြကုိ စနစ္တက်နဲ႔ ပုိၿပီးေတာ့ ေသသပ္မႈရွိေအာင္ ႀကိဳးစားမယ္လုိ႔ေျပာပါတယ္။

'' ၂၀၁၈ မွာလည္း ကၽြန္ေတာ္သြားခ်င္တဲ့ ပုံစံကေတာ့ ႏွစ္တုိင္းႏွစ္တုိင္းကေတာ့ အတူတူပါပဲ။ ဒါေပမယ့္ ပုိၿပီးေတာ့ စနစ္က်ၿပီး ပုိၿပီးေတာ့ ေသေသသပ္သပ္ျဖစ္ေအာင္ေတာ့ ကၽြန္ေတာ္ႀကိဳးစားေနပါတယ္။ ကုိယ္တုိင္လုပ္ေနတဲ့ Studio ေလးကေတာ့ အခုဆုိရင္ ၈၀ ရာခုိင္ႏႈန္း ေလာက္ ၿပီးေနပါၿပီ'' လုိ႔ ဆုိပါတယ္။

အကယ္ဒမီေနတုိးကေတာ့ အခုလက္ရွိအႏုပညာလႈပ္ရွားမႈအေနနဲ႔ ဗစ္တုိးရီးယားရုပ္ရွင္ထုတ္လုပ္ေရးနဲ႔အတူ မီ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္ သရုပ္ေဆာင္ေနတယ္လုိ႔ ဆုိပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးမွာ ကုိေသာ္ေဆြ ကာရုိက္တာအျဖစ္ ပါဝင္ထားတယ္လုိ႔ သိရပါတယ္။

photo: Nay Toe Facebook
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
သရုပ်ဆောင် အကယ်ဒမီ နေတိုးကတော့ ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း အများကြီးဖြစ်သလို၊ ရိုက်ကူးနေရ တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း အများကြီးရှိတာကြောင့် ပရိသတ်တွေကို ထူးထူးခြားခြားအနုပညာတွေ တင်ပြခွင့်ရတဲ့ နှစ်ဖြစ်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' အဓိက ကတော့ ကိုယ်တွေအနေနဲ့ဆိုရင် အနုပညာလှုပ်ရှားမှုတွေ ထူးထူးခြားခြားတင်ပြခွင့်ရတဲ့နှစ်ပေါ့နော်။ ကံကောင်းခြင်း၊ ကံမကောင်း ခြင်း ဆိုတာထက်ပရိသတ်ဆီကို ရောက်သွားတဲ့အနုပညာတစ်ခု၊ ပရိသတ်ဆီက ကြားရတဲ့ တချို့ Comment လေးတွေ Result လေးတွေက တော်တော်လေးလည်း ပီတိဖြစ်စရာကောင်းပါတယ်။ ကျွန်တော့်အတွက် ပရိသတ်ဆီက အင်အားတွေရတဲ့နှစ်ပေါ့'' လို့ သူကဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာလည်း အနုပညာလှုပ်ရှားမှုတွေကို စနစ်တကျနဲ့ ပိုပြီးတော့ သေသပ်မှုရှိအောင် ကြိုးစားမယ်လို့ပြောပါတယ်။

'' ၂၀၁၈ မှာလည်း ကျွန်တော်သွားချင်တဲ့ ပုံစံကတော့ နှစ်တိုင်းနှစ်တိုင်းကတော့ အတူတူပါပဲ။ ဒါပေမယ့် ပိုပြီးတော့ စနစ်ကျပြီး ပိုပြီးတော့ သေသေသပ်သပ်ဖြစ်အောင်တော့ ကျွန်တော်ကြိုးစားနေပါတယ်။ ကိုယ်တိုင်လုပ်နေတဲ့ Studio လေးကတော့ အခုဆိုရင် ၈၀ ရာခိုင်နှုန်း လောက် ပြီးနေပါပြီ'' လို့ ဆိုပါတယ်။

အကယ်ဒမီနေတိုးကတော့ အခုလက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ မီ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုသော်ဆွေ ကာရိုက်တာအဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။

photo: Nay Toe Facebook

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top