iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔လံုး အလုပ္စားပြဲမွာထုိင္ရင္းနဲ႔ တစ္ေန႔တစ္ျခား ဝိတ္ ေတြလည္းတက္လာလိုက္တာ ဗိုက္ေခါက္ေတာင္ ထြက္လာၿပီ။ ဘာမွလည္း သိပ္မစားရပါဘဲ တက္လိုက္တဲ့ဝိတ္က မရပ္ေတာ့ဘူး။ အခ်ိန္ၾကာၾကာထိုင္ၿပီး ကိုယ္လက္လႈပ္ရွားမႈ နည္းသူေတြဟာ ဆီးခ်ိဳေရာဂါျဖစ္ႏုိင္ေျခလည္း မ်ားေနပါေသးတယ္။ အထိုင္မ်ားတဲ့အလုပ္ကို လုပ္ေနရသူေတြ ဝိတ္က်ဖို႔အတြက္ဆို ဒါေတြကို လိုက္နာသင့္ပါတယ္။

၁။ ဒါေတြကို ဖယ္႐ွားလိုက္ေတာ့

အံဆြဲထဲက၊ စားပြဲေပၚက သြားေရစာ ဆီေၾကာ္မုန္႔ေတြ၊ အာလူးေၾကာ္ေတြကို မထားပါနဲ႔ေတာ့။ ထုိင္ေနရင္းနဲ႔ မဆာဘဲ စားမိရာက ဝိတ္တက္လာရပါတယ္။ Diet soda ကို ေသာက္ရင္ ဝိတ္မတက္ဘူးလို႔ ထင္ေနတာလား။ Diet soda/cola စတာေတြက တကယ္တမ္းေတာ့ ဝိတ္က်ဖုိ႔အေထာက္အကူမျဖစ္ပါဘူး။ က်န္းမာေရးနဲ႔လည္း မညီညြတ္တာမို႔ အနားမွာေဆာင္ထားၿပီး ေသာက္ခ်င္သလိုေသာက္ေနတာကို ျဖတ္လိုက္ပါ။ အိပ္ေရးမဝလို႔ ၊ ေခါင္းမၾကည္လို႔ ခြန္အားျဖည့္ အခ်ိဳရည္ေတြကိုလည္း ေသာက္ေနမိပါတယ္။ ခြန္အားျဖည့္ အခ်ိဳရည္ေတြဟာ သၾကားဓာတ္နဲ႔ ကဖင္းဓာတ္ ျမင့္မားစြာ ပါဝင္ေနလို႔ သင့္ကို ဝိတ္တက္ေစမယ့္အျပင္ ႏွလံုးကိုလည္း ထိခိုက္ေစပါတယ္။

၂။ ဒါေတြနဲ႔ အစားထိုးပါ

ေန႔လယ္ ၂ နာရီေလာက္ဆို လူက ငိုက္ခ်င္လာၿပီ။ ေကာ္ဖီေလးေသာက္လိုက္ရမွ။ Black Coffee (ဘာမွထပ္ျဖည့္မထားတဲ့ ေကာ္ဖီ)ဆုိရင္ေတာ့ ေကာင္းတာေပါ့။ သၾကားေတြထည့္၊ ႏို႔မႈန္႔ေတြထည့္နဲ႔ ေကာ္ဖီေသာက္ရင္း ဝိတ္က တက္လာရပါတယ္။ အိပ္ခ်င္ေျပေအာင္ ကဖင္းဓာတ္ကိုစားသံုးခ်င္ရင္ ေရေႏြးၾကမ္းေသာက္ၾကည့္ပါ။ ေရေႏြးၾကမ္းကလည္း အိပ္ငိုက္ေျပေစပါတယ္။ သံပရာသီးေလးညႇစ္ေသာက္တာ၊ ပ်ားရည္ေလးထည့္ေသာက္တာမ်ိဳး လုပ္ႏိုင္ပါတယ္။ အခ်ိဳဓာတ္ထပ္ျဖည့္စရာမလိုေတာ့ ဝိတ္မတက္ေတာ့ဘူးေလ။

