iMyanmarHouse.com - Best Property Website for Myanmar
×
၁။ မျိုးရိုးလိုက်တာ
၃။ စိတ်ဖိစီးမှု
ရှားစောင်းလက်ပက်
ပါဝင်ပစ္စည်း
သံပုယိုသီး
ပြုလုပ်နည်း
Credit : MyStyle
ခေါင်းလျှော်ပြီးပေမဲ့ ၁ ရက် ၂ ရက်တောင်မကြာဘဲ အဆီပြန်တတ်တဲ့သူတွေရှိပါတယ်။ အဲလိုအဆီပြန်နေရင် လူကြားထဲသွားရတာ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိသလို သွားခါနီးလာခါနီးမှ ခေါင်းပြေးလျှော်ရတာလည်း အမောပါပဲ။ အဆီပြန်ရင် ဗောက်ဖြစ်ပြီး ဦးရေးပြားယားယံတာ ဆံပင်ဖီးရခက်တာ ဆံပင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဘယ်လိုဖြေရှင်းကြမလဲ။
အဆီပြန်ရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။
၁။ မျိုးရိုးလိုက်တာ
၂။ အမျိုးသမီးရာသီစက်ဝန်းကြောင့်ဟော်မုန်းအတက်အကျဖြစ်တာ၊ သန္ဓေတားဆေးသုံးစွဲတာ
၃။ စိတ်ဖိစီးမှု
၄။ အဆီများတဲ့ အစားအစာအလွန်အကျွံစားသုံးတာ
၅။ ဆံပင်ကိုထိန်းသိမ်းစောင့်ရှောက်မှုအားနည်းတာတွေကြောင်ဖြစ်ပါတယ်။
ရှားစောင်းလက်ပက်
ဆံပင်အဆီပြန်တာတွေအတွက် အကောင်းဆုံး ကုထုံးတစ်ခုကတော့ ရှားစောင်းလက်ပက်ပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပက်ကို ခေါင်းလျှော်ရည်ထဲမျာ ထည့်ပြီးလျှော်ရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
ရှားစောင်းလက်ပက်အနှစ်
သံပုယိုသီး
ပြုလုပ်နည်း
ခေါင်းလျှော်ရည်ကို ခွက်တစ်လုံးထဲထည့်ပြီး သံပုယိုသီး စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရှားစောင်းလက်ပက် အနှစ်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပါ။
မိမိဆံပင်နဲ့ သင့်တော်တဲ့ ပမာဏလောက် လုပ်ပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်လိမ်းပေးတာ မိနစ် အနည်းငယ်လောက်ထားပါ။
ပြီးရင်ခေါင်းလျှော်ချပါ။
ဒီနည်းလမ်းလေးအတိုင်း နေ့တိုင်းပြုလုပ်ပေးနိုင်ပါတယ်။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top