၃။ ဘာေတြစားမလဲ

သြားေရစာေလးေတြကို စားပြဲထဲမွာထည့္ထားေတာ့ ဗိုက္ဆာလာရင္ ထစားစရာမလိုဘဲ ႐ွိတာေလးေကာက္စားၿပီး အလုပ္ဆက္လုပ္ႏုိင္တယ္။ ဒါေပမဲ့ က်န္းမာေရးနဲ႔ညီညြတ္ၿပီး ကိုယ့္ကို ဝိတ္မတက္ေစတဲ့ သြားေရစာမ်ိဳးကိုေတာ့ ေရြးရမွာေပါ့။ ေခ်ာကလက္နက္၊ အယ္လ္မြန္ေစ့၊ သစ္သီးစံုတုိ႔လိုမ်ိဳး ဝိတ္မတက္ဘဲ စိတ္ခံစားခ်က္ေကာင္းေနေစမယ့္ သြားေရစာေလးေတြကို ေရြးႏုိင္ပါတယ္။ ဗိုက္မဆာဘဲ စားခ်င္ဝါးခ်င္ေနတဲ့စိတ္ကို ေျပေပ်ာက္ဖုိ႔က ပီေကေလးဝါးေပးေပါ့။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နေ့လုံး အလုပ်စားပွဲမှာထိုင်ရင်းနဲ့ တစ်နေ့တစ်ခြား ဝိတ် တွေလည်းတက်လာလိုက်တာ ဗိုက်ခေါက်တောင် ထွက်လာပြီ။ ဘာမှလည်း သိပ်မစားရပါဘဲ တက်လိုက်တဲ့ဝိတ်က မရပ်တော့ဘူး။ အချိန်ကြာကြာထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း များနေပါသေးတယ်။ အထိုင်များတဲ့အလုပ်ကို လုပ်နေရသူတွေ ဝိတ်ကျဖို့အတွက်ဆို ဒါတွေကို လိုက်နာသင့်ပါတယ်။

၁။ ဒါတွေကို ဖယ်ရှားလိုက်တော့

အံဆွဲထဲက၊ စားပွဲပေါ်က သွားရေစာ ဆီကြော်မုန့်တွေ၊ အာလူးကြော်တွေကို မထားပါနဲ့တော့။ ထိုင်နေရင်းနဲ့ မဆာဘဲ စားမိရာက ဝိတ်တက်လာရပါတယ်။ Diet soda ကို သောက်ရင် ဝိတ်မတက်ဘူးလို့ ထင်နေတာလား။ Diet soda/cola စတာတွေက တကယ်တမ်းတော့ ဝိတ်ကျဖို့အထောက်အကူမဖြစ်ပါဘူး။ ကျန်းမာရေးနဲ့လည်း မညီညွတ်တာမို့ အနားမှာဆောင်ထားပြီး သောက်ချင်သလိုသောက်နေတာကို ဖြတ်လိုက်ပါ။ အိပ်ရေးမဝလို့ ၊ ခေါင်းမကြည်လို့ ခွန်အားဖြည့် အချိုရည်တွေကိုလည်း သောက်နေမိပါတယ်။ ခွန်အားဖြည့် အချိုရည်တွေဟာ သကြားဓာတ်နဲ့ ကဖင်းဓာတ် မြင့်မားစွာ ပါဝင်နေလို့ သင့်ကို ဝိတ်တက်စေမယ့်အပြင် နှလုံးကိုလည်း ထိခိုက်စေပါတယ်။

၂။ ဒါတွေနဲ့ အစားထိုးပါ

နေ့လယ် ၂ နာရီလောက်ဆို လူက ငိုက်ချင်လာပြီ။ ကော်ဖီလေးသောက်လိုက်ရမှ။ Black Coffee (ဘာမှထပ်ဖြည့်မထားတဲ့ ကော်ဖီ)ဆိုရင်တော့ ကောင်းတာပေါ့။ သကြားတွေထည့်၊ နို့မှုန့်တွေထည့်နဲ့ ကော်ဖီသောက်ရင်း ဝိတ်က တက်လာရပါတယ်။ အိပ်ချင်ပြေအောင် ကဖင်းဓာတ်ကိုစားသုံးချင်ရင် ရေနွေးကြမ်းသောက်ကြည့်ပါ။ ရေနွေးကြမ်းကလည်း အိပ်ငိုက်ပြေစေပါတယ်။ သံပရာသီးလေးညှစ်သောက်တာ၊ ပျားရည်လေးထည့်သောက်တာမျိုး လုပ်နိုင်ပါတယ်။ အချိုဓာတ်ထပ်ဖြည့်စရာမလိုတော့ ဝိတ်မတက်တော့ဘူးလေ။

၃။ ဘာတွေစားမလဲ

သွားရေစာလေးတွေကို စားပွဲထဲမှာထည့်ထားတော့ ဗိုက်ဆာလာရင် ထစားစရာမလိုဘဲ ရှိတာလေးကောက်စားပြီး အလုပ်ဆက်လုပ်နိုင်တယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ့်ကို ဝိတ်မတက်စေတဲ့ သွားရေစာမျိုးကိုတော့ ရွေးရမှာပေါ့။ ချောကလက်နက်၊ အယ်လ်မွန်စေ့၊ သစ်သီးစုံတို့လိုမျိုး ဝိတ်မတက်ဘဲ စိတ်ခံစားချက်ကောင်းနေစေမယ့် သွားရေစာလေးတွေကို ရွေးနိုင်ပါတယ်။ ဗိုက်မဆာဘဲ စားချင်ဝါးချင်နေတဲ့စိတ်ကို ပြေပျောက်ဖို့က ပီကေလေးဝါးပေးပေါ့။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